ရောဗတ် ဟွတ်

ဝီကီပီးဒီးယား မှ
Robert Hooke
13 Portrait of Robert Hooke.JPG
Modern portrait of Robert Hooke (Rita Greer 2004), based on descriptions by Aubrey and Waller; no contemporary depictions of Hooke are known to survive.
မွေးဖွား28 July [O.S. 18 July] 1635
Freshwater, Isle of Wight, England
ဆုံးပါး3 March 1703
လန်ဒန်၊ အင်္ဂလန်။
နိုင်ငံလူမျိုးအင်္ဂလိပ်
နယ်ပယ်ရူပဗေဒနှင့် ဓာတုဗေဒ
အဖွဲ့အစည်းဌာနOxford University
မိခင်ကျောင်းChrist Church, Oxford
ကြီးကြပ်သူများRobert Boyle
ကျော်ကြားမှုအရင်းခံHooke's law
Microscopy
applied the word 'cell'
သူ့အပေါ် ဩဇာလွှမ်းမိုးသူများRichard Busby

ရောဘတ် ဟွတ်ခ် (အင်္ဂလိပ်: Robert Hooke) ကို ၁၆၃၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက စက်မှုပိုင်းဆိုင်ရာတွင် စိတ်ဝင်စား၍ ထူးချွန်ခဲ့သည်ဟုဆိုသည်။ အခြားသော ကျွမ်းကျင်မှုများစွာရှိသည့်အပြင် သူသည် ရူပဗေဒပညာရှင်၊ နက္ခတ္တဗေဒပညာရှင် နှင့် ဇီဝဗေဒပညာရှင်လည်းဖြစ်သည်။ အချို့က သူသည် အီတလီမှ လီယိုနာဒို ဒါဗင်ချီအတွက် ဗြိတိသျှ၏အဖြေဟု ရည်ညွှန်းကြသည်။ အလွန်သေးငယ်သော မိုက်ကရိုစကုပ်အရွယ် ရုပ်ပုံများကို ရှင်းလင်းထင်ရှားစွာ သရုပ်ဖော်ခဲ့သည့် ကမ္ဘာ့ပထမဆုံး စာအုပ်ထုတ်ဝေခဲ့သူဖြစ်သည်။ ဆဲလ်ဆိုသည့်စကားလုံး တီထွင်ခဲ့သူ၊ ရေနွေးငွေ့အင်ဂျင်သို့ လမ်းခင်းပေးခဲ့သူ၊ ခေတ်သစ်နာရီသို့ ရှေ့ဆောင် လမ်းဖောက်ပေးခဲ့သူလည်း ဖြစ်သည်။ သူသည် ယနေ့ကားများတွင် သုံးစွဲသည့် ယူနီဗာဆယ်ဂျွိုင့်ကို ပထမဆုံး ဒီဇိုင်းဆွဲခဲ့သူလည်းဖြစ်သည်။ သို့သော် သူသည် အသက် ၆၇ နှစ်၊ ၁၇၀၃ ခုနှစ်တွင် အိပ်ရာထဲ၌ အနာရောဂါဖြင့် ဗုန်းဗုန်းလဲ သေဆုံးချိန်အထိ များစွာတန်ဖိုးထား မခံခဲ့ရပေ။

ဟွတ်ခ် ရေးသားခဲ့သော စာအုပ်အကြောင်း[ပြင်ဆင်ရန်]

ဗီရိုတစ်ခု အောက်ခြေ၌ ဖုန်မှုန့်များကြား လဲလျောင်းနေသော ရာစုနှစ်ချီ သက်တမ်းရှိသည့် လက်ရေးစာမူကဲ့သို့ပင် ခေတ်သစ် သိပ္ပံအတွက် "ရောဘတ် ဟွတ်ခ်" ၏ ထည့်ဝင်မှုမှာ အရိပ်ထဲမှာ ကြာမြင့်စွာ ကျရောက် ပျောက်ကွယ်နေပါသည်။ သူ၏အမည်သည် သူ၏ခေတ်ပြိုင်နှင့် ခါးသီးသောပြိုင်ဘက်ဖြစ်သူ အိုက်ဆက် နယူတန် လောက် လူအများ မှတ်မိ ရင်းနှီးခြင်း မရှိပေ။ အကြောင်းအရင်းမှာ ရှုပ်ထွေးသော လက်ရေးများဖြင့် ရေးသားထားသော စာမျက်နှာ ၅၂၀ ရှိသော သူ၏ လက်ရေးစာမူ မှတ်တမ်းကို ရှာဖွေတွေ့ရှိသောကြောင့်ဖြစ်သည်။ ကျွမ်းကျင်သူများက ၎င်းစာမူထဲတွင် ၁၆၆၀ မှ ၁၆၈၂ အကြား သိပ္ပံပညာရှင်များ အသိုင်းအဝိုင်းကြားမှ အဖြစ်အပျက်များ သိရှိလာရမည်ဟု စိတ်လှုပ်ရှားစွာပြောဆိုကြသည်။ ထိုခေတ်အခါက စိတ်ကူးအကြံအစည်နှင့် ရှာဖွေတွေ့ရှိမှုများသည် ထွေးပြားသော သိပ္ပံဘာသာရပ် အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို ရာစုနှစ်များစွာ ပုံသွင်းပေးခဲ့သောကြောင်ဖြစ်သည်။ ကမ္ဘာအနှံ့ သိပ္ပံပညာရှင်များက ဟွတ်ခ် လက်ရေးစာမူများကို အသေးစိတ် ဖော်ထုတ်မည်လားကို စိတ်အားထက်သန့်စွာ စောင့်မျှော်နေကြသည်။

ဟွတ်ခ်သည် အဖွဲ့၏ မူလထူထောင်သူများထဲမှ တစ်ဦးဖြစ်ပြီး ၁၆၆၂ မှ ၁၆၈၈ အကြား သိပ္ပံစမ်းသပ်မှုများ၏ ပထမဆုံးပြတိုက်မှူးဖြစ်သည်။ သူ၏ မှတ်တမ်းများတွင် မိုက်ကရိုစကုပ် နှင့်ပတ်သက်၍ အစောဆုံး အလုပ်အကြောင်း အသေးစိတ်ပါဝင်သည်။ သုတ်ပိုးနှင့် အဏုဇီဝရုပ်များ အတွက် ပထမဆုံးလေ့လာမှုများလည်း ပါဝင်သည်။ သိပ္ပံပညာရှင် အသိုင်းအဝိုင်းများထဲမှ ကြောက်မက်ဖွယ် အပြိုင်အဆိုင် ကြီးမားလှသည့် အတ္တများနှင့် ပုဂ္ဂိုလ်ရေး မကျေလည်မှုများကိုလည်း တွေ့ တစေ့တစောင်းမြင်ရသည်။ ဟွတ်ခ်သည် သူ၏ လုပ်ဖော်ကိုင်ဖက်များကို သူ၏ တီထွင်ကြံဆဉာဏ်ကို ခိုးချသည်ဟု စွပ်စွဲခဲ့ဘူးသည်။ သူ၏အကြီးမားဆုံး အငြင်းအခုံမှာ ဟွတ်ခ်၏ ဒြပ်ဆွဲအားကြံဆတွေးခေါ်မှုကို ခိုးသည်ဟု နယူတန် နှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းမှတ်တမ်းစာအုပ်တွင် နယူတန်နှင် ခရစ်စတိုဖာ ဝိမ်း (Christopher Wren) တို့အကြား ဂြိုဟ်တို့၏ ရွေ့လျားမှု နှင့် ဒြပ်ဆွဲအားအကြောင်း စာပေးစာယူများ ရှိခဲ့သည်။

ရောဗတ်ဟွတ်သည် ၁၆၃၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် အင်္ဂလန်ကျွန်း၏တောင်ဘက်ကမ်းခြေအလွန်တွင်ရှိသော ဝိုက်ကျွန်းရှိ ဖရက်ရှဝါတားမြို့၌ ဖွားမြင်သည်။ သူသည် အောက်စဖို့ရှိ ဝက်စမင် စတာနှင့် ခရိုက်စချပ်တို့တွင် ပညာသင်ကြားခဲ့သည်။ သူသည် ဒဿနိကဗေဒ ပညာရှင်ဖြစ်သည့်အပြင် လက်တွေ့ ဆောင်ရွက်သော သိပ္ပံပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဆာအိုင်ဇပ် နျူတန်ခေါ် သိပ္ပံပညာရှင်ကြီး တစ်ဦးနှင့် တခေတ်တည်းပေါ်ပေါက်ခဲ့သူ ဖြစ်ပြီးလျှင် နျူတန်နှင့် မကြာခဏ အငြင်းပွားခဲ့သူလည်း ဖြစ်သည်။ ( နျူတန် ဆာအိုင်ဇပ်။)

၁၆၆၅ ခုနှစ်တွင် ဂရက်ရှမ်ကောလိပ် ကျောင်းတွင် ဂျီဩမေတြီ ဘာသာရပ်အတွက် ပါမောက္ခအဖြစ် ဆောင်ရွက်လေသည်၊အကယ် ၍သာ ဟွတ်သည် စိတ်ရှည်ရှည်ထားနိုင်မည်ဆိုလျှင် သိပ္ပံပညာရပ် အဖို့ နျူတန်ကဲ့သို့ပင် အသုံးဝင်သူ ဖြစ်လာနိုင် ပေမည်။ တော်ဝင် အသင်းကို စတင်တည်ထောင် သူများတွင်ဟွတ် လည်း အပါအဝင် ဖြစ်သည်။ ခပ်ငယ်ငယ်ကပင် ဟွတ်သည် လက်တွေ့စမ်းသပ်သော အဖွဲ့တွင် ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံရလေသေည်။ ဂျီဩမေတြီ ဘာသာရပ် အတွက် ပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံရသောနှစ်၌ပင် ရုက္ခဗေဒနှင့်ဆိုင်သော သူ၏ မိုက္ကရို ဂရပ်ဖီးယားခေါ် စာစောင်ကို ထုတ်ဝေနိုင်ခဲ့သည်။ ထိုစာစောင်တွင် လှပ၍ တိကျသော တိရစ္ဆာန် ပုံများနှင့် ဟင်းသီးဟင်းရွက်များ တည်ဆောက်ဖွဲ့စည်း ထားပုံများ ကိုတွေ့နိုင်လေသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မီးကြီးလောင်ပြီးသောအခါတွင် ဟွတ်က လန်ဒန်မြို့၌ အိမ်များ မည်ကဲ့သို့ တည်ဆောက်သင့်ပုံ ကို နမူနာ ရေးဆွဲပြသရာ၌ မြေတိုင်းအရာရှိအဖြစ် ခန့်အပ်ခြင်း ခံရလေသေည်။ ဗက်သလီ ဟမ် ဆေးရုံအသစ်နှင့် မွန်တေဂူ အဆောက်အအုံများအတွက် ပုံစံများကိုလည်း သူပင် ရေးဆွဲပေး ခဲ့သည်။

ရုန်းကန်သတ္တိနှင့်ဆိုင်သော သီအိုရီကိုလည်း ဟွတ်သည် ရှင်းလင်း ဖော်ပြခဲသည်။ ဟွတ်သည် ပထမ ဂရီဂေါ်ရီယန် အဝေးကြည့်မှန်ပြောင်းကိုလည်း ပြုလုပ်ခဲ့သေးသည်။ သံလိုက် ဓာတ်၊ လေ၏ဖိအားနှင့် နာရီများကို အချိန်မှန်စေသည့်နည်း များကိုပါ စမ်းသပ်ပြုလုပ်ခဲ့လေသည်။ ထိုစမ်းသပ်ချက်များသည် အရေးကြီးသော်လည်း လူသိမများပေ။ နာရီကလေးများကို အချိန်မှန်စေရန် ပြုလုပ်ရာတွင် ခရုပတ်စပရင်ကို စတင်၍ အသုံးပြုခဲ့သူမှာလည်း ဟွတ်ပင် ဖြစ်လေသည်။

၁၆၇၁ ခုနှစ်တွင် ဟွတ်သည် နျူတန်၏ အရောင်များနှင့် စပ်လျဉ်းသော သီအိုရီကို ဝေဖန်ခဲ့သည်။ ထိုသို့ ဝေဖန်သဖြင့် သူသည် နာမည်ကျော်ကြားသူများကို မနာလို၍ တစ်ကြောင်း၊ သူတို့ကဲ့သို့ ထင်ပေါ်လို သဖြင့် တစ်ကြောင်း ဝေဖန်ခြင်း ဖြစ်သည်ဟူ၍ အစွပ်စွဲပင် ခံခဲ့ရလေသည်။ သို့သော် ထိုသို့ ဖြစ်ရသည်မှာ သူ၏ ကျန်းမာရေး ချို့တဲ့မှုနှင့် မနားတမ်း သုတေသနပြုမှုတို့ကြောင့် စိတ်ထိခိုက်လာ၍ ဖြစ်ရကြောင်းကို သူ၏ နေ့စဉ်မှတ်တမ်း (ရော်ဗင်ဆန်နှင့် အက်ဒမ်တို့က ၁၉၃၅ ခုနှစ်တွင် တည်းဖြတ်ထုတ်ဝေသည်။)ကို ဖတ်ရသောအခါတွင်မှ အကြောင်းမှန်ကို သိကြရလေသည်။ ၁၆၇၇ ခုနှစ်တွင် တော်ဝင်အသင်း၏ အမြဲတမ်း အတွင်းရေးမှူး ဖြစ်ခဲ့လေသည်။ ရောဗတ်ဟွတ်သည် ၁၇ဝ၃ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၁]

ကိုးကားချက်[ပြင်ဆင်ရန်]

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အတွဲ (၁၈)