ချားလ်စ် မန်ဆန်

ဝီကီပီးဒီးယား မှ
(ချားလ်စ်မန်ဆန် မှ ပြန်ညွှန်းထားသည်)
ချားလ်(စ်)မန်ဆန်
မန်ဆန်ကို ကော်ကိုရန် ပြည်နယ်အကျဉ်းထောင်တွင် ၂၀၁၇ ဩဂုတ်လက တွေ့ရစဉ်။
မွေးဖွားချားလ်စ်မိုင်းလ်မက်ဒေါ့စ်
(၁၉၃၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၂)နိုဝင်ဘာ ၁၂၊ ၁၉၃၄
စင်စနက်တီ, အိုဟိုင်းယိုးပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
ကွယ်လွန်နိုဝင်ဘာ ၁၉၊ ၂၀၁၇(၂၀၁၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၉) (အသက် ၈၃)
ဘေ့ကာစ်ဖီးလ်(ဒ်)၊ ကယ်လီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု
ကျော်ကြားမှုအရင်းခံမန်ဆန်မိသားစု လူသတ်သမားများ၊ တိတ် လူသတ်သမားများ
အရပ်၅ ft ၂ in (၁.၅၇ m)[၁] သို့ ၅ ft ၆ in (၁.၆၈ m)[၂] depending on source
ရာဇဝတ်မှုလူသတ်မှု၊ လျှို့ဝှက်ကြံစည်မှု
ရာဇဝတ်ပြစ်ဒဏ်သေဒဏ် (ကယ်လီဖိုးနီးယား၌ သေဒဏ်ဖျက်သိမ်းပြီးသည့်နောက် ခြေချုပ်နှင့်တသက်တကျွန်း ပြောင်းလဲကျခံဖွယ်ရာရှိ)
အိမ်ထောင်ဖက်(များ)
  • ရိုစလီဝီလစ်(စ်) (လက်ထပ် 1955; ကွာရှင်း 1958)
  • လီယိုနာစတီဗန်(စ်) (လက်ထပ် 1959; ကွာရှင်း 1963)
သားသမီး၂ ဦး (၁ ဦး အဆိုရှိ)
မိဘ(များ)
  • ကာနယ် ဒဘယ်လျူ အေ့ချ် စကော့(တ်) စီနီယာ နှင့် nbsp;(ဖခင်)
  • ကက်သလင်းမက်ဒေါ့(စ်) (မိခင်)
  • ဝီလျံမန်ဆန် (ပထွေး)
လုပ်ဖော်ကိုင်ဖက်(များ)ဆူဇန်အက်တ်ကင်း(စ်)မာရီဘရူးနာ နှင့် တက်စ်ဝက်ဆန် အပါအဝင် မန်ဆန်မိသားစုဝင်များ
လက်မှတ်

ချားလ်စ်မိုင်းလ်မန်ဆန် (အင်္ဂလိပ်: Charles Milles Manson; né Maddox, ၁၉၃၄ နိုဝင်ဘာ ၁၂ - ၂၀၁၇ နိုဝင်ဘာ ၁၉) သည် အမေရိကန် ရာဇဝတ်သား နှင့် ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၁၉၆၇ နှစ်လယ်တွင် မန်ဆန်မိသားစုဟု လူသိများလာသော ကယ်လီဖိုးနီယားအခြေစိုက် စိတ်တူကိုယ်တူအဖွဲ့ကို တည်ထောင်ခဲ့သည်။ ၁၉၆၉ ဇူလိုင်နှင့် ဩဂုတ်၌ မန်ဆန်၏ နောက်လိုက်များက ကွင်းဆက် လူသတ်မှု ၉ မှုကို နေရာ ၄ နေရာတွင် ကျူးလွန်ခဲ့ကြသည်။ မန်ဆန်နှင့် အခြားပါဝင်သူများအကြား အငြင်းပွားနေဆဲ ဖြစ်သော်လည်း လူမျိုးရေးစစ်ပွဲအား စတင်ရန် အကွက်ချကြံစည်ခဲ့သည်ဟု လော့စ်အန်ဂျလိစ် ကောင်တီ ခရိုင်ရှေ့နေက ဆိုသည်။[၃] လူ ၇ ဦးသေဆုံးမှုအတွက် ပထမဒီဂရီ လူသတ်မှုနှင့် လူသတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် ၁၉၇၁ တွင် စီရင်ချက်ချခံရသည်။ လူသတ်မှုများအတွက် မန်ဆန်က အတိအလင်း အမိန့်မပေးခဲ့ဟု တရားရုံးက လက်ခံခဲ့သော်လည်း သူ၏ အတွေးအခေါ်က ပေါ်ပေါ်ထင်ထင်ပူးပေါင်းကြံစည်မှုမြောက်သည်ဟု ၎င်းတို့က ချေပခဲ့သည်။[၄] ဂယ်ရီဟင်းမန်းနှင့် ဒေါ်နယ်ရှီးယားတို့ သေဆုံးမှုအတွက် ပထမဒီဂရီလူသတ်မှုအဖြစ် မန်ဆန် စီရင်ချက်ချခံရသည်။

မန်ဆန်မိသားစုတည်ထောင်စဉ်က မန်ဆန်မှာ ပြစ်မှုအမျိုးမျိုးအတွက် စာရိတ္တပြုပြင်ဌာနများ၌ သက်တမ်းတစ်ဝက်ခန့် နေထိုင်ခဲ့ရသော ထောင်ထွက်ဟောင်း အလုပ်လက်မဲ့တစ်ဦးဖြစ်သည်။ လူသတ်မှုများ မဖြစ်ပွားမီက the Beach Boys တည်ထောင်သူ အဖွဲ့ဝင် ဒရမ်မာ ဒန်းနစ်စ်ဝီလ်ဆန်နှင့် ကံအားလျော်စွာ ပေါင်းစည်းမှုမှတဆင့် လော့စ်အန်ဂျလိစ် တေးဂီတနယ်ပယ် အစွန်အဖျား၌ တေးရေးတေးဆိုဖြစ်ခဲ့သည်။ ၁၉၆၈ တွင် ယင်းအဖွဲ့က မန်ဆန်၏ သီချင်း "Cease to Exist" ကို "Never Learn Not to Love" ဟု အမည်ပြောင်းပြီး ဘီခြမ်းလုံးချင်းတေး အဖြစ် ထည့်သွင်းခဲ့သော်လည်း မန်ဆန်အား အမည်တပ်ဖော်ပြခြင်းမရှိခဲ့ပေ။

ဘီတဲလ်စ် အဖွဲ့ အထူးသဖြင့် ("ဝှိုက်အယ်လ်ဘမ်" ဟုလည်း လူသိကြ) သော ၁၉၆၈ ထုတ် နားဆင်သူအလိုကျ ခေါင်းစဉ်တပ်နိုင်သည့်အယ်လ်ဘမ်အား စွဲလမ်းနေခဲ့သည်ဟု လော့စ်အန်းဂျလိစ် ခရိုင်ရှေ့နေက ပြောကြားသည်။ အဖွဲ့၏ တေးစာသားအား မိမိသဘောဖြင့်မိမိ အဓိပ္ပာယ်ကောက်ကာ ကျရောက်လုဆဲ ကမ္ဘာပျက်မည့် လူမျိုးရေးစစ်ပွဲအား ဖော်ညွှန်းရန် "Helter Skelter" ဆိုသည့် အသုံးကို မွေးစားခဲ့သည်။ မန်ဆန်နှင့် သူ၏နောက်လိုက်များဖြစ်သော အမျိုးသမီးငယ်များက ဤကဲ့သို့လူသတ်မှုများကျူးလွန်ခြင်းက ထိုစစ်ပွဲလျင်လျင်မြန်မြန်စတင်မည်ဟု ယုံကြည်ကြကြောင်း အစိုးရရှေ့နေက တရားခွင်၌ ထွက်ဆိုသည်။ မန်ဆန်၏ သူငယ်ချင်း ဘော့ဘီဘိုဆောလေး အပြစ်မှ လွတ်စေရန် ကြံစည်၍ တိတ်-လာဘီယန်ကာ လူသတ်မှုများအား ပုံတူကူးကျခဲ့ခြင်းဟု အခြားကာလပေါ်တွေ့ဆုံမေးမြန်းခန်းများနှင့် မန်ဆန်၏ ရှေးဦးပြစ်မှုများအတွက် ဒဏ်ငွေချမှတ်သည့် တရားခွင်၌ ထွက်ဆိုသူများက ခိုင်ခိုင်မာမာပြောဆိုသည်။[၅][၆]

မန်ဆန်၏ နာမည်ဆိုးစတင်ကျော်ကြားချိန်ကပင် သူနှင့်ဆက်နွယ်သည့် ပေါ့ယဉ်ကျေးမှုထွန်းကားလာပြီး ရူးသွပ်မှု၊ အကြမ်းဖက်မှု နှင့် အော့နှလုံးနာဖွယ်ရာတို့၏ ပြယုဂ်ဖြစ်လာခဲ့လေသည်။ သူကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စွဲချက်တင်ခံရပြီးနောက် သူရေးသားတင်ဆက်ထားသော တေးသံသွင်းသီချင်းများကို ထုတ်ဝေခဲ့ရာ Lie: The Love and Terror Cult (၁၉၇၀) မှာ ဦးဆုံးဖြစ်သည်။ အချို့သီချင်းများကို တေးသံရှင်များစွာက သီဆိုခဲ့သည်။ မန်ဆန်အား မူလက သေဒဏ်ချမှတ်ခဲ့သော်လည်း ကယ်လီဖိုးနီးယားအထက်တရားရုံးက ၁၉၇၂ ၌ ပြည်နယ်တွင်းသေဒဏ် ပြဋ္ဌာန်းချက်အား ဖျက်သိမ်းလိုက်သည့်အတွက် ခံဝန်ချက်ရနိုင်သည့် ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းသွားသည်။ ကော်ကိုရန်ရှိ ကယ်လီဖိုးနီးယား ပြည်နယ်အကျဉ်းထောင်တွင်း ထောင်ဒဏ်တစ်သက်ကျခံခဲ့ပြီး ၂၀၁၇ နှောင်းပိုင်း အသက် ၈၃ နှစ်တွင် သေဆုံးသည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ငယ်ဘဝ[ပြင်ဆင်ရန်]

ချားလ်စ်မန်ဆန်ကို ၁၉၃၄ နိုဝင်ဘာ ၁၂ တွင် အသက် ၁၆ နှစ်အရွယ်ရှိ ကက်သလင်း မန်ဆန်-ဘောင်ဝါ-ခါဗန်ဒါ ခေါ် နီးမက်ဒေါ့စ် (၁၉၁၈-၁၉၇၃) က အိုဟိုင်းယိုးပြည်နယ်၊ စင်စနက်တီ အရပ်ရှိ စင်စနက်တီ တက္ကသိုလ် အကယ်ဒမစ် ကျန်းမာရေးစင်တာ၌ မွေးဖွားခဲ့သည်။[၇] သူ့အား ပထမ၌ "အမည်မဲ့မက်ဒေါ့စ်" ဟု မှည့်ခဲ့သော်လည်း[၈][၉][၁၀][၁၁] ရက်သတ္တပတ် အနည်းငယ်အတွင်း  ချားလ်စ် မိုင်းလ်စ် မက်ဒေါ့စ် ဟု အမည်ပြောင်းမှည့်ခေါ်ခဲ့သည်။[၉][၁၂]

မန်ဆန်၏ မွေးဖခရင်းမှာ ကင်တပ်ကီပြည်နယ် ကတ်လတ်စဘာ့ဂ် မှ ကာနယ်ဝေါကာဟန်ဒါဆန် စကော့တ် စီနီယာ (၁၉၁၀-၁၉၅၄) ဖြစ်ဟန်ရှိပြီး[၁၃] ကက်သလင်းမက်ဒေါ့စ်က ဖခင်ရင်းအမှန်ဖြစ်ကြောင်း သက်သေပြလိုမှုဖြင့် သူ့အား စွဲချက် တင်ရာ ၁၉၃၇ တွင် agreed judgment အနေဖြင့် ဆုံးဖြတ်ချက်ကျသည်။ မန်ဆန်မှာ သူ၏ မွေးဖခင်ကို သိရှိခဲ့ဟန် မတူပေ။[၉][၁၁] စကော့တ်က နယ်ခံဆန်စက်များတွင် လုပ်တလှည့်နားတလှည့်ဖြင့် လုပ်ကိုင်ပြီး လူလိမ်တစ်ဦးအဖြစ် နာမည်ကျော် သည်။ ကာနယ်မှာ သူ့နာမည်ရင်းမျှသာဖြစ်သော်လည်း စစ်တပ်ကာနယ် (ဗိုလ်မှူးကြီး) ဟု မက်ဒေါ့စ်အား ပုံမှားရိုက်ယုံကြည်စေသည်။ မက်ဒေါ့စ်က ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း စကော့တ်အား ပြောသည့်အခါ စစ်တပ်တာဝန်ဖြင့် အဝေးသွားရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ လများစွာကြာပြီးသည့် နောက်တွင်မှ ပြန်လာမည့် ရည်ရွယ်ချက်သူ့တွင် မရှိကြောင်း သူမ သဘောပေါက်သွားသည်။[၁၄]

၁၉၃၄ ဩဂုတ် မန်ဆန်မမွေးမီတွင် ဝီလျံ ယူဂျင်း မန်ဆန် (၁၉၀၉-၁၉၆၁) နှင့် မက်ဒေါ့စ် လက်ထပ်ပြီး ချားလ်စ်၏ မွေးစာရင်းမှတ်ပုံတင်ပေါ်၌ ထိုသူ၏ အလုပ်အကိုင်ကို အခြောက်လျှော်လုပ်ငန်း "အလုပ်သမား" ဟု ဖော်ပြထားသည်။[၁၅] မက်ဒေါ့စ်မှာ မောင်ဖြစ်သူ လူသာနှင့်အတူ တကြိမ်လျှင် ရက်ပေါင်းများစွာ စိတ်လွတ်ကိုယ်လွတ် အရက်သွားသောက်နေခဲ့ရာ ချားလ်စ်ကို ကလေးထိန်းများနှင့် ပစ်ထားခဲ့သည်။ မန်ဆန်၏ စွဲချက် "တာဝန်အလုံးစုံလစ်ဟင်းမှု" ကို တရားရုံး က လက်ခံသည့်အတွက် ၁၉၃၇ ဧပြီ ၃၀ တွင် လင်မယား ကွာရှင်းသည်။[၁၅]

၁၉၃၉ ဩဂုတ် ၁ ရက်တွင် မက်ဒေါ့စ် နှင့် လူသာ၏ ရည်းစား ဂျူလီယာဗစ်ကာတို့ ၂ ဦး မကြာသေးမီက သိကျွမ်းသော ကြေးရတတ်ဖြစ်ဟန်ရှိသည့် ဖရန့်ခ် မာတင်နှင့် ညနေအရက်ဝိုင်းထောင်နေစဉ် ၎င်းတို့ ၂ ဦးက သူ့အား လုယက်ရန် ဆုံးဖြတ်လိုက်ကြပြီး မက်ဒေါ့စ်က သူ့မောင်အား ဖုန်းဆက်အကူအညီတောင်းသည်။ အသုံးမကျသော သူခိုးများ ဖြစ်ကြ ရာ နာရီပိုင်းအတွင်း ဖမ်းဆီးခံရသည်။ ၇ ပတ်အကြာ တရားရုံးတင်စစ်ဆေးမှု၌ လူသာကို ထောင်ဒဏ် ၁၀ နှစ် နှင့် ကက်သလင်းကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ရာ[၁၆] မန်ဆန်မှာ အနောက်ဗဂျီးနီးယားနယ် မက်မချန်ရှိ ဦးလေးနှင့် အဒေါ်ဖြစ်သူထံ သွားရောက်နေထိုင်ရသည်။[၁၇] ၁၉၄၂ တွင် သူ့မိခင် ခံဝန်ဖြင့် လွတ်လာသည်။ သူမမိခင် ထောင်မှ လွတ်လာပြီးနောက် ရှေ့ပိုင်းရက်သတ္တပတ်များက သူ့ဘဝတွင် အပျော်ဆုံးအချိန်ဟု မန်ဆန်က ပြောဆိုသည်။[၁၈]

အနောက်ဗဂျီးနီးယားနယ် ချားလ်စတန်သို့ မန်ဆန်မိသားစုပြောင်းရွှေ့ပြီး မိခင်ဖြစ်သူက ညနေတိုင်း အရက်သောက် နေစဉ် မန်ဆန်က ကျောင်းပြေးနေခဲ့သည်။ သူမမှာ အလစ်သုတ်မှုအတွက် အဖမ်းခံရသော်လည်း အပြစ်ဒဏ်ချခြင်း မခံရပေ။ အင်ဒီယားနာပလစ်သို့ ပြောင်းရွှေ့ပြီးနောက် မက်ဒေါ့စ်က အမည်မဖော်အရက်စွဲသူများ အစည်းအဝေးသို့ တက်ခဲ့ရာ လူးဝစ်အမည်ရှိ အရက်ဂျိုး တစ်ဦးနှင့် တွေ့ဆုံပြီး ၁၉၄၃ ဩဂုတ်တွင် လက်ထပ်သည်။ မန်ဆန်မှာ အမြဲလိုလို ကျောင်းပြေးနေသည့်အပြင် စတိုးဆိုင်များနှင့် အိမ်မှ စတင် ခိုးယူခဲ့သည်။ ၁၉၄၇ တွင် မန်ဆန်အတွက် ယာယီ မွေးစားအိမ်ကို မက်ဒေါ့စ်က ရှာဖွေခဲ့သော်လည်း သင့်တော်သည့်အိမ်ကို မတွေ့ခဲ့ပေ။ အင်ဒီယားနား တဲရာဟော့တ် အရပ် ရှိ ကတ်သလစ်ဘုန်းတော်ကြီးများ ဦးစီးသော ဆိုးသွမ်းယောက်ျားလေးများအတွက် ဂီဘော့လ်တ် ကျောင်းသို့ မန်ဆန်အား ပို့ရန် ဆုံးဖြတ်လိုက်သည်။ မကြာမီ သူ့မိခင်ထံပြန်ပေးလေရာ မိခင်က ကျောင်းသို့ပြန်ပို့သည်။ ၁၉၄၇ ခရစ္စမတ်ကို ဦးလေးနှင့်အဒေါ်အိမ်၌ ကုန်လွန်ခဲ့ပြီး သေနတ်ခိုးယူစဉ် အဖမ်းခံရသည်။[၁၉]

ကနဦးကျူးလွန်မှုများ[ပြင်ဆင်ရန်]

မန်ဆန် ဂျီဘော့လ်သို့ပြန်လာခဲ့သော်လည်း ၁၀ လ ကြာသည့်အခါ အင်ဒီယားနာ့စ်ပလိစ်သို့ ထွက်ပြေးခဲ့သည်။ သူ့မိခင်ထံ ပြန်မသွားတော့ဘဲ အခန်းတစ်ခန်းငှားကာ ညဘက်တွင်ဆိုင်များအား ဖောက်ထွင်းခိုးယွင်းပြီး အသက်မွေးလျက် ရှိသည်။ နောက်ဆုံးတွင် အဖမ်းခံရပြီး စာနာတတ်သည့် တရားသူကြီး တစ်ဦးက နီဘရားစကားပြည်နယ် အိုမဟာရှိ လူငယ် ပြုပြင်ရေးဌာန ဘွိုင်းစ်တောင်း သို့ သူ့အား ပို့ခဲ့သည်။ ၄ ရက်ကြာသည့်အခါ သူနှင့် ဘလက်ကီနိုင်ရဲလ်ဆန် အမည်ရ ကျောင်းသား တစ်ဦးတို့ ကား ခိုးပြီး သေနတ် တစ်လက်ရအောင်လည်း ကြိုးပမ်းနိုင်ခဲ့သည်။ အီလီနွိုင်းပြည်နယ်ရှိ နိုင်ရဲလ်ဆန်၏ ဦးလေးအိမ်သို့ သွားရာလမ်း၌ ကုန်စုံဆိုင်နှင့် ကာဆီနိုဆိုင်တို့အား ယင်းသေနတ်သုံးပြီး လုယက်ခဲ့သည်။[၂၀][၂၁]

နိုင်ရဲလ်ဆန်၏ ဦးလေးမှာ စီးပွားဖြစ်သူခိုးတစ်ဦးဖြစ်ရာ ကောင်လေးများရောက်သည့်အချိန်၌ အလုပ်သင်အဖြစ် လက်ခံလိုက်သည်။[၂၂] ၂ ပတ်ကြာပြီးနောက် Peoria စတိုးအား ညအချိန် ဝင်ရောက်စီးနင်းမှုအတွင်း အဖမ်းခံရသည်။ စုံစမ်း မေးမြန်းမှုအတွင်း အခြား စောစောပိုင်း လက်နက်ကိုင်လုယက်မှု ၂ ခုနှင့် ဆက်နွယ်နေကြောင်း သိရှိရသည်။ စည်းကမ်း တင်းကျပ်သည့် ပြုပြင်ရေးကျောင်း အင်ဒီယားနား ယောက်ျားလေးများကျောင်း သို့ မန်ဆန်အပို့ခံရသည်။ ကျောင်းဝန်ထမ်းများ၏ အားပေးအားမြောက်မှုဖြင့် အခြားကျောင်းသားများက သူ့အား အဓမ္မပြုကျင့်ခဲ့ကြောင်း မန်ဆန် က ပြောသည်။ "အရူးဂိမ်း"ဟု ခေါ်သည့် ကိုယ့်ကိုကိုယ်ကာကွယ်သည့် နည်းကို မန်ဆန်က ဖန်တီးခဲ့သည်။ ကာယအားဖြင့် ကိုယ့်ကိုကိုယ်မကာကွယ်နိုင်သည့်အခါ အာခေါင်ခြစ်အော်ခြင်း ရှုံ့မဲ့ခြင်းနှင့် လက်များကို ဝှေ့ရမ်းခြင်းဖြင့် ရူးနေသူဟု သူ့အား ဖိနှိပ်သူက ထင်သွားအောင် ပြုလုပ်သည်။ မအောင်မြင်သည့် ကြိုးပမ်းမှုများစွာရှိခဲ့ပြီးနောက် ၁၉၅၁ ဖေဖော်ဝါရီတွင် အခြား ယောက်ျားလေး ၂ ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သည်။[၂၃][၂၄]

ခိုးယူလာသောကားဖြင့် ကယ်လီဖိုးနီးယားသို့ မောင်းပြေးစဉ် တရားခံပြေး ၃ ယောက် ယူတာ၌ အဖမ်းခံရသည်။ လမ်းတလျောက် ဆီဆိုင်များအား လုယက်ခဲ့ကြသည်။ အခိုးခံကားကို နယ်ကျော်မောင်းနှင်လျှင် ဒိုင်ယာအက်ဥပဒေကို ချိုးဖောက်သဖြင့် ဖက်ဒရယ်ရာဇဝတ်မှုမြောက်သည်။ ဝါရှင်တန်ဒီစီရှိ ယောက်ျားလေးများအတွက် အမျိုးသား လေ့ကျင့်ရေးကျောင်းသို့ မန်ဆန် အပို့ခံရသည်။[၂၄] ရောက်လျှင်ရောက်ချင်း ဉာဏ်စွမ်းရည်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ စာမတတ် သော်လည်း အိုင်ကျူ ၁၀၉ (နိုင်ငံ့ ပျမ်းမျှ ၁၀၀) ရှိကြောင်းတွေ့ရသည်။ ရိုင်းစိုင်းရန်လိုသည်ဟု သူ့အမှုကိုင်က သူ့အပေါ် မြင်သည်။[၂၃][၂၄]

ပထမအကြိမ် အကျဉ်းကျခြင်း[ပြင်ဆင်ရန်]

စိတ်ပညာရှင်၏ ထောက်ခံချက်ဖြင့် ၁၉၅၁ အောက်တိုဘာတွင် မန်ဆန်ကို လုံခြုံရေးနည်းသည့် Natural Bridge Honor Camp စခန်း သို့ လွှဲပြောင်းလိုက်သည်။ အဒေါ်ဖြစ်သူက ထောင်ဝင်စာလာတွေ့ပြီး သူမအိမ်၌ ပေးနေကာ အလုပ်ရှာ ခွင့်ပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံ ပြောသည်။ ခံဝန်ကြားနာမှုအတွက် ၁၉၅၂ ဖေဖော်ဝါရီတွင် အချိန်စာရင်း ချထားသည်။ သို့သော် ဇန်နဝါရီ၌ ယောက်ျားလေးတစ်ဦးအား ဓားထောက်၍ အဓမ္မကျင့်စဉ် အဖမ်းခံရသည်။ ဗာဂျီးနီးယား ပြည်နယ် ပစ္စဘာ့ဂ်ရှိ ဖက်ဒရယ်ပြုပြင်ရေးစခန်းသို့ လွှဲပြောင်းခဲ့သည်။ ထိုနေရာတွင် "စည်းကမ်း အကြီးအကျယ် ချိုးဖောက်မှု ၈ မှု နှင့် ယင်းအနက် ၃ မှုမှာ လိင်တူဆက်ဆံမှု" တို့ကို ရှေ့ဆက်ကျူးလွန်ခဲ့သည်။ ၁၉၅၅ နိုဝင်ဘာလ၌ ၂၁ နှစ်ပြည့် မွေးနေ့တွင် ကျရောက်မည့် လွတ်ရက်အထိ အကျဉ်းကျခံရမည်ဖြစ်သော အိုဟိုင်းယိုးပြည်နယ် ချီလီကို့သ်ရှိ လုံခြုံရေးအမြင့်ဆုံး ပြုပြင်ရေးစခန်းသို့ ရွှေ့ပြောင်းလိုက်သည်။ ကောင်းကောင်းမွန်မွန်နေထိုင်သည့်အတွက် မက်ခ်မေချန်၌ အဒေါ် ဦးလေးတို့နှင့် အတူနေထိုင်ရန် ၁၉၅၄ မေလတွင် ထောင်မှစောလွှတ်လိုက်သည်။[၂၅]

တာမင်နယ်ကျွန်း ဖက်ဒရယ် စာရိတ္တပြုပြင်ရေး ဌာနတွင် ၁၉၅၇ မေ ၂ က ရိုက်ကူးထားသော ဓာတ်ပုံ

၁၉၅၅ ဇန်နဝါရီ၌ ဆေးရုံစားပွဲထိုး ရိုစလီဂျင်းဝီးလစ်စ် အား လက်ထပ်သည်။[၂၆] အိုဟိုင်းယိုးပြည်နယ်မှ မန်ဆန် ခိုးယူလာ သော ကားဖြင့် သူနှင့်အတူ ကိုယ်ဝန်သည်ဇနီးတို့ လော့စ်အန်ဂျလိစ်သို့ ရောက်ရှိလာပြီး ၃ လခန့်အကြာ အောက်တိုဘာ၌ နယ်ကျော်ကားခိုးယူမှုအတွက် ဖက်ဒရယ်ရာဇဝတ်မှုဖြင့် နောက်တစ်ကြိမ် အဖမ်းခံရပြန်သည်။ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်လေ့လာမှုပြုပြီးနောက် ၅ နှစ် စောင့်ကြည့်ကာလ ချမှတ်ခံရသည်။ ဖလော်ရီဒါပြည်နယ်၌ စွဲဆိုခံရသော အလားတူပြစ်မှုအတွက် လော့စ်အန်ဂျလိစ် ကြားနာမှုတက်ရောက်ရန် ပျက်ကွက်သဖြင့် အင်ဒီယားနားပလိစ်၌ ၁၉၅၆ မတ်လတွင် အဖမ်းခံရသည်။ စောင့်ကြည့်ခွင့်ပြုချက်ကို ရုပ်သိမ်းခံရပြီး ကယ်လီဖိုးနီးယား ဆန်ပက်ဒရို တာမင်နယ်ကျွန်း တွင် ထောင်ဒဏ် ၃ နှစ်ကျခံရန် စီရင်ချက်ကျခံရသည်။[၂၄]

မန်ဆန် အကျဉ်းကျနေစဉ် ရိုစလီက သားဖြစ်သူ ချားလ်စ်မန်ဆန် ဂျူနီယာအား မွေးဖွားသည်။ တာမင်နယ်ကျွန်း၌ ပထမအကြိမ် အကျဉ်းကျစဉ်က ရိုစလီနှင့် ထိုစဉ်က အတူနေမန်ဆန်၏မိခင်ဖြစ်သူတို့ ထောင်ဝင်စာ လာတွေ့သည်။ ၁၉၅၇ မတ်လ၌ ၎င်း၏ ဇနီးထောင်ဝင်စာလာမတွေ့တော့ဘဲ မိခင်ဖြစ်သူကသာ ရိုစလီမှာ အခြားယောက်ျားတစ်ဦးနှင့် အတူနေထိုင်နေပြီဖြစ်ကြောင်း မန်ဆန်အား အသိပေးသည်။ ခံဝန်ကြားနာမှု မစတင်မီ ၂ ပတ် အလို မန်ဆန်က ကားခိုးယူထွက်ပြေးရန် ကြိုးစားခဲ့သည်။ ၅ နှစ် စောင့်ကြည့်ကာလ ပြစ်ဒစ်ချခံရပြီး ခံဝန်ခြေချုပ်ငြင်းပယ်ခံရသည်။[၂၄]

ဒုတိယအကြိမ် အကျဉ်းကျခြင်း[ပြင်ဆင်ရန်]

ကွာရှင်းခွင့်ကို ရိုစလီရရှိသည့် ၁၉၅၈ ခုနှစ်တွင်ပင် မန်ဆန်က ၅ နှစ် ခံဝန်ခြေချုပ်ကို စက်တင်ဘာ၌ ချမှတ်ခံရသည်။ နိုဝင်ဘာ၌ ၁၆ နှစ် သမီး ၁ ဦးအတွက် ပြည့်တန်ဆာခေါင်းလုပ်ပေးနေပြီး မိဘချမ်းသာသည့် မိန်းကလေးတစ်ဦးထံမှလည်း ထပ်တိုး အထောက်အပံ့များ ရယူနေသည်။ စာပို့သေတ္တာမှ ခိုးယူလာသည်ဟုဆိုသည့် ယူအက်စ် ငွေစာရင်းဌာန ချက်လက်မှတ် အတုကို ငွေသားပြောင်းရန် ကြိုးပမ်းမှုစွဲချက်အတွက် အပြစ်ရှိကြောင်း ၁၉၅၉ စက်တင်ဘာတွင် လျှောက်ထားခဲ့ပြီး နောက်ပိုင်းတွင် စွဲချက်အား ရုပ်သိမ်းလိုက်သည်။ ပြည့်တန်ဆာမှုအတွက် ဖမ်းဆီးခံမှတ်တမ်းရှိသော လီယိုနာအမည်ရ အမျိုးသမီးငယ်တစ်ဦးက တရားရုံးတွင် သူမနှင့်မန်ဆန်မှာ "နှစ်နှစ်ကာကာမြတ်နိုးသက်ဝင်နေပြီး…ချာလီသာလွတ်လာပါက လက်ထပ်ကြမည်" ဟု "ငိုကြီးချက်မ တောင်းပန်မှု" ပြုခဲ့သောကြောင့် မန်ဆန်အား ၁၀ နှစ် ဆိုင်းငံ့ပြစ်ဒဏ် နှင့် စောင့်ကြည့်ကာလ ချမှတ်ခဲ့သည်။[၂၄] နှစ်မကုန်မီ ယင်းအမျိုးသမီးနှင့် မန်ဆန် အမှန်တကယ်လက်ထပ်ခဲ့ရာ သူမအနေဖြင့် မန်ဆန်အား ဆန့်ကျင်ထွက်ဆိုရန် မလိုအပ်စေရန် ပြုလုပ်ခဲ့ခြင်းဟု ယူဆရသည်။[၂၄]

လီယိုနာနှင့် အခြားအမျိုးသမီးတစ်ဦးအား ပြည့်တန်ဆာပြုလုပ်ခိုင်းရန် ရည်ရွယ်၍ နယူးမက္ကဆီကိုသို့ ခေါ်ဆောင်သွားသော ကြောင့် မန်းအက်ဥပဒေအား ချိုးဖောက်မှုဖြင့် မန်ဆန် ထိန်းသိမ်း စစ်ဆေးခံရသည်။ သူ့အား လွှတ်ပေးလိုက်သော်လည်း စုံစမ်းစစ်ဆေးမှုအဆုံးမသတ်သေးကြောင်း မန်ဆန်က မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့သည်။ စောင့်ကြည့်ကာလ ချိုးဖောက်သောအားဖြင့် ပျောက်ကွယ်သွားစဉ် ဘန့်ချ်ဝရမ်း ထုတ်ခဲ့သည်။ မန်းအက်ဥပဒေအား ချိုးဖောက်မှုအတွက် ရုံးတင်စစ်ဆေးမှုကို ၁၉၆၀ ဧပြီတွင် ထုတ်ပြန်သည်။[၂၄] အမျိုးသမီး ၂ ဦးအနက် ၁ ဦးအား ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးပြီးသည့်နောက် မန်ဆန်ကို ဇွန်လ၌ လဲဒို တက္ကဆက်၌ ဖမ်းဆီးပြီး လော့စ်အန်ဂျလိစ်သို့ ပြန်လည်ပို့ဆောင် ခဲ့သည်။ ချက်လက်မှတ်ငွေသားပြောင်း ပြစ်မှုအတွက် ချမှတ်ထားသည့် စောင့်ကြည့်ကာလအား ချိုးဖောက်ခဲ့သည့် အတွက် ထောင်ဒဏ် ၁၀ နှစ် ကျခံရန် သူ့အား အမိန့်ချခဲ့သည်။[၂၄]

စောင့်ကြည့်ကာလပယ်ဖျက်လိုက်ခြင်းအား အသနားခံရန် ၁ နှစ်ခန့် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၆၁ ဇူလိုင်တွင် လော့စ်အန်ဂျလိစ် ကောင်တီအကျဉ်းထောင်မှ ဝါရှင်တန် မက်နေးလ်ကျွန်းရှိ အမေရိကန်ပြည်ထောင်စု အကျဉ်းစခန်းသို့ ရွှေ့ပြောင်းခံရသည်။ ထိုနေရာ၌ ဘာကာခါးပစ်စ် ဂိုဏ်း ခေါင်းဆောင် အယ်လ်ဗင် "ခရီးပီး" ခါးပစ်စ် ထံမှ ဂစ်တာသင်ခန်းစာယူပြီး ဖီးလ်ကော့ဖ်မန်း ဟောလိဝုဒ်ရှိ ယူနီဗာဆယ်စတူဒီရိုမှ တစ်စုံတစ်ဦး၏ ဆက်သွယ်ရန် လိပ်စာကို အခြားထောင်သားထံမှ ရယူခဲ့သည်။[၂၇] မန်ဆန်၏ မိခင်က သားဖြစ်သူနှင့် နီးနီးကပ်ကပ် နေနိုင်ရန်အတွက် မက်နေးလ်ကျွန်းတွင် ၎င်းအကျဉ်းကျနေစဉ်အတွင်း ဝါရှင်တန်ပြည်နယ်သို့ ပြောင်းရွှေ့ကာ အနီးအနား တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်ခဲ့သည်ဟု ဂျက်ဖ်ဂွင်း၏ ၂၀၁၃ မန်ဆန်ကိုယ်ရေးအတ္ထုပတ္တိ၌ ရေးသားထားသည်။[၂၈]

မန်းအက်ဥပဒေ စွဲချက်အား ရုပ်သိမ်းလိုက်သော်လည်း ငွေစာရင်းချက်လက်မှတ်အား ငွေသားအဖြစ်ပြောင်းရန် ကြိုးပမ်းချက်မှာ ဖက်ဒရယ်ဥပဒေချိုးဖောက်မှုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ "သူ့အပေါ်အာရုံစိုက်လာအောင် လုပ်ချင်စိတ် ကြီးကြီးမားမား" သူ့တွင်ရှိသည်ဟု ၁၉၆၁ စက်တင်ဘာ မန်ဆန် နှစ်စဉ်ရီဗျူးက မှတ်ချက်ပြုသည်။ ဤ လေ့လာမှတ်သားပြုမှုမှာ ၁၉၆၄ စက်တင်ဘာတွင် ပဲ့တင်သံပြန်လာခဲ့သည်။[၂၄] ၁၉၆၃ တွင် လီယိုနာက ကွာရှင်းခွင့်ရခဲ့ပြီး သူမနှင့် မန်ဆန်တို့တွင် ချားလ်လူသာ အမည်ရှိ သား ၁ ဦးရခဲ့သည်ဟု ထွက်ဆိုသည်။[၂၄] ၁၉၆၅ ခုနှစ်တွင် the Monkees အတွက် လူရွေးခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ရေပန်းစား လူပြောသူပြောစကားများက ဆိုခဲ့သော်လည်း ထိုအချိန်က မန်ဆန်မှာ မက်နေးလ်ကျွန်း၌ အကျဉ်းကျခံနေဆဲဖြစ်သောကြောင့် မှန်ကန်ခြင်းမရှိပေ။[၂၉]

လွတ်ရက်စောလွှတ်ရန် ပြင်ဆင်သည့်အနေဖြင့် ၁၉၆၆ ဇွန်တွင် မန်ဆန်ကို တာမင်နယ်ကျွန်းသို့ ဒုတိယအကြိမ် ပို့ဆောင်ခဲ့သည်။ မန်ဆန်၏ လွတ်ရက်ဖြစ်သော ၁၉၆၇ မတ် ၂၁ တွင် သူ့အသက် ၃၂ နှစ်၏ ထက်ဝက်မကကို အကျဉ်းထောင်နှင့် အခြားစခန်းများတွင် ကုန်လွန်ခဲ့ပြီးဖြစ်သည်။ အဓိကအားဖြင့် ဖက်ဒရယ်ဥပဒေကို ချိုးဖောက်မှုကြောင့်ဖြစ်သည်။ အမှုချင်းအတူတူဆိုသော်ငြား ဖက်ဒရယ်ပြစ်ဒဏ်များမှာ ပြည်နယ်ပြစ်ဒဏ်များထက် ပြင်းထန်သည်။[၂၄] အကျဉ်းထောင်မှာ သူ့အိမ်ဖြစ်နေပြီသောကြောင့် ဆက်လက်နေခွင့်ပေးရန် တာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခဲ့သည်။[၂၄]

၁၉၈၆-၁၉၇၁ - ဂိုဏ်းဖွဲ့ခြင်း ၊ လူသတ်မှုများနှင့် တရားရင်ဆိုင်ခြင်း[ပြင်ဆင်ရန်]

Manson's
၁၉၆၉ ရိုက်ချက်

မန်ဆန်က ထောင်မှလွတ်သည်နှင့် နောက်လိုက်နောက်ပါများအား ဆွဲဆောင်စည်းရုံးရာ အများအားဖြင့် ကယ်လီဖိုးနီးယားပြည်နယ် အနီးတဝိုက်မှ မိန်းမငယ်များဖြစ်ကြပြီး နောက်ပိုင်းတွင် ၎င်းတို့အား မန်ဆန် မိသားစုဟု အမည်ပေးလိုက်ကြသည်။ ၁၉၆၉ ဇူလိုင်တွင် ဂယ်ရီဟင်းမန်းအား သတ်ဖြတ်မှု၌ ၎င်းအဖွဲ့ပါဝင်ခဲ့ပြီး ၁၉၆၉ ဩဂုတ်လ၌ ရုပ်ရှင်မင်းသမီး ရှယ်ရွန်တိတ်နှင့် အခြားသူ ၄ ဦးအား သူမ၏ အိမ်၌ သတ်ဖြတ်ခဲ့ခြင်း၊[၃၀] နောက်ရက်၌ လီနိုနှင့် ရို့စ်မေရီ လာဘီယန်ကာတို့အား သတ်ဖြတ်ခြင်းတို့ကြောင့် နာမည်ဆိုးဖြင့် နိုင်ငံအနှံ့ သတင်းမွှေးခဲ့သည်။ တက်စ်ဝက်ဆန် နှင့် အခြား မိသားစုဝင် ၃ ဦးက မန်ဆန်၏ ညွှန်ကြားချက်ဖြင့် တိတ်-လာဘီယန်ကာ လူသတ်သမားများအား ကွပ်မျက်ခဲ့သည်။[၃၁][၃၂] အခြားတိုက်ခိုက်မှုများ ၊ ခိုးမှုများ နှင့် ရာဇဝတ်မှုများအားလည်း မိသားစုဝင်များက ကျူးလွန်ခဲ့ပြီး လင်းနက် "စကွိကီ" ဖရောမ်က အမေရိကန်သမ္မတဂဲရက် ဖို့ဒ်အား ဆက်ခရာမန်တို့၌ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။[၃၃]

မန်ဆန်နောက်လိုက် အချက်အချာကျသောအဖွဲ့ဝင်များတွင် တေးဂီပညာရှင် နှင့် သရုပ်ဆောင်ဟောင်း ချားလ်စ် တက်စ်ဝက်ဆန်၊ တေးဂီတပညာရှင်ဟောင်း နှင့် လိင်ညစ်ညမ်းသရုပ်ဆောင် ရောဘတ် ဘိုဆောလီ၊ စာကြည့်တိုက်မှူး ဟောင်း မာရီဘရန်းနာ၊ ဆူဇန်အက်ကင်၊ လင်ဒါကတ်ဆာဘီယန်၊ ပက်ထရစ်ရှာ ကရန်ဝင်ကယ်လ် နှင့် လက်စလီဗန် ဟောတန်တို့ ပါဝင်သည်။[၃၄][၃၅][၃၆] အဖွဲ့ဝင်များစွာ ပြစ်ဒဏ်ကျခံနေဆဲဖြစ်သော်လည်း ဂရိုဂန်မှာ ၁၉၈၅ တွင် ခြေချုပ်ဖြင့် လွတ်မြောက်ခဲ့ပြီး ကတ်ဆာဘီယန်မှာ မန်ဆန်အား ရုံးတင်စစ်ဆေးမှု၌ သက်သေခံပေးမှုကြောင့် ကင်းလွတ်ခွင့် ရခဲ့သည်။[၃၇]

မန်ဆန်ကိုယ်နှိုက်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ခြင်းသော်လည်းကောင်း သတ်ဖြတ်ရန်ကြိုးပမ်းခြင်း သော်လည်းကောင်း မပြုလုပ်ခဲ့ဟု တွေးထင်ကြသော်လည်း မူးယစ်အရောင်းအဝယ်သမား ဘားနာ့ဒ် ခရိုးအား ၁၉၆၉ ဇူလိုင် ၁ တွင် သေနတ်ဖြင့် ပစ်ပြီး သေစေရန်ပစ်ထားခဲ့သည်ဟူသော သက်သေအထောက်အထားများရှိသည်။ ခရိုးမှာမူ အသက်ရှင်ခဲ့သည်။[၉]:99–113[၉]:91–96[၃၈]

(မန်ဆန်ကိုယ်တိုင် သူ၏အမှုလိုက်ရှေ့နေအဖြစ် ဆောင်ရွက်ခြင်းကို တရားရုံးက ပယ်ချလိုက်သည့်နေ့) ၁၉၇၀ မတ် ၆ ရက်၌[၃၉] LIE, an album of Manson music, was released.[၄၀][၄၁][၄၂] မန်ဆန်၏ တေးဂီတအယ်လ်ဘမ် LIE ကို ဖြန့်ချိသည်။ မန်ဆန်ရေးစပ်ထားသော "Cease to Exist" ကို the Beach Boys ဂီတအဖွဲ့က စာသား ပြင်ဆင်ရေးဖွဲ့ သီဆိုပြီး "Never Learn Not to Love" ဟု ခေါင်းစဉ်တပ်ထားသည့် သီချင်းပါဝင်သည်။[၄၃][၄၄] လအနည်းငယ်ကြာသည်အထိ အယ်လ်ဘမ်ချပ်ရေ ၂၀၀၀ အနက် ၃၀၀ သာ ရောင်းချရသည်။[၄၅]

၁၉၇၁-၂၀၁၇ တတိယအကြိမ်မြောက် ထောင်သွင်းအကျဉ်းကျခြင်း[ပြင်ဆင်ရန်]

ပြစ်ဒဏ်ချမှတ်ခြင်း[ပြင်ဆင်ရန်]

အဘ္ဘီဂေးလ် အန်း ဖော်လ်ဂျာ၊ Wojciech Frykowski ၊ စတီဗင် အားလ် ပဲရန့်၊ ရှယ်ရွန် တိတ် ပိုလန်စကီး၊ ဂျေး ဆဘရင်း၊ လီနိုနှင့် ရို့စ်မေရီ လာဘီယန်ကာ တို့ သေဆုံးမှုအတွက် ပထမဒီဂရီလူသတ်မှု ၇ မှု နှင့် လူသတ်မှုကျူးလွန်ရန် ပူးပေါင်း ကြံစည်မှု ၁ မှုနှင့် ပတ်သက်ပြီး လော့စ်အန်ဂျလိစ် ကောင်တီ ပြည်နယ်အကျဉ်းထောင်သို့ ၁၉၇၁ ဧပြီ ၂၂ ရက်နေ့တွင် မန်ဆန်အား ပို့ဆောင်သည်။ သေဒဏ်ချမှတ်ခံရသော်လည်း သေဒဏ်ကို အခြေခံဥပဒေနှင့်မညီဟု ၁၉၇၂ တွင် အမိန့်ချမှတ်လိုက်ရာ ခံဝန်ရနိုင်သည့် ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲချမှတ်လိုက်သည်။ မူရင်းသေဒဏ်မှာ ၁၉၇၇ ဖေဖော်ဝါရီ ၂ ရက်တွင် တစ်သက်တစ်ကျွန်းသို့ ပြောင်းသွားသည်။

၁၉၆၉ ဇူလိုင် ၂၅ ၌ ဂီတပညာရှင် ဂယ်ရီဟင်မန်း သေဆုံးမှုအတွက် မန်ဆန်တွင် အပြစ်ရှိကြောင်း လော့စ်အန်းဂျလိစ် ကောင်တီ တရားရုံး၌ ၁၉၇၁ ဒီဇင်ဘာ ၁၃ တွင် ပထမဒီဂရီလူသတ်မှု အမိန့်ချမှတ်သည်။ ၁၉၆၉ ဩဂုတ်လ၌ ဒေါနယ်လ် ဂျရုမ်း "ရှော့တီ" ရှီအ သေဆုံးမှုအတွက် ပထမဒီဂရီလူသတ်မှုဖြင့်ပင် အပြစ်ရှိကြောင်း စီရင်ချက်ချခံရသည်။ လက်ရှိတွင် သေဒဏ်ကျခံနေရဆဲ အကျဉ်းသားမည်သူမဆို ... ၎င်းသေဒဏ်ချမှတ်ခံထားရသည့် ပြစ်မှုနှင့်စပ်လျဉ်းသည့် အမိန့်ဒီကရီ က ပြဋ္ဌာန်းထားသော ထောင်ဒဏ်တစ်သက်သော်လည်းကောင်း သို့တည်းမဟုတ် ခံဝန်မရသည့် ထောင်ဒဏ်တစ်သက်သော် လည်းကောင်း သင့်တင့်သည့် အစားထိုးပြစ်ဒဏ်အတွက် ဆုံးဖြတ်ချက်အား တရားရုံးက ပြင်ဆင်ပေးပါရန် အထက် တရားရုံး၌ habeas corpus  စီရင်ချက်အတွက် အသနားခံစာလျှောက်တင်နိုင်မည်။" ဟု ကယ်လီဖိုးနီးယား နှင့် အန်ဒါဆင် ၁၉၇၂ စီရင်ဆုံးဖြတ်ချက်၏ နိဂုံး စာမျက်နှာအောက်ခြေပါ ရှင်းလင်းချက်၌ ဖော်ပြပါရှိသည်။[၄၆] သို့ဖြစ်ရာ ထောင်ဒဏ် ၇ နှစ် ကျခံပြီးနောက် မန်ဆန်အတွက် ခံဝန် လျှောက်ထားနိုင်ရန် လိုအပ်ချက်ပြည့်မီစေခဲ့သည်။[၄၇] သူ၏ ခံဝန်လျှောက်ထားမှု ပထမအကြိမ်ကြားနာမှုကို ၁၉၇၈ နိုဝင်ဘာ ၁၆ ၌ ဗခါဗီးလ်ရှိ ကယ်လီဖိုးနီးယား ဆေးဘက်ဆိုင်ရာ ဌာနတွင် ပြုလုပ်ခဲ့ပြီး ၎င်း၏အသနားခံစာ ပယ်ချခံရသည်။[၄၈][၄၉]

၁၉၈၀-၁၉၉၀ ခုနှစ်[ပြင်ဆင်ရန်]

Folsom ပြည်နယ်အကျဉ်းထောင်၊ Manson ၏အချုပ်ခန်းများမှ တစ်ခု

၁၉၈၀ ခုနှစ်များအတွင်း မီဒီယာများနှင့် အင်တာဗျူး ၄ ခု ပြုလုပ်ခဲ့သည်။ ပထမ ၁ ခုကို ကယ်လီဖိုးနီးယား ဆေးဘက်ဆိုင်ရာဌာနတွင် အသံသွင်းခဲ့ပြီး ၁၉၈၁ ဇွန် ၁၃၌ အန်ဘီစီရုပ်သံလိုင်း တွမ်ဆနိုင်ဒါ၏ တူမောရိုးရှိုးအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည်။ ဒုတိယ ၁ ခုကို ဆန် ကွမ်တင် ပြည်နယ်အကျဉ်းထောင်၌ ရိုက်ကူးပြီး ၁၉၈၆ မတ် ၇ ရက်တွင် စီဘီအက်စ် ရုပ်သံလိုင်း ချာလီရို့စ်၏ နျူးစ်နိုက်တ်ဝတ်ချက် အစီအစဉ်မှ ထုတ်လွှင့်ပြသခဲ့ရာ ၁၉၈၇ ခုနှစ်အတွက် အကောင်းဆုံးအင်တာဗျူး နိုင်ငံ့သတင်းဆိုင်ရာ အမ်မီဆုကို ရရှိခဲ့သည်။[၅၀] တတိယ ၁ ခုကို ၁၉၈၈ တွင် ဂျရဲလ်ဒို ရီဗဲရာနှင့် ပြုလုပ်ခဲ့ပြီး မာရ်နတ်အယူ ပင်မချိန် အထူးအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ထုတ်လွှင့်ပြသခဲ့သည်။[၅၁] ဆနိုင်ဒါနှင့် အင်တာဗျူးစဉ်ကပင် မန်ဆန်၏ နဖူးပေါ်၌ ယခင် တရားရုံးတင်စစ်ဆေးစဉ်က ကြက်ခြေခတ် အမှတ်အသားရှိခဲ့သော နေရာတွင် နာဇီစင်္ကြာအမှတ်အသား ရေးထိုးထားသည်ကို တွေ့ရသည်။[၅၂]

စူပါစတား ချားလ်စ် မန်ဆန်  (၁၉၈၉) မှတ်တမ်းအစီအစဉ်အတွက် နီကိုလတ်စ် ရှရက်က မန်ဆန်နှင့် တွေ့ဆုံမေးမြန်း ခဲ့ပြီး မန်ဆန်မှာ ရူးသွပ်နေသူမဟုတ်ဘဲ ကြံရာမရသည့်အဆုံး ယင်းသို့ပြုမူခြင်းဟု ရှရက်က မှတ်ချက်ချသည်။[၅၃][၅၄]

၁၉၈၄ စက်တင်ဘာ ဗကာဗီးလ်ရှိ ကယ်လီဖိုးနီးယားပြည်နယ် ဆေးဘက်ဆိုင်ရာဋ္ဌာနတွင် မန်ဆန်အကျဉ်းကျနေစဉ် ထောင်သား ဂျန် ဟုမ်းစထရောမ်က paint thinner များ‌ မန်ဆန့်ကိုယ်ပေါ် လောင်းချပြီး မီးတင်ရှို့ခဲ့ရာ ခန္ဓာကိုယ် ၂၀ ရာခိုင်နှုန်းကျော်တွင် ဒုတိယနှင့်တတိယအဆင့် မီးလောင်ဒဏ်ရာများရခဲ့သည်။ ခရစ်ရှနား ရွတ်ဆိုမှုကို မန်ဆန်က ကန့်ကွက်ပြီး နှုတ်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု ဟုမ်းစထရောမ်က ရှင်းပြသည်။[၅၅]

၁၉၈၉ နောက်ပိုင်းတွင် ကင်းစ်ကောင်တီ ကော်ကိုရန် ကယ်လီဖိုးနီးယားပြည်နယ်အကျဉ်းထောင် စောင့်ကြပ်ခံ အဆောင်၌ အကျဉ်းကျခဲ့သည်။ သာမန်ထောင်သားများ၏ အန္တရာယ်ပြုမှုခံရဖွယ်ရာရှိသည့် ထောင်သားများအား ယင်းအဆောင်တွင် ထားရှိသည်။ ဆန်ကွမ်တင် ပြည်နယ်အကျဉ်းထောင်၊[၅၀] ဗကာဗီးလ်ရှိ ကယ်လီဖိုးနီးယားပြည်နယ် ဆေးဘက်ဆိုင်ရာဌာန၊[၅၅] ဖော်လ်ဆမ်ပြည်နယ်အကျဉ်းထောင်နှင့် ပယ်လီကန်ဘေး ပြည်နယ်အကျဉ်းထောင်တို့ တွင်လည်း အကျဉ်းချခံရဖူးသည်။[၅၆][ကိုးကားချက်လိုသည်] ၁၉၉၇ ဇွန်လတွင် အကျဉ်းထောင်စည်းကမ်းထိန်းသိမ်းရေးကော်မတီက မန်ဆန် မူးယစ်ဆေးဝါးကုန်ကူးနေကြောင်း တွေ့ရှိရသည့်အတွက်[၅၆] ဩဂုတ်တွင် ပယ်လီကန်ဘေး ပြည်နယ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသည်။[၅၆]

၂၀၀၀ ပြည့်နှစ်များမှ – ၂၀၁၇[ပြင်ဆင်ရန်]

မန်ဆန် ၊ အသက် ၇၆ ၊ ၂၀၁၁ ဇွန်လ

ကယ်လီဖိုးနီးယားဆန်ကွမ်တင် ပြည်နယ်အကျဉ်းထောင်တွင်း ပြုလုပ်ခဲ့သည့် ၁၉၈၇ တွေ့ဆုံမေးမြန်းခန်းအပြည့်အစုံ The Mind of Manson ကို ၂၀၀၇ စက်တင်ဘာ ၅ ရက်တွင် အမ်အက်စ်အဲန်ဘီစီက ထုတ်လွှင့်ပြသသည်။ "ခြေကျဉ်းခတ်မထားသော၊ တောင်းပန်လိုစိတ်အလျဉ်းမရှိသော၊ ထိန်းမနိုင်သိမ်းမရ" မန်ဆန်၏ တိပ်ခွေသည် "မယုံနိုင်စရာကောင်းလောက်" သည့်အတွက် ၇ မိနစ်စာကိုသာ The Today Show တွင် နဂိုက ထုတ်လွှင့်ခဲ့သည်။[၅၇]

နဖူးပြောင်စပြုလာပြီဖြစ်ပြီး ထင်ရှားနေဆဲ နာဇီစကြာအမှတ်အသားပါ နဖူးပြင်၊ မီးခိုးရောင် မုတ်ဆိတ်ကျင်စွယ်နှင့် ဆံပင်တို့ဖြင့် တွေ့မြင်ရသည့် မန်ဆန်၏ ဓာတ်ပုံကို ကယ်လီဖိုးနီးယား စာရိတ္တပြုပြင်ရေး စခန်း အရာထမ်းများက ၂၀၀၉ မတ်လတွင် လူထုထံ ပြသခဲ့သည်။[၅၈]

၂၀၀၉ ခုနှစ်တွင် မန်ဆန်ကို ဆဲလ်ဖုန်းနှင့်တကွ ဖမ်းမိပြီး ကယ်လီဖိုးနီးယား၊ နယူးဂျာစီ၊ ဖလော်ရီဒါ နှင့် ဗြိတိသျှကိုလံဘီယာတို့ရှိ သူများနှင့် အဆက်အသွယ်ပြုလုပ်ထားသည်ဟု ၂၀၁၀ ၌ Los Angeles Times  သတင်းစာက ရေးသားသည်။ ရာဇဝတ်မှုပြုရန် ရည်ရွယ်ချက်ဖြင့် ဖုန်းအသုံးပြုခဲ့ခြင်း ရှိမရှိကို မသိရဟု ကယ်လီဖိုးနီးယား စာရိတ္တ ပြုပြင်ရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ၁ ဦးက ထုတ်ဖော်သည်။[၅၉] ဟန်နရီရိုးလင်းစ်၏ ထုတ်လုပ်မှုဖြင့် Completion ဟု ခေါင်းစဉ်တပ်ထားသော အကူးစတစ်ခ်ပေါ့သီချင်းများပါဝင်သည့် အယ်လ်ဘမ်ကို အသံသွင်းခဲ့သည်။ ချပ်ရေ ၅ ခုကိုသာ ထုတ်လုပ်ခဲ့သည် - ၂ ခုမှာ ရိုးလင်းစ်နှင့် သက်ဆိုင်ပြီး ကျန် ၃ ခုမှာ မန်ဆန်နှင့်သက်ဆိုင်ပုံရသည်။ အယ်လ်ဘမ်ကို ဖြန့်ချိခြင်းမရှိခဲ့ပေ။[၆၀]

နာမကျန်းမှု နှင့် သေဆုံးခြင်း[ပြင်ဆင်ရန်]

ကော်ကိုရန် ကယ်လီဖိုးနီးယား ပြည်နယ်အကျဉ်းထောင်၌ ထောင်ဒဏ်ကျခံနေစဉ် ၂၀၁၇ ဇန်နဝါရီ ၁ ရက်တွင် အစာအိမ် သွေးယိုမှုဝေဒနာ ခံစားရသည့်အတွက် ဘိတ်ကာစ်ဖီးလ်ဒ်မြို့လယ်ရှိ မာစီဆေးရုံသို့ အပြေးအလွှားပို့ဆောင်ခဲ့သည်။[၆၁] မန်ဆန်မှာ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေကြောင်း သတင်းပေး ၁ ဦးက Los Angeles Times  ထံပြောသည်။ ခွဲစိတ်မှုခံယူရန် "အားနည်းလွန်း" နေသည်ဟု ဆရာဝန်များက စဉ်းစားကြကြောင်း တီအမ်ဇက်က သတင်းပို့ သည်။[၆၂] ဇန်နဝါရီ ၆ တွင် ထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ခံယူနေသည့် ကုသမှုအား ထုတ်ဖော်မပြောခဲ့ပေ။[၆၃] ဘိတ်ကာစ်ဖီးလ်ဒ်ရှိ‌ ဆေးရုံ ၁ ရုံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ၂၀၁၇ နိုဝင်ဘာ ၁၅၌ စာရိတ္တပြုပြင်ရေးဋ္ဌာန၏ ခွင့်ပြုချက်မရရှိသော သတင်းပေး ၁ ဦးက အတည်ပြုလိုက်သည်။[၆၄] ဖက်ဒရယ်နှင့် ပြည်နယ်ဆေးဘက်ဆိုင်ရာ အတွင်းရေးဥပဒေအား လိုက်နာသောအားဖြင့် ကယ်လီဖိုးနီးယား စာရိတ္တပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေး ဌာနက ဤသတင်းကို အတည်မပြုခဲ့ပေ။[၆၅] နိုဝင်ဘာ ၁၉ ဆေးရုံတင်ပြီး ၄ ရက်အကြာ၌  အသက်ရှုလမ်းကြောင်းချို့ယွင်းမှု နှင့် အူမကြီးကင်ဆာတို့၏ နောက်ဆက်တွဲအနေဖြင့် နှလုံးရပ်ပြီး သေဆုံးခဲ့သည်။[၆၆][၆၇][၆၈]

မန်ဆန်၏ အိမ် နှင့် ကိုယ်ခန္ဓာကို တောင်းရန် လူ ၃ ဦးက ဆန္ဒဖော်ပြသည်။[၆၉][၇၀][၇၁] မန်ဆန်၏ ကျန်ရစ်ပစ္စည်းများအား ပိုင်ဆိုင်မှုရယူလိုကြောင်း မန်ဆန်၏ မြေး ဂျေဆန်ဖရီးမန်းက ထုတ်ဖော်ပြောသည်။[၇၂] မန်ဆန်၏ စာပေးစာယူမိတ်ဆွေ မိုက်ကယ် ရှနယ်လ်တွင် ၂၀၀၂ ဖေဖော်ဝါရီ ၁၄ ရက်စွဲပါ သေတမ်းစာရှိပြီး ယင်းစာအရ မန်ဆန်၏ နေအိမ်ခြံမြေ တစ်ခုလုံးနှင့် သူ၏ကိုယ်ခန္ဓာကို သူ့အား လွှဲခဲ့သည်။[၇၃][၇၄] မန်ဆန်၏ သူငယ်ချင်း ၁ ဦးဖြစ်သူ ဘန် ဂူရက်ကီတွင် ၂၀၁၇ ဇန်နဝါရီ ရက်စွဲပါ သေတမ်းစာရှိပြီး စာအရ အိမ်ခြံမြေနှင့် ကိုယ်ခန္ဓာကို သူ၏ သားဟုဆိုသည့် မက်သရူး ရောဘတ်စ်ထံ ပေးခဲ့သည်။[၆၉][၇၀] ဖရီးမန်းနှင့် ရောဘတ်စ်တို့ သွေးသားတော်စပ်မှုရှိမရှိကို ၂၀၁၀ စီအဲန်အဲန် သတင်းဌာနက ဒီအဲန်အေ တိုက်ဆိုင်စစ်ဆေးမှုပြုခဲ့ရာ တော်စပ်မှုမရှိကြောင်း တွေ့ရသည်။  (ရောဘတ်စ်နှင့်မန်ဆန် အကြား တိုက်ဆိုင် စစ်ဆေးမှုကို ကြိုးပမ်းခဲ့သော်လည်း ရလဒ်မှာ "မသန့်စင်" ဆိုသည်။)[၇၅] ၂၀၁၈ မတ် ၁၂ တွင် မန်ဆန်၏ ကိုယ်ခန္ဓာနှင့် ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကဲန်း ကောင်တီ အထက်တရားရုံးက ဖရီးမန်းအား အနိုင်ပေးခဲ့သည်။ ၂၀၁၈ မတ် ၂၀ တွင်  ယခင်ကပြောခဲ့သည့်အတိုင်း မန်ဆန်အား ဖရီးမန်းက မီးသင်္ဂြိုဟ်ခဲ့သည်။[၇၆]

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

ယုံကြည်ကိုးကွယ်မှု[ပြင်ဆင်ရန်]

ထောင်သား လေနီယာရိုင်းနာ၏ အကူအညီဖြင့် ၎င်းနှင့်အတူ အကျဉ်းကျနေစဉ်အတွင်း ယင်းဘာသာတရားကို လေ့လာ လိုက်စားပြီးနောက် ၁၉၆၁ ဇူလိုင်တွင် ဆိုင်းယန်တိုလော်ဂျီမှာ သူ၏ ဘာသာတရားဖြစ်သည်ဟု မန်ဆန်က ပြောသည်။[၇၇] သို့သော် ဆိုင်းယန်တိုလော်ဂျီ ဘုရားကျောင်း အဖွဲ့ဝင်မဟုတ်ပေ။[၇၈][၇၉][၈၀] မန်ဆန်က နာရီပေါင်း ၁၅၀ ကြာအောင် ပြန်လှန် သုံးသပ်ပြီးနောက် ဆိုင်းယန့်တိုလော်ဂျီမှာ "ရူးသွပ်လွန်း" သည် ဟု ကြေညာသည်။[၈၁]

ပတ်သက်ဆက်နွယ်မှုများနှင့် သားသမီးများ[ပြင်ဆင်ရန်]

လော့စ်အန်ဂျလိစ် တေးဂီတမိတ်ဆက် နှင့် တေးရေးဆရာ မက်သရူးရောဘတ်စ်က သူသည် မန်ဆန်၏ သွေးသားဖြစ်နိုင် ကြောင်းကို ညွှန်းနေသည့် ပေးစာများနှင့် အခြားအထောက်အထားများအား ၂၀၀၉ တွင် ဖွင့်ချလိုက်သည်။ ရောဘတ်၏ မွေးမိခင်ရင်းမှာ မန်ဆန်မိသားစု၏ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး မန်ဆန်၏ မတရားကျင့်ခံရသည့်အခါ ၁၉၆၇ နှစ်လယ်တွင် အဖွဲ့မှ ပြန်ထွက်လာခဲ့သည်။ ကိုယ်ဝန်ကြီးရင့်ပြီး ၁၉၆၈ မတ် ၂၂ တွင် မီးဖွားရန်အတွက် မိဘအိမ်သို့ ပြန်လာပြီး ရောဘတ်အား မွေးစားမည့်သူရှာခဲ့သည်။ မိသားစု အဖွဲ့က လူသတ်မှုများ စတင်မကျူးလွန်ခင် ၂ နှစ်အလို ၁၉၆၇ ခုနှစ်အတွင်း သူမနှင့် လိင်ဆက်ဆံရေးရှိခဲ့ဖူးပြီး ဖခင်ဖြစ်နိုင်ကြောင်း မန်ဆန်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုသည်။[၈၂] မန်ဆန်၏ သွေးသားရင်း မြေး ဂျေဆန်ဖရီးမန်း နှင့် မက်သရူးရောဘတ်စ်တို့အကြား ဒီအဲန်အေ စစ်ဆေးမှုကို ၂၀၁၂ ၌ စီအဲန်အဲန် သတင်းဋ္ဌာနက ပြလုပ်ခဲ့ရာ  တော်စပ်မှုမတွေ့ရပေ။[၇၅] မန်ဆန်ကို သူ၏ဖခင်အဖြစ် သတ်မှတ်နိုင်ရေး ရောဘတ်စ်၏ နောက်ပိုင်းကြိုးပမ်းမှု များမှာလည်း မအောင်မမြင်ဖြစ်ခဲ့သည်။[၈၃]

အကျဉ်းကျခံ မန်ဆန် နှင့် အသက် ၂၆ နှစ်အရွယ်ရှိ အက်ဖ်တန် အီလိန်း "စတား" ဘာတန် တို့ စေ့စပ်ကြောင်းလမ်း ပြီးစီးကြောင်း ၂၀၁၄ တွင် ကြေညာပြီး နိုဝင်ဘာ ၇ ရက်တွင် ထိမ်းမြားမှုအသိအမှတ်ပြုလိုင်စင် ရယူခဲ့သည်။[၈၄] ဘာတန်အား "စတား" ဟူသောအမည်ကို မန်ဆန်ကိုယ်တိုင်ပေးခဲ့ခြင်းဖြစ်သည်။ ၉ နှစ်ကြာသည့်တိုင် မန်ဆန်အား ထောင်ဝင်စာ သွားတွေ့ခဲ့ပြီး သူ အပြစ်ကင်းစင်ကြောင်း ကြေညာသည့် ဝက်ဘ်ဆိုဒ်အချို့ကိုလည်း ထောင်ခဲ့သည်။[၈၅] မင်္ဂလာဆောင် မဆင်နွှဲရဘဲ ထိမ်းမြားမှုအသိအမှတ်ပြုလိုင်စင်မှာ ၂၀၁၅ ဖေဖော်ဝါရီ ၅ တွင် သက်တမ်းကုန်ဆုံးခဲ့သည်။[၈၆] သူသေဆုံးပြီး နောက် သူ၏ ရုပ်အလောင်းအား ခရီးသွားများအား ဆွဲဆောင်မှု တစ်ခု အဖြစ် အသုံးချနိုင်ရန်အတွက်သာ မန်ဆန်ကို လက်ထပ်ရန် ဘာတန်နှင့် သူငယ်ချင်း ခရိတ် "ဂရေးဝို့လ်ဖ်" ဟမ်းမန်တို့က ကြံစည်ထားကြောင်း ပေါ်သွားသည့်အတွက် မင်္ဂလာဆောင်ကို ဖျက်သိမ်းလိုက်သည်ဟု ဂျာနယ်လစ် ဒဲနီရယ်လ်စီမုန်းက သတင်းပေးပို့သည်။[၈၆][၈၇] မန်ဆန်က သူဘယ်သော အခါမျှ သေမည်မဟုတ်ဟု ယုံကြည်ပြီး ဘာတန်နှင့် ဟမ်းမန်တို့ သူ့အား ထောင်ဝင်စာဆက်တွေ့နေရန်နှင့် လက်ဆောင်များ ယူလာစေရန်အတွက်သာ လက်ထပ်မှုကို နည်းလမ်းတရပ်အနေဖြင့် သုံးခဲ့ကြောင်း စီမုန်း၏ သတင်းပေးချက်အရ သိရသည်။ စီမုန်းက ပူးတွဲစာရေးသူ ဟိုက်ဒီဂျော်ဒန်လေး နှင့်အတူ မန်ဆန်၏ အကျဉ်းကျဘက် အချို့၏ အကူအညီဖြင့် မန်ဆန်အကြောင်း စာအုပ်ရေးသားပြီး ထုတ်ဝေမည့်သူအား ရှာဖွေခဲ့သည်။ မင်္ဂလာဆောင် မဖြစ်မြောက်ရခြင်းမှာ ပို့ဆောင်ရေးအခက်အခဲကြောင့်မျှသာဟု ဘာတန်က သူမ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။ မန်ဆန်မှာ ကူးစက်မှုဝေဒနာခံစားနေရသောကြောင့် အကျဉ်းထောင်ဆေးပေးခန်း၌ ၂ လခန့် ဆေးကုသခံနေရသဖြင့် ထောင်ဝင်စာလာတွေ့သူများကို လက်ခံခြင်းမပြုနိုင်ကြောင်း နှင့် ထိမ်းမြားမှုအသိအမှတ်ပြုလိုင်စင်ကို သက်တမ်းတိုးရန် အပြင် မင်္ဂလာဆောင် အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း သူမက ပြောသည်။[၈၆]

စိတ္တဗေဒ[ပြင်ဆင်ရန်]

၂၀၁၂ ဧပြီ ၁၁ ၌ ၁၂ ကြိမ်မြောက် ခံဝန်ကြားနာမှုကို မန်ဆန်တက်ရောက်ခဲ့ခြင်းမရှိဘဲ ထောင်မှ လွတ်ခွင့်လည်း ငြင်းပယ်ခံရသည်။ ၁၉၉၇ မတ် ၂၇ တွင် ခံဝန်ကြားနာမှုပြီးနောက် နောက်ပိုင်းကြားနာမှုမှန်သမျှကို မန်ဆန် တက်ရောက်ရန် ငြင်းဆိုသည်။ မန်ဆန်တွင် "ချုပ်ခြယ်တတ်သည့်အမူအကျင့် ရာဇဝင်" နှင့် schizophrenia နှင့် ယုံမှားသံသယလွန်ကဲ ထင်ယောင်ထင်မှား ဖောက်ပြန်မှု အပါအဝင် "စိတ်ကျန်းမာရေးပြဿနာ" များ ရှိသည့်အတွက် လွတ်မြောက်ခွင့်ပေးရန် အန္တရာယ်ကြီးလွန်းသည်ဟု ယင်းတရားခွင်၌ ခုံအဖွဲ့က မှတ်ချက်ချသည်။[၈၈] မန်ဆန်သည် စည်းမျဉ်း ၁၀၈ ခုအား ချိုးဖောက်မှုအတွက် တိုင်ကြားမှုများ ရှိထားပြီး နောင်တရမှု မပြ ၊ ရာဇဝတ် ကျူးလွန်မှုဖြစ်စေသည့် အကြောင်းအချက် များအား သိမြင်မှုမရှိ ၊ ရာဇဝတ်မှုများ၏ အတိုင်းအဆကို နားလည်မှု ကင်းမဲ့ ၊ လူသားတို့၏ နာကျင်ခံစားရမှု အပေါ် မကြုံဖူးလောက်အောင် ဂရုမထား ၊ ခံဝန်အစီအစဉ်မရှိဟု ခုံအဖွဲ့က အမှတ်အသားပြုသည်။[၈၉] နောင် ၁၅ နှစ်အတွက် မန်ဆန်အတွက် ခံဝန်မစဉ်းစားရန် ၂၀၁၂ ဧပြီ ၁၁ ရက် ကြားနာမှု က ဆုံးဖြတ်လိုက်ရာ ၎င်း အသက် ၉၂ နှစ်ပြည့်ချိန် ၂၀၂၇ ခုနှစ်အထိ သက်ရောက်သည်။[၉၀]

အမွေအနှစ်[ပြင်ဆင်ရန်]

ယဉ်ကျေးမှုအပေါ် သက်ရောက်မှု[ပြင်ဆင်ရန်]

၁၉၇၀ ဇန်နဝါရီမှစ၍ မန်ဆန်အား မြေအောက်သတင်းစာ Los Angeles Free Press  နှင့် "တစ်နှစ်တာအတွက်အကျော်ကြားဆုံးပုဂ္ဂိုလ်" အဖြစ်Tuesday's Child  က ပွေ့ဖက်ကြိုဆိုခဲ့ကြသည်။ ၁၉၇၀ ဇွန်လ Rolling Stone  ၏ ကာဗာစတိုရီ "ချားလ်စ်မန်ဆန် - သက်ရှိထင်ရှား အန္တရာယ်အများဆုံး ပုဂ္ဂိုလ်၏ အံ့ဖွယ်ဇာတ်လမ်း" ၏ ဇာတ်ကောင်ဖြစ်ခဲ့သည်။[၉၁] ယင်းဇာတ်လမ်းအား ပြင်ဆင်နိုင်ရန်အတွက် Rolling Stone  မှ စာရေးသူတစ်ဦးက လော့စ်အန်ဂျလိစ် ခရိုင်ရှေ့နေ၏ ရုံးခန်းသို့သွားရောက်ခဲ့စဉ်[၉၂] မန်ဆန်အား ပေါ့ယဉ်းကျေးမှုနှင့် တွဲဖက်ပေးနိုင်မည့် သွေးသံရဲရဲ "Healter Skelter" ဓာတ်ပုံကြောင့် ကြက်သေသေသွားခဲ့သည်ဟု ဆိုသည်။[၉၃] မန်ဆန်မှာ "ပြန်ကြွလာတဲ့ ခရစ်တော်" သို့တည်းမဟုတ် "တို့ခေတ်ရဲ့ အော့နှလုံးနာစရာ ပြယုဂ်" သတ်မှတ်နိုင်ရေးအတွက် မြေအောက်သတင်းစာ တွင် အငြင်းပွားခဲ့ကြောင်း အစိုးရရှေ့နေ ဗင်းဆင့်ဘတ်ဂလီအိုစီက Helter Skelter ပူးတွဲစာရေးသူ ကတ်ဂျန်ထျီအား ထောက်ပြပြောဆိုခဲ့သည်။

နာဇီဝါဒထောက်ခံသူလည်းဖြစ် မန်ဆန်၏ နောက်လိုက်လည်းဖြစ်သူ ဂျိမ်းစ်မန်ဆန်က နာဇီလိုလားသည့် အကြမ်းဖက်သမား အက်တမ်ဝါဖန် ဒဗစ်ရှင်ကဲ့သို့ လက်ယာအစွန်းရောက် လှုပ်ရှားမှုများအား လွှမ်းမိုးသည့် အဖွဲ့အစည်း ယူနီဗာဆယ်အော်ဒါ ကို တည်ထောင်ခဲ့သည်။[၉၄] ယူနီဗာဆယ်အော်ဒါ၏ အမည် နှင့် အမှတ်တံဆိပ်ဖြစ်သည့် တရားချိန်ခွင်ကြား နာဇီစကြာကို မန်ဆန်က အဝေးမှ ဖန်တီးခဲ့သည်။

ထိုစဉ်က ဥရောပ၌ တည်ရှိသော "မန်ဆန်လိုလားသူဂိုဏ်း" ကို မန်ဆန်၏ သီချင်းများ နှင့် "သူ့အားထောက်ခံသည့် သီချင်းများ" ကို တီးခတ်သီဆိုသည့် ရော့ခ်ဂီတအဖွဲ့ ၇၀ ခန့် က ကိုယ်စားပြုသည် ဟု ဘီဘီစီ ဝန်ထမ်း ၁ ဦး၏ ပြောဆိုချက်ကို Bugliosi က ၁၉၉၄ ခုနှစ်ထုတ် ဖြစ်ရပ်မှန် စာအုပ် Helter Skelter စကားကြွင်း၌ ကိုးကားသည်။[၉၅]

ဂီတ[ပြင်ဆင်ရန်]

မန်ဆန်၏ အသံသွင်းတိပ်ခွေများ - ဂီတသာမက စကားပြောကို ဖြန့်ချိခဲ့သည်။ ယင်းအယ်လ်ဘမ်များအနက်က တစ်ခုဖြစ်သော The Family Jams တွင် မန်ဆန်နှင့်အခြားသူများအဖမ်းခံရပြီးနောက် ၁၉၇၀ တွင် သယ်ဖမ်မလီက အသံသွင်းထားသော မန်ဆန်၏ တေးသီချင်းများ စီဒီ ၂ ချပ်ပါဝင်သည်။ ဂစ်တာတီးခတ်သူနှင့် ပင်တိုင်အဆိုကို စတိဗ်ဂရိုဂန်က ဆောင်ရွက်ပြီး[၉၆] လင်းနက်တ်ဖရောမ်၊ ဆန်ဒရာ ဂွတ်ဒ်၊ ကက်သရင်း ရှဲ နှင့် အခြားသူများကလည်း အသံအားဖြည့်ပေးသည်။[၉၇] ဖြန့်ချိစဉ်က အသစ်အဆန်းဖြစ်သော ဂီတ ကဗျာ နှင့် စကားပြော အယ်လ်ဘမ် One Mind ကို Creative Commons လိုင်စင်ဖြင့် ၂၀၀၅ ဧပြီတွင် ဖြန့်ချိသည်။[၉၈][၉၉]

အမေရိကန် ရော့ခ်ဂီတအဖွဲ့ Guns N' Roses က မန်ဆန်၏ "Look at Your Game, Girl” ကို ၎င်းတို့၏ ၁၉၉၃ ထုတ် "The Spaghetti Incident?"  အယ်လ်ဘမ်၏ စာရင်းမသွင်းထားသော ၁၃ ပုဒ်မြောက် တေးသီချင်းအဖြစ် အသံသွင်းခဲ့သည်။[၉၅][၁၀၀][၁၀၁] အမေရိကန်ရော့ခ်ဂီတအဖွဲ့ မရီလင်မန်ဆန်၏ Portrait of an American Family အယ်လ်ဘမ် "My Monkey" သီချင်းတွင် "I had a little monkey / I sent him to the country and I fed him on gingerbread / Along came a choo-choo / Knocked my monkey cuckoo / And now my monkey's dead." ဟူသော စာသားများ ပါဝင်သည်။ ထိုစာသားများမှာ  မန်ဆန်၏ LIE အယ်လ်ဘမ်ပါ "Mechanical Man" မှ ယူထားခြင်း ဖြစ်သည်။[၁၀၂] ခရစ်(စ်)ပင်ဂလိုဗာက ၁၉၈၉ တွင် ဖြန့်ချိသည့် The Big Problem ≠ The Solution. The Solution=Let It Be  အယ်လ်ဘမ်တွင် "Never Say 'Never' to Always" ကို ထည့်သွင်းခဲ့သည်။

Kasabian၊ Spahn Ranch နှင့် Marilyn Manson ကဲ့သို့ ဂီတဖျော်ဖြေတင်ဆက်သူများက ၎င်းတို့၏ အမည်များကို မန်ဆန်နှင့်သူ၏အတွေးအမြင် များမှ ဆင်းသက်လာခြင်းဖြစ်သည်။[၁၀၃][၁၀၄][၁၀၅]


ကိုးကား[ပြင်ဆင်ရန်]

  1. Charles Manson, Leader of Murderous Cult, Dies at 83။ NPR။ January 19, 2019 တွင် ပြန်စစ်ပြီး။
  2. Radner၊ Hilary; Luckett၊ Moya (April 12, 1999)။ Swinging Single: Representing Sexuality in the 1960s။ U of Minnesota Press။ ISBN 978-0-8166-3351-7 – via Google Books။
  3. Stimson၊ George (2014)။ Goodbye Helter Skelter။ California: The Peasenhall Press။ p. 5။ ISBN 978-0-9913725-8-4
  4. People v. Manson (in en)။ 2019-05-11 တွင် ပြန်စစ်ပြီး။
  5. Manson Murders Motive | Copycat Motive။ 2019-05-11 တွင် ပြန်စစ်ပြီး။
  6. Day, James Buddy (Director). 2017. Charles Manson: The Final Words (Documentary). Pyramid Productions.
  7. Woods၊ Jared (November 21, 2017)။ 15 Lesser-Known Facts About The Late Charles Manson။ The Clever။ November 29, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. Internet Accuracy Project: Charles Manson, a website dedicated to providing accurate information on the web။ Accuracyproject.org။ October 28, 2012 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ ၉.၄ Bugliosi & Gentry 1974, pp. 136–7
  10. Manson 1988, p. 28
  11. ၁၁.၀ ၁၁.၁ Smith၊ Dave။ "Mother Tells Life of Manson as Boy"၊ Jan 26, 1971။ 
  12. Reitwiesner, William Addams. Provisional ancestry of Charles Manson Archived March 5, 2016, at the Wayback Machine.; retrieved April 26, 2007.
  13. Internet Accuracy Project: Charles Manson။ Accuracyproject.org။ October 28, 2012 တွင် ပြန်စစ်ပြီး။
  14. Guinn 2013, p. 22
  15. ၁၅.၀ ၁၅.၁ Guinn 2013, p. 23
  16. Guinn 2013, p. 27
  17. "Long Before Little Charlie Became the Face of Evil"၊ The New York Times၊ August 7, 2013။ Archived from the original on September 30, 2015။ 
  18. Guinn 2013, p. 36
  19. Guinn 2013, pp. 37–42
  20. Guinn 2013, pp. 42–43
  21. Bugliosi & Gentry 1974, pp. 136–146
  22. Guinn 2013, p. 43
  23. ၂၃.၀ ၂၃.၁ Guinn 2013, p. 45
  24. ၂၄.၀၀ ၂၄.၀၁ ၂၄.၀၂ ၂၄.၀၃ ၂၄.၀၄ ၂၄.၀၅ ၂၄.၀၆ ၂၄.၀၇ ၂၄.၀၈ ၂၄.၀၉ ၂၄.၁၀ ၂၄.၁၁ ၂၄.၁၂ Bugliosi & Gentry 1974, pp. 137–146
  25. Guinn 2013, p. 52
  26. Manson 1988
  27. Short Bits 2 – Charles Manson and the Beach BoysLost in the Grooves (April 13, 2006)။ July 18, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 2, 2012 တွင် ပြန်စစ်ပြီး။
  28. Rule၊ Ann (August 18, 2013)။ "There Will Be Blood"။ The New York Times Book Review။ p. 14။
  29. Did Charles Manson Audition for The Monkees?။ July 5, 2018 တွင် ပြန်စစ်ပြီး။
  30. "The Manson family: Who are they and where are they now?"၊ KXTV၊ November 2, 2017။ Archived from the original on March 31, 2017။ 
  31. "Manson Family murders: Key players in the Tate-LaBianca killings"၊ ABC7 Los Angeles၊ June 14, 2015။ Archived from the original on June 17, 2015။ 
  32. "Manson follower's chilling murder description: 'We started stabbing and cutting up the lady'"၊ Los Angeles Times၊ April 15, 2016။ [လင့်ခ်သေ]
  33. "'Pure luck' led to famous photo of would-be President Ford assassin"၊ The Sacramento Bee၊ September 5, 2017။ Archived from the original on September 5, 2017။ 
  34. Charles Manson's Son Says He Wishes He'd Gotten to Know Him Before His Death။ Inside Edition Inc, CBS Interactive။ 24 August 2019 တွင် ပြန်စစ်ပြီး။
  35. We Spoke to Charles Manson’s Guitarist About Making Art While Serving Time for Murder။ Vice Media။ 24 August 2019 တွင် ပြန်စစ်ပြီး။
  36. Meet Bobby Beausoleil: The Haight-Ashbury Hippie Who Became A Manson Family Murderer။ PBH Network။ 24 August 2019 တွင် ပြန်စစ်ပြီး။
  37. Charles Manson and the Manson Family။ Crime Museum, LLC။ 24 August 2019 တွင် ပြန်စစ်ပြီး။
  38. https://www.cbc.ca/news/world/charles-manson-family-cult-followers-1.4409873
  39. Bugliosi & Gentry 1974, pp. 258–269
  40. Sanders 2002, p. 336
  41. Lie: The Love And Terror Cult Archived February 28, 2008, at the Wayback Machine.. ASIN: B000005X1J. Amazon.com. Access date: November 23, 2007.
  42. Syndicated column re LIE release Mike Jahn, August 1970.
  43. Sanders 2002, pp. 64–65
  44. Dennis Wilson interview Archived December 15, 2007, at the Wayback Machine. Circus magazine, October 26, 1976. Retrieved December 1, 2007.
  45. Rolling Stone story on Manson, June 1970: Coverwall – Rolling Stone။ December 23, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 25, 2017 တွင် ပြန်စစ်ပြီး။
  46. People v. Anderson, 493 P.2d 880, 6 Cal. 3d 628 (Cal. 1972), footnote (45) to final sentence of majority opinion. Retrieved April 7, 2008.
  47. Bugliosi & Gentry 1974, p. 488
  48. Bugliosi & Gentry 1974, p. 498
  49. Charles Manson Family and Sharon Tate-Labianca Murders – Cielodrive.com။ April 24, 2012 တွင် ပြန်စစ်ပြီး။
  50. ၅၀.၀ ၅၀.၁ Joynt, Carol. Diary of a Mad Saloon Owner Archived July 14, 2011, at the Wayback Machine.. April–May 2005.
  51. Shales၊ Tom။ "Rivera's 'Devil Worship' was TV at its Worst"၊ October 31, 1988။ 
  52. Itzkoff၊ Dave။ "Hearts and Souls Dissected, in 12 Minutes or Less"၊ New York Times၊ July 31, 2007။ Archived from the original on January 11, 2012။ "Appraisal of Tom Snyder, upon his death. Includes photograph of Manson with swastika on forehead during 1981 interview." 
  53. တမ်းပလိတ်:Cite av media
  54. တမ်းပလိတ်:Cite av media
  55. ၅၅.၀ ၅၅.၁ Bugliosi & Gentry 1974, p. 497
  56. ၅၆.၀ ၅၆.၁ ၅၆.၂ "Manson moved to a tougher prison after drug charge"၊ August 22, 1997၊ စာ- 7A။ 
  57. Transcript, MSNBC Live Archived November 11, 2007, at the Wayback Machine.. September 5, 2007. Retrieved November 21, 2007.
  58. "New prison photo of Charles Manson released"၊ CNN၊ March 20, 2009။ Archived from the original on July 29, 2009။ 
  59. Wilson၊ Greg (December 3, 2010)။ "Cell" Phone: Charles Manson Busted with a Mobile။ NBC Los Angeles။ October 19, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 28, 2012 တွင် ပြန်စစ်ပြီး။
  60. "Henry Rollins produced Charles Manson album"၊ The Guardian၊ December 15, 2010။ Archived from the original on October 29, 2017။ 
  61. Killer Charles Manson's failing health renews focus on cult murder sagaLos Angeles Times (January 4, 2017)။ January 5, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 4, 2017 တွင် ပြန်စစ်ပြီး။
  62. US killer Manson 'too weak' for surgery။ RTÉ (January 7, 2017)။ January 8, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 7, 2017 တွင် ပြန်စစ်ပြီး။
  63. "Charles Manson is returned to prison after stay at Bakersfield hospital"၊ Los Angeles Times၊ January 7, 2017။ Archived from the original on January 7, 2017။ 
  64. Tchekmedyian၊ Alene။ "Charles Manson hospitalized in Bakersfield; severity of illness unclear"၊ Los Angeles Times၊ November 15, 2017။ [လင့်ခ်သေ]
  65. Scripps National Desk (November 17, 2017)။ Charles Manson's condition still unannounced။ ABC 15။ November 18, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  66. "Charles Manson Dead at 83"Rolling Stone။ နိုဝင်ဘာ 20, 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး
  67. "Charles Manson Dead at 83"၊ TMZ၊ November 19, 2017။ Archived from the original on November 20, 2017။ 
  68. Inmate Charles Manson Dies of Natural CausesCalifornia Department of Corrections and Rehabilitation (November 19, 2017)။ November 20, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  69. ၆၉.၀ ၆၉.၁ "Battle erupts over control of Charles Manson's remains, estate"၊ New York Daily News၊ November 24, 2017။ Archived from the original on November 27, 2017။ 
  70. ၇၀.၀ ၇၀.၁ "Charles Manson's secret prison pen pal Michael Channels wants murderer's body"၊ New York Daily News၊ November 28, 2017။ Archived from the original on December 5, 2017။ 
  71. "Manson's pen pal files will and testament to get his body"၊ New York Post၊ November 28, 2017။ Archived from the original on December 5, 2017။ 
  72. "Manson's grandson hopes to claim remains, bring them to Florida"၊ San Francisco Chronicle၊ November 21, 2017။ Archived from the original on November 22, 2017။ 
  73. "Charles Manson Will Surfaces Pen Pal Gets Everything"၊ TMZ.com၊ November 24, 2017။ Archived from the original on November 26, 2017။ 
  74. "Charles Manson's Pen Pal, Grandson Battle For His Body"၊ TMZ.com၊ November 29, 2017။ Archived from the original on November 29, 2017။ 
  75. ၇၅.၀ ၇၅.၁ Marquez၊ Miguel (April 24, 2012)။ Two men relate to same haunting specter – Charles Manson။ CNN။ 2019-05-14 တွင် ပြန်စစ်ပြီး။
  76. "Grandson wins bizarre battle over body of Charles Manson"၊ Washington Post၊ March 12, 2018။ March 12, 2018 တွင် ပြန်စစ်ပြီး။ Archived from the original on March 13, 2018။ 
  77. Bugliosi & Gentry 1974, p. 200
  78. Mallia၊ Joseph။ "Inside the Church of Scientology – Church wields celebrity clout"၊ Boston Herald၊ March 5, 1998၊ စာ- 30။ 
  79. Roberts၊ Steven V.။ "Charlie Manson, Nomadic Guru, Flirted With Crime in a Turbulent Childhood"၊ New York Times၊ 7 December 1969၊ စာ- 84။ 
  80. Goodsell၊ Greg။ "Manson once proclaimed Scientology"၊ Catholic Online၊ www.catholic.org၊ February 23, 2010။ 2010-02-24 တွင် ပြန်စစ်ပြီး။ Archived from the original on 27 February 2010။ 
  81. https://www.cs.cmu.edu/~dst/Library/Shelf/cooper/scandal_behind_scandal.html
  82. Borland, Huw, "Man Finds His Long-Lost Dad Is Charles Manson Archived November 26, 2009, at the Wayback Machine. Archived copy။ November 26, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 18, 2015 တွင် ပြန်စစ်ပြီး။", Sky News Online, November 23, 2009. Archived copy။ November 26, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 18, 2015 တွင် ပြန်စစ်ပြီး။
  83. Briquelet၊ Kate (March 8, 2018)။ The Battle Over Charles Manson's Corpse
  84. 5 Things to Know About the 26-Year-Old Woman Charles Manson Might Marry Archived January 6, 2015, at the Wayback Machine. Time. Retrieved January 5, 2015.
  85. "Charles Manson Gets Marriage License"၊ ABC News။ Archived from the original on November 17, 2014။ 
  86. ၈၆.၀ ၈၆.၁ ၈၆.၂ Sanderson၊ Bill။ "Charles Manson's fiancee wanted to marry him for his corpse: Source"၊ The New York Post၊ February 8, 2015။ Archived from the original on February 8, 2015။ 
  87. Hooton၊ Christopher။ "Charles Manson wedding off after it emerges that fiancee Afton Elaine Burton 'just wanted his corpse for display'"၊ The Independent၊ February 9, 2015။ Archived from the original on February 10, 2015။ 
  88. "Charles Manson Quickly Denied Parole"၊ April 11, 2012။ Archived from the original on April 11, 2012။ 
  89. Parole Hearing: Charles Manson 2012။ November 4, 2017 တွင် ပြန်စစ်ပြီး။
  90. Jones၊ Kiki (April 11, 2012)။ Murderer Charles Manson Denied Parole – Central Coast News KION/KCBA။ Kionrightnow.com။ April 13, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 19, 2012 တွင် ပြန်စစ်ပြီး။Mass murderer Charles Manson denied parole (April 11, 2012)။ November 18, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 18, 2015 တွင် ပြန်စစ်ပြီး။
  91. "Charles Manson: The Incredible Story of the Most Dangerous Man Alive". Rolling Stone. Archived August 8, 2017, at the Wayback Machine. Retrieved May 30, 2015.
  92. Manson on cover of Rolling Stone Archived April 10, 2009, at the Wayback Machine. rollingstone.com. Retrieved May 2, 2007.
  93. "If Christ Came Back as a Con Man: Or how I started out thinking Charlie Manson was innocent and almost ended up dead"၊ Gadfly၊ October 1998။ November 29, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on October 1, 2016။ 
  94. "The Seeds of Terror"၊ The New York Times၊ November 22, 1981၊ စာ- 5။ Archived from the original on March 9, 2014။ 
  95. ၉၅.၀ ၉၅.၁ Bugliosi & Gentry 1974, pp. 488–491
  96. Bugliosi & Gentry 1974, pp. 125–127
  97. The Family Jams (2004)။
  98. Charles Manson Issues Album under Creative Commons Archived July 10, 2009, at the Wayback Machine. pcmag.com. Retrieved April 14, 2008.
  99. Yes it's CC! Archived December 27, 2008, at the Wayback Machine. Photo verifying Creative Commons license of One Mind. blog.limewire.com. Retrieved April 13, 2008.
  100. Review of The Spaghetti Incident? allmusic.com. Retrieved November 23, 2007.
  101. Guns N' Roses Biography Archived January 13, 2017, at the Wayback Machine. Archived copy။ January 13, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 10, 2017 တွင် ပြန်စစ်ပြီး။ themusichype.com. Retrieved January 11, 2017.
  102. Lyrics of "Mechanical Man" Charles Manson – Mechanical Man Lyrics။ November 18, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 18, 2015 တွင် ပြန်စစ်ပြီး။
  103. Maclean၊ Graeme။ Ukula Music :: speaking with Kasabian on their first trip to AmericaUkula။ March 10, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 8, 2013 တွင် ပြန်စစ်ပြီး။
  104. Charles Manson's musical connectionsNME (November 20, 2017)။ November 21, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 22, 2017 တွင် ပြန်စစ်ပြီး။
  105. Manson၊ Marilyn (1998)။ The Long Hard Road out of Hell။ HarperCollins။ pp. 85–87။ ISBN 0-06-098746-4