ဖိုးမောင် လာပြီ
ပုံပန်းသွင်ပြင်
ဖိုးမောင်လာပြီကဗျာသည် ကဗျာစာဆို မင်းသုဝဏ် ရေးဖွဲ့ထားသော ကလေးကဗျာတပုဒ် ဖြစ်ပြီး၊ တရွာလုံးအတွက် ငါးရှာပေးသော ဖိုးမောင် အကြောင်းကို အပိုဒ်ရေ ၈ ပိုဒ်၊ ကာရံညီညီ၊ အသံချိုချိုဖြင့် ဇာတ်လမ်းသွား ရေးစပ်ဆိုထားသည်။[၁] မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌ ဖြင့် အစချီသည်။
ဂျပန်ခေတ် ပြည်တွင်းစစ်ကာလတွင် တောသူတောင်သား ဆင်းရဲသားများ ဓားစာခံဖြစ်ရပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ကဗျာကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။[၂]
စာသား
[ပြင်ဆင်ရန်]မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
...
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။ ။[၁]