ရွှေဘိုနှင့်ရေညို

ဝီကီပီးဒီးယား မှ

ရွှေဘိုနှင့်ရေညို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ရွှေဘိုချောင်းဖောက်သည်ကို ဖွဲ့ဆိုထားသည်။

ရွှေဘိုနှင့်ရေညို[ပြင်ဆင်ရန်]

နိမိတ်ရှေးငယ်က တိတ်ဘေးတဘောင်ဆိုကြ၊ ပြည်ရွှေဘိုမြို့တော်မြောက်မှလ၊ မြောင်းတွေကာ ချောင်းရေပေါက်လာတော့၊ ခေါင်းဖျောက်ကာ မောင်လူပျိုတို့၊ ပလွေကိုရောင်မှာညှပ်သို့၊ သောင်စပ်မှိုင်ကာငေးတော့၊ မလေးငယ်ရွှေထိုးသူတို့၊ အလိုတူ ဟိုလူပိုင်တဲ့အောင်၊ စပယ်ခိုင် သွယ်ပြိုင်ဆက်ကိုဖြင့် (နှစ်သွယ်ပြိုင် ဆယ်ခိုင်ဆယ်ကိုဖြင့်)၊ တဖက်တင်ကာပေးလျှင်လ၊ နှစ်ဦးပြိုင် ကူးနိုင်လိမ့်မယ်မလေလို့ ကြွေးကြော်နှင့် ကြာခဲ့ပြီ။

လေးကျွန်းပိုင် မန္ဓရာဇ်ကဲ့သို့၊ အနှစ်ကယ်တရာက၊ ဖြစ်လာရန်ခေတ်သာတဲ့ အခွင့်ပေမို့၊ တေဇာထော် ကြေညာနှင့်လေသို့၊ ရာမင့်နောင် စိန္တေလောင်းငယ့်ကို၊ ရေမြောင်းသွယ်၊ ချောင်းငယ်ဖောက်လာထင့်၊ အုတ်ကျောက်တံ နရတေမြန်နှင့်၊ ရေတခွန် ထွေသွန်ဆင်းပါ၍၊ ခင်းချလို့စီ။

ရွှေဘိုကို ရေညိုရောက်တော့၊ ပျိုပေါက်ကညာကြော့ငယ်ကို၊ လာတော့မှ ပလွေတိုနှင့်၊ ကြိုဆိုကာ ကွမ်းရေဆက်ကြတော့၊ ပန်းရွှေခက်သပြေနီ၊ ကေသီမှာ ဆင်ရုံး။

ဟိုရှေးယခေါင်က၊ တေးသဘောင်ဆိုသာဆိုကြ၊ ပြည်နဂိုရ် ရွှေဘိုမြောက်မှာဖြင့်၊ ချောင်းပေါက် ရေမမြင်ဘူးရှာဘု၊ ကိုးကုဋေ အဖိုးငွေနှင့် တူးကြလို့၊ ရှေးဦးဝင်ကုန်းဘောင်ဆိုက်တော့၊ ရောင်ငိုက်ကယ်ပလွေတိုနှင့်၊ ရွှေဘိုမှာ နေညိုလျှင်၊ ရေချိုသုံးမှာမို့၊ ပြည်လုံးကုန် လုံကညာတို့၊ ပဒုမ္မာ ကြာနှစ်ခက်ကိုလ၊ သုံးလိုရာပြုံးကာဆက်ကြတော့၊ ရာသက်တိုင် ပျော်ရှည်ရောက်ပေမယ့်၊ အလောင်းတော် ပရမေ၊ ခေါင်းပေါ်ပလွေနှင့် ရောက်ဖို့ကွယ်၊ မြောင်းဖောက်လာတုန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။