ရွှေကျီးမြင်စေတီတော်

ဝီကီပီးဒီးယား မှ
ရွှေကျီးမြင်ဘုရားအတွင်း ဘုရားဝတ်ပြုနေကြစဉ်
ရွှေကျီးမြင်ဘုရားတောင်ဘက်မုဒ် (မန္တလေး)

ရွှေကျီးမြင်စေတီတော် သည် မန္တလေးမြို့၏ ကျုံးအနောက် ပြည်ကြီးကျက်သရေရပ်ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အနော်ရထာမင်း၏ မြေးတော် မင်းရှင်စောသည် တိုင်းခန်းလှည့်လည်ရာ မန္တလေးတောင် ပတ်ဝန်းကျင်သို့ ရောက်လာ၏။ ထိုအခါ ရွှေအဆင်းရှိသည့် ကျီးတစ်ကောင်ကို ထူးဆန်းစွာ မြင်တွေ့ရသည်။ ထိုအခါ မှူးမတ်တို့၏ တင်လျှောက်ချက်အရ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။

စေတီတော်တွင် ရုပ်ပွားတော်တစ်ဆူနှင့် ဓာတ်တော်များ ဌာပနာခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

အလောင်းစည်သူမင်းကြီးသည် ဓာတ်တော်များကို ဌာပနာတော်မူကာ ပြုပြင်မွမ်းမံခဲ့သည်။

မင်းတုန်းမင်းကြီးသည် မဟန်နကီဇော်ဂျီဆက်သသည့် ဗောဓိသားကို မင်းကြီးကိုယ်တိုင် ဒက္ခိဏသာခါရုပ်ပွားတော်ထုလုပ်ခဲ့သည်။ ၁၂၅၁ ခုနှစ်တွင် ထိုရုပ်ပွားတော်ကို စေတီတော်၏ အာရုံခံတန်ဆောင်းတွင် လိုဏ်ဂူ ဂန္ဓကုဋီဖြင့် ထားရှိခဲ့သည်။ အလောင်းစည်သူမင်း ကိုးကွယ်တော်မူခဲ့သည့် ရှင်မဟာကဿပရုပ်ပွားတော်နှင့် အံတော်တို့ကိုလည်း ပင့်ဆောင်ကျိန်းဝပ်စေခဲ့သည်။

ထို့ပြင် စိန်ဆင်းတု၊ မြဆင်းတု စသည့် နန်းစဉ်ဘုရား ၃၆ ဆူကိုလည်း ပင့်ဆောင်ထားခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ p. 185။