ရှယ်ရွန်တိတ်
Sharon Tate | |
---|---|
![]() Publicity photo of Tate in Valley of the Dolls, 1967. | |
မွေးဖွား | Sharon Marie Tate ဇန်နဝါရီ ၂၄၊ ၁၉၄၃ Dallas, Texas, U.S. |
ကွယ်လွန် | ဩဂုတ် ၉၊ ၁၉၆၉ Benedict Canyon, Los Angeles, California, U.S. | (အသက် ၂၆)
သေဆုံးရခြင်း အကြောင်းရင်း | ထိုးသွင်းဒဏ်ရာများ |
ထာဝရ နားခိုရာနေရာ | Holy Cross Cemetery, Culver City 33°59′26″N 118°23′16″W / 33.99056°N 118.38778°W |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၆၁–၁၉၆၉ |
အိမ်ထောင်ဖက်(များ) | Roman Polanski (m. 1968) |
မိဘများ |
|
ဝက်ဘ်ဆိုဒ် | sharontate.net |
လက်မှတ် | |
![]() |
ရှယ်ရွန်မာရီတိတ်ပိုလန်စကီး (အင်္ဂလိပ်: Sharon Marie Tate Polanski; ၁၉၄၃ ဇန်နဝါရီ ၂၄ - ၁၉၆၉ ဩဂုတ် ၉) မှာ အမေရိကန် ရုပ်ရှင်မင်းသမီး နှင့် ကိုယ်ဟန်ပြမယ် တစ်ဦးဖြစ်သည်။ ရုပ်ရှင်ကားများ၌ သရုပ်မဆောင်ခင်က ၁၉၆၀ ခုနှစ်များအတွင်း ရုပ်မြင်သံကြား အခန်းအနည်းငယ်သာပါဝင်သော ဇာတ်ကောင်နေရာများတွင် သရုပ်ဆောင်ခဲ့ပြီး ကိုယ်ဟန်ပြမယ်နှင့် မျက်နှာဖုံးရှင်အဖြစ် ဖက်ရှင်မဂ္ဂဇင်းများတွင် ပုံမှန်ထည့်သွင်းဖော်ပြခံရသည်။ ဟာသနှင့် ဒရမ်မာ သရုပ်ဆောင်မှုစွမ်းရည်အပေါ် အပြုသဘော ဆောင်သည့် ဝေဖန်သုံးသပ်ချက်များရပြီးနောက် ဟောလိဝုဒ်၏ အလားအလာအရှိဆုံးလူသစ်များအနက်မှ တစ်ဦးအဖြစ် ကြိုဆိုခံရသည်။
သူမ၏ ပွဲဦးထွက်ရုပ်ရှင်မှာ ၁၉၆၁ ၌ အန်ထော်နီကွင်းနှင့်အတူ သရုပ်ဆောင်ခဲ့သော Barabbas ဖြစ်သည်။ ၁၉၉၆ ဂိုဏ်းဂဏ-အသားပေး Eye of the Devil ရုပ်ရှင်တွင် ထပ်မံမြင်တွေ့ရသည်။ Valley of the Dolls အမည်ရ ၁၉၆၇ ခုနှစ်ထွက် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ ဂိုဏ်းဂဏ ဂန္တဝင်ကားတွင် ဂျန်နီဖာနော့သ် ဇတ်ကောင်အဖြစ် သူမ၏ သရုပ်ဆောင်မှုကို အမှတ်တရရှိကြဆုံးဖြစ်ပြီး ရွှေကမ္ဘာလုံးဆုအတွက် အမည်စာရင်းတင်သွင်းခံရသည်။ တိတ်၏ နောက်ဆုံးဇာတ်ကား 12+1 ကို သူမကွယ်လွန်ပြီးချိန် ၁၉၆၉ မှသာ ဖြန့်ချိခဲ့သည်။[၁][၂]
တိတ်နှင့် အခြားသူ ၄ ဦးမှာ သူမ၏ ခင်ပွန်း ရုပ်ရှင်ဒါရိုက်တာ ရိုမန်ပိုလန်စကီးနှင့်အတူ နေထိုင်သည့်အိမ်တွင် ၁၉၆၉ ဩဂုတ် ၉ ၌ မန်ဆန်မိသားစု အဖွဲ့ဝင်များ၏ သတ်ဖြတ်ခံရသည်။ သေဆုံးချိန်တွင် ၈ လခွဲ သားယောက်ျား ကိုယ်ဝန်ဆောင်ထားရသည်။[၃]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Sandford, C. (2009). Polanski: A Biography (in sv). St. Martin's Press. ISBN 978-0-230-61176-4။
- ↑ Goble, A. (1999). The Complete Index to Literary Sources in Film. De Gruyter. ISBN 978-3-11-095194-3။
- ↑ ၃.၀ ၃.၁ (1974) Helter Skelter: The True Story of the Manson Murders. W.W. Norton & Company, Inc.. ISBN 978-0-393-08700-0။