ရွှေဥဩကဗျာ

ဝီကီပီးဒီးယား မှ

'ရွှေဥဩ'ကဗျာသည် စာဆိုကျော် မင်းသုဝဏ် ရေးဖွဲ့သော ကလေးကဗျာ ဖြစ်ပြီး၊ မောင်ခွေးဖို့ ကဗျာများ စာအုပ်တွင် ဖော်ပြပါရှိသည်။ စုစုပေါင်း ၅ ပိုဒ်ဖြင့် ဖွဲ့စည်းထားကာ၊ ၂ ကြောင်းစီ ပါဝင်သည်။ အချီ အက္ခရာ ၈ လုံး၊ အချအက္ခရာ ၇ လုံး (၈-၇)ပုံစံ ကာရံညီသော ကဗျာ ဖြစ်သည်။ အချီဝါကျတွင် လေးလုံးစီ ခွဲခြား စီသည်။ နောက်ဆုံးတွင် အပိတ်တကြောင်း တိုးကာ အဆုံးသတ်သည်။ နွေကျ၍ ဥဩတွန်သံ ချိုချိုသာကို ကြားလိုက်ရပြီ ဆိုလျှင် ကျွန်ုပ်တို့၏ ကျောင်းတော်ကြီးလည်း ပိတ်တော့မည် ဖြစ်ကြောင်း စိတ်ဝင်စားဖွယ် သီကုံးထားသည်။ [၁]

စာသားပုစံ နမူနာ[ပြင်ဆင်ရန်]

စိမ်းစိမ်းညိုညို ဟိုဘက်တောက
×××××××။

×××× ××××
×××××××။

×××× ××××
×××××××။

×××× ××××
×××××××။

×××× ××××
×××××××။
ပိတ်မှာ ပိတ်မှာ။

ကာရံဖွဲ့ပုံ[ပြင်ဆင်ရန်]

တပိုဒ်စီ၏ ၁၅ လုံးမြောက်တိုင်းကို အဓိက အာကာရံဖြင့် သတ်သည်။
တပိုဒ်စီ၏ ၈ လုံးမြောက်တိုင်းမှာ အ၊ အ၊ အို့၊ အို့၊ အော့ ကာရံတို့ဖြင့် သတ်သည်။
အို့ကာရံနှင့် အော့ကာရံသည် ယိုးမှားသော ကာရံ ဖြစ်သည်။

အခြား ကာရံတွဲများမှာ

  • တော၊ ဩ
  • ကြား၊ ကြ
  • ထား၊ စား
  • ပျောက်၊ ယောက်
  • ညည်း၊ ကြီး

အခြားကဗျာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းသုဝဏ် (ဒီဇင်ဘာလ ၁၉၈၆, ပ-ကြိမ်)။ မောင်ခွေးဖို့ ကဗျာများ။ လောကစာပေ။ p. ၂။ Cite has empty unknown parameter: |1= (အကူအညီ); |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)