ရွှေဂုံမောင်

ဝီကီပီးဒီးယား မှ

ရွှေဂုံမောင်[ပြင်ဆင်ရန်]

ရွှေဂုံမောင် (ခေါ်) ကိုမောင်မောင်အား (၁၂၇၂) ခုနှစ် ရန်ကုန်မြို့ ၌ အဖ ရာဇဝတ်ဌာနမှ အင်စပတ်တော်ကြီး ဦးဘအေး၊အမိ ဒေါ်မြမေတို့မှ ဖွားမြင်ခဲ့သည်။ သားသမီး(၅) ဦးအနက် စတုတ္ထသားဖြစ်သည်။ ဂီတပညာကို စောင်းဆရာ ဘိလပ်ပြန်ဆရာငြိမ်း၊ဘာဂျာနှင့် စန္ဒရားဦးဘလတ်၊တယောဆရာကြီးယောင်ကြီးဗွေ ဦးသွင် တို့ထံတွင် လေ့လာဆည်းပူးခဲ့ပြီး ဘီးလူးအက မင်းသားအကများကို ကောင်းစွာ ကျွမ်းသည်။ စန္ဒရားရွှေပြည်အေးနှင့် ငယ်သူငယ်ချင်းဖြစ်၍ တယောပညာ ကို ဖြည့်တင်း ဆည်းပူးခဲ့သည်။ ရွှေဂုံမောင်ရေးစပ်သော သီချင်းများအနက် မအေးမိ သီဆိုသော (ရွှေနှင်းဆီ) သီချင်း ဓာတ်ပြားမှာ အရောင်းရ တွင်ကျယ်ခဲ့သည်။ ရွှေဂုံမောင် ရေးစပ်ပြီး မောင်မောင်စိုးသီဆိုသော (မြခွာညို) ဓာတ်ပြားသည် ဂျပန်ပြည်တွင် အသံသွင်းခဲ့ပြီး ပထမဆုံး သော အေဝမ်းဓာတ်ပြားဖြစ်သည်။ မင်းကတော်၊​​ဝေဘူစံ၊ပုတ်သင်ညို၊ဓာတ်ပုံရိုက်စသည့် ကိုလံဘီယာ ၊ ခွေးတံဆိပ်နှင့် အေဝမ်းဓတ်ပြား များသည် ရွှေဂုံမောင် ရေးစပ်ခဲ့ သော တေးသီချင်းများဖြစ်သည်။ ရန်ကုန်ရုပ်ရှင် တွင် လူကြမ်းမင်းသား အဖြစ် ပုလဲရောင်၊စိန်ဓားမြှောင်၊ရွှေဝါတောင် ဇတ်ကားများတွင် ကြမ်းကြမ်း ရမ်းရမ်း ပါဝင်သရုပ်ဆောင်ခဲ့ဘူးသည်။ ဇနီးဒေါ်ခင်ခင်နှင့် သားသမီးများရရှိခဲ့သော်လည်း တစ်ယောက်မှ အဖတ် မတင်ခဲ့ပေ။ အသက်(၂၉)နှစ်အရွယ် ၁၉၃၉ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ [၁]

ရည်ညွန်းစာစောင်[ပြင်ဆင်ရန်]

  1. စစ်ကိုင်းလှရွှေ၏ ရုပ်ရှင် ဂီတ နှင့် ကျွန်တော်