ဖိုးမောင် လာပြီ

ဝီကီပီးဒီးယား မှ

ဖိုးမောင်လာပြီကဗျာသည် ကဗျာစာဆို မင်းသုဝဏ် ရေးဖွဲ့ထားသော ကလေးကဗျာတပုဒ် ဖြစ်ပြီး၊ တရွာလုံးအတွက် ငါးရှာပေးသော ဖိုးမောင် အကြောင်းကို အပိုဒ်ရေ ၈ ပိုဒ်၊ ကာရံညီညီ၊ အသံချိုချိုဖြင့် ဇာတ်လမ်းသွား ရေးစပ်ဆိုထားသည်။[၁] မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌ ဖြင့် အစချီသည်။

ဂျပန်ခေတ် ပြည်တွင်းစစ်ကာလတွင် တောသူတောင်သား ဆင်းရဲသားများ ဓားစာခံဖြစ်ရပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ကဗျာကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။[၂]

စာသား[ပြင်ဆင်ရန်]

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

...

ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။ ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မင်းသုဝဏ် (ဒီဇင်ဘာလ ၁၉၈၆, ပ-ကြိမ်)။ မောင်ခွေးဖို့ ကဗျာများ။ လောကစာပေ။ p. ၅၃။ Cite has empty unknown parameter: |1= (အကူအညီ); |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. မောင်ပုည(ဩစတြေးလျ) (၂၂ ဖေဖော်ဝါရီ ၂၀၀၉)။ "မင်းသုဝဏ် နှစ်တစ်ရာပြည့်" (PDF)Voice of Burma။ ၁၆ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး