ရေဒီယို သတ္တိကြွခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရေဒီယေးရှင်း[ပြင်​ဆင်​ရန်​]

ရှေးက ကျွန်ုပ်တို့သည် အလင်း၏ရောင်ခြည် ဖြာထွက်ပုံ တစ်ခုတည်းကိုသာ တွေ့ရသောကြောင့် မျက်စိဖြင့် မြင်ရသော အလင်းရောင်တစ်ခုတည်းသာလျှင် ရောင်ခြည်အဖြစ် ရှိသည်ဟု ထင်မိခဲ့ကြသည်။ သို့ရာတွင် မျက်စိဖြင့် မြင်နိုင်သော အလင်း အပြင်၊ မျက်စိဖြင့် မမြင်ရသော်လည်း အလင်းနည်းတူ ဖြစ်ပေါ် ရာနေရာမှ ပတ်ဝန်းကျင်သို့ ဖြာထွက်တတ်သော အခြားရောင် ခြည်များ တသီတတန်းကြီးရှိသေးကြောင်းကို သိပ္ပံပညာရှင်ကြီး အသီးသီးတို့၏ ကြိုးစားမှုကြောင့် ယခုအခါ တွေ့ရှိလာလေပြီ။ ထိုရောင်ခြည်များမှာ ဝိုင်ယာလက်၊ အပူ၊ ခရမ်းဘေးရောင်ခြည်၊ အိပ်စရေး၊ ဂမ်မာ၊ ကော့စမစ် စသောရောင်ခြည်များပင်တည်း။ ရေဒီယေးရှင်းဆိုသည်မှာ ထိုရောင်ခြည်များ ဖြာထွက်ခြင်းကို ဆိုလိုသည်။

၁၈ဝဝ ပြည့်နှစ်တွင် ဆာဝီလျံဟာရှယ်သည် အလင်း၏ ရောင်စဉ်၌ အနီရောင်ရှိသည့် အစွန်းဘက်တွင် ခရမ်းရောင် ရှိသည့် အစွန်းဘက်မှာထက် အပူချိန်ပို၍ များပြီးလျှင် အနီ အောက်ရောင်ခြည်ဘက်၌သာ၍ပင် အပူချိန် များသေးကြောင်း ကို လက်တွေ့ပြသခဲ့လေသည်။ ထိုလက်တွေ့ပြသမှုက မျက်စိ ဖြင့် မြင်နိုင်သည့် ရောင်စဉ်အပြင်ဘက်၌ ရောင်ခြည်ဖြာထွက်မှု ရှိကြောင်းကို ဖော်ပြသည်။ ထိုနောက် နှစ်နှစ်ခန့်ကြာသောအခါ ရောင်စဉ်တွင် ခရမ်းဘေးရောင်ခြည်ဘက်၌လည်း အလားတူ မျက်စိဖြင့် မမြင်ရသော ရောင်ခြည်တစ်မျိုး ရှိသေး၍ ထိုရောင် ခြည်သည် မျက်စိဖြင့် မြင်ရသော ခရမ်းရောင်အလင်းထက်ပင် ပို၍ ဆီလဗာကလိုရိုက်အပေါ်တွင် သတ္တိပြမှု အားကြီးသေး သည်ကို အခြားသိပ္ပံပညာရှင်ကြီးများက တွေ့ရပြန်လေသည်။

သိပ္ပံပညာတွင် အထက်ပါ ခရမ်းဘေးရောင်ခြည်ကို အာလတြာဗိုင်အိုလက်ရောင်ခြည်ဟူ၍၎င်း၊ အနီ အောက်ရောင် ခြည်ကို အင်ဖရာရက် ရောင်ခြည်ဟူ၍၎င်း ခေါ်ကြသည်။ ၁၈၇၃ ခုနှစ်တွင် သင်္ချာနှင့် ရူပဗေဒပညာရှင်ကြီးတစ်ဦး ဖြစ်သော ဂျိမ်းကလပ်မက်ဆွဲသည် လျှပ်စစ်ဓာတ်နှင့် သံလိုက် ဓာတ်ခေါ် ကျမ်းတစ်စောင်ကို ရေးသားထုတ်ဝေကာ လျှပ်စစ် ဓာတ်၊ သံလိုက်ဓာတ်တို့နှင့် သက်ဆိုင်သော သီအိုရီများကို ဖော်ထုတ်လိုက်လေသည်။ ထိုကျမ်းတွင် လျှပ်စစ်ဓာတ်နှင့် သံလိုက်ဓာတ်တို့သည် လှိုင်းများအဖြစ်ဖြင့် ဘာမျှမရှိဟု ထင်ရ သော အာကာသကို မည်ကဲ့သို့ ဖြတ်သန်းကြပုံ၊ အဆိုပါ လှိုင်း အမျိုးမျိုးနှင့်သက်ဆိုင်သောကိစ္စများကို သင်္ချာနည်းနှင့် တွက်ယူ နိုင်ပုံ၊ လျှပ်စစ်လှိုvittuင်းတို့၏ အသွားနှုန်းနှင့် အလင်းလှိုင်း၏ အသွားနှုန်းတို့ တူညီပုံတို့ကို ရှင်းပြထားလေသည်။ တစ်ဖန် လျှပ်စစ်လှိုင်းနှင့် အလင်းmitäလှိုင်းတို့ထက် 'တုန်ကြိမ် (တစ်စက္ကန့် တွင် တုန်လှုပ်သည့်အကြိမ်ပေါင်း)နည်း၍၊ 'လှိုင်းအလျား' (လှိုင်းထပ်တစ်ခုနှင့် တစ်ခုအကွာPASKAAအဝေး) ရှည်သည့်လှိုင်းမျိုး ရှိမည်ဆိုပါက ထိုလှိုင်းတို့သည် ခရီးဝေးသို့ ဖြတ်သန်းကာ လျှပ်စစ်ဓာတ်တန်ခိုးကို သက်ရောက်စေလိမ့်မည် ဟူ၍လည်း မက်ဆွဲက ကြိုတင်၍ ဟောကိန်းထုတ်ခဲ့လေသည်။

အထက်ပါ ယူဆချက်မှာ မက်ဆွဲမသေမီက ခန့်မှန်း ရမ်းဆပြီး ပြောဆိုခဲ့သော အချက်များသာ ဖြစ်သော်လည်း နောင်သော် သူမှန်းဆခဲ့သည့်အတိုင်း မှန်ကန်နေသည့်အတွက် ထိုအယူအဆကို သိပ္ပံသမိုင်းတွင် အမှန်ဆုံး မှန်းဆချက်ဟူ၍ပင် တစ်ခါတစ်ရံ ပြောဆိုကြလေသည်။၁၈၈၆ ခုနှစ်မှ ၁၈၈၈ ခုနှစ် အကြားတွင် ဟိုင်းနရစ်ဟက်ဇဆိုသူသည် မက်ဆွဲမှန်းဆခဲ့သည့် လျှပ်စစ်၏ တန်ခိုးသက်ရောက်မှုများကို ပထမ စတင်၍ တွေ့ရှိ လေသည်။

ဟက်ဇ၏လှိုင်းများကို အခြေပြု၍ အခြားသိပ္ပံပညာရှင်ကြီး များသည် ဝိုင်ယာလက်အထိ တိုးတက် ဖြစ်မြောက်လာအောင် ကြံစည်ဖန်တီးနိုင်ခဲ့ကြပေသည်။ သို့သော် သိပ္ပံပညာ၏ အဓိက အောင်မြင်မှုမှာ ဝိုင်ယာလက် မဟုတ်ပေ။ လျှပ်စစ်သံလိုက် ရောင်စဉ်အဖြစ်ဖြင့် ရောင်ခြည်လှိုင်းများ တသီတသန်းကြီး ရှိသည့်အချက်ကို တွေ့ရှိလာခြင်းသည်သာလျှင် အဓိက အောင် မြင်မှုကြီး ဖြစ်လေသည်။

ရောင်ခြည်များ ဖြာထွက်ခြင်း ကိစ္စတွင် လှိုင်းအလျား အလွန့်အလွန်တိုသော လျှပ်စစ်သံလိုက်လှိုင်းများသည် အလင်း ကို ဖြစ်ပေါ်စေသည်ဟု သိပ္ပံပညာရှင်ကြီးများက ယုံကြည်ထား ပြီး ဖြစ်သည်။ ထိုနောက် ဟက်ဇ တွေ့ရှိသော လှိုင်းအလျား မိုင်ပေါင်းများစွာ ရှည်သည့်လှိုင်းများနှင့် မာကိုနီတွေ့ရှိသော လှိုင်းအလျား မိုင်ပေါင်းများစွာ ရှည်သည့်လှိုင်းများသည် ဝိုင်ယာလက်လှိုင်းများ ဖြစ်ကြောင်းကို တစ်ဖန် သိလာကြပြန် သည်။ ထိုသို့ဖြစ်လျှင် အဆိုပါ လှိုင်းတိုနှင့် လှိုင်းရှည်တို့၏ စပ်ကြားတွင် မည်သည့်လှိုင်းမျိုး ရှိရမည်နည်း။ ဤအချက်ကို သိပ္ပံပညာရှင်ကြီးများက စိတ်ဝင်စားစွာ လေ့လာကြလေသည်။ အဆိုပါ စပ်ကြားတွင်ရှိသော လှိုင်းများကား အခြားမဟုတ်၊ အနီအောက်ရောင်ခြည်ခေါ် အပူလှိုင်းများပင် ဖြစ်သည်။ ထိုနောက်တစ်ဖန် အိပ်စရေး၊ ဂမ်မာရေး၊ ကော့စမစ်ရေးဟု ဆိုအပ်သော ရောင်ခြည်တို့တွင် အလင်းလှိုင်းထက်ပင် လှိုင်းအလျား တိုသေးသည့် လှိုင်းများ ရှိသေးကြောင်းကို တွေ့လာကြပြန်သည်။

အဆိုပါ လှိုင်းအားလုံးသည် လှိုင်းအလျားအတိုအရှည်နှင့် တန်ခိုးသက်ရောက်ပုံချင်းသာ ကွဲပြားကြသည်။ ထိုလှိုင်းအားလုံး သည် အာကာသအတွင်း၌ မက်ဆွဲပြောသကဲ့သို့ လျှပ်စစ် သံလိုက်လှိုင်းများအဖြစ်ဖြင့်သာ လှုပ်ရှားသွားလာကြသည်။ ထိုလှိုင်းများကို လှိုင်းအလျားအလိုက် အမျိုးအစားခွဲထား၍၊ ထိုလှိုင်းအားလုံး တသီတသန်းကြီး ပါဝင်သည့် အစီအစဉ် တစ်ခုလုံးကို လျှပ်စစ်သံလိုက်ရောင်စဉ်ဟူ၍ ခေါ်ကြလေသည်။ ပြာ၊ စိမ်း၊ ဝါ၊ နီ အစရှိသည်ဖြင့် မျက်စိဖြင့် မြင်နိုင်သော အလင်း၏ ရောင်စဉ်မှာ ထိုရောင်စဉ်၏ တစ်စိတ် တစ်ဒေသ မျှသာ ဖြစ်ပေသည်။

၁၉ဝဝ ပြည့်နှစ်လွန်မြောက်၍ ၂ဝ ရာစုနှစ်အစဆီသို့ ရောက်သောအခါ၊ အဆိုပါ လှိုင်းအားလုံးတို့သည် ဒြဗ်မှန်သမျှ တို့တွင် ပါဝင်သော ပရိုတွန်နှင့် အီလက်ထရွန်တို့ လှုပ်ရှားမှု အပေါ်တွင် အခြေတည်ကြောင်းနှင့် ထိုအခြေခံလှုပ်ရှားမှုကို လိုက်၍ လှိုင်းအတိုအရှည် ကွဲပြားကြောင်းတို့ကို သိပ္ပံပညာရှင် ကြီးများက ယုံကြည်လာကြလေသည်။ တစ်ဖန် အဆိုပါ လှိုင်း အားလုံးတို့သည် တစ်စက္ကန့်လျှင် ၁၈၆၂၈၄ မိုင်နှုန်း တစ်မျိုး တစ်စားတည်းဖြင့် ရွေ့ရှားကြောင်းကိုလည်း တွက်ချက်တွေ့ရှိကြ ပြန်သည်။

လှိုင်းအလျား အရှည်ဆုံးအမျိုးမှအတိုဆုံးအမျိုးသို့ ကြီးစဉ် ငယ်လိုက် ဖော်ပြရလျှင် ဝိုင်ယာလက်(ရေဒီယို) လှိုင်းများ၊ အနီ အောက်ရောင်ခြည်လှိုင်းများ၊ ခရမ်းဘေးရောင်ခြည်လှိုင်းများ၊ အိပ်စရေးရောင်ခြည်လှိုင်းများနှင့် ကော့စမစ်ရောင်ခြည်လှိုင်းများ ဖြစ်လေသည်။ ထိုလှိုင်းများသည် တုန်ကြိမ်နည်းလျှင် လှိုင်း အလျား ရှည်၍၊ တုန်ကြိမ်များလျှင် လှိုင်းအလျား တိုစမြဲ ဖြစ်သည်။ တုန်ကြိမ်အနည်းဆုံး အစွန်းဘက်တွင် ကျရောက် သည့် လှိုင်းများသည် တစ်စက္ကန့်လျှင် တုန်လှုပ်သည့် အကြိမ် ပေါင်း ၁ဝဝ ပင် မပြည့်ဘဲ လှိုင်းအလျားမှာ ၄၅ မိုင်ထက်ပင် ပို၍ ရှည်လေသည်။ တုန်ကြိမ်အများဆုံး အစွန်းဘက်ရှိ လှိုင်း များ၏ တစ်စက္ကန့်အတွင်း တုန်ကြိမ်ပေါင်းမှာ တစ်သန်းကို တစ်သန်းနှင့် မြေ|ာက်၍ရသည့်ဂဏန်း (တစ်နောက် သုညပေါင်း ၂ဝ ရှိသည့်ကိန်းဂဏန်း) ဝင်ဆံ့နိုင်သည်အထိ တိုလေသည်။ လှိုင်းအလျား အရှည်ဆုံးအစားဖြစ်သည့် ဝိုင်ယာလက် (ရေဒီယို) လှိုင်းများတွင် မိုင်ပေါင်းများစွာ ရှည်လျားသော လှိုင်းများမှ တစ်မီလီမီတာ၏ ၁ဝ ပုံ တစ်ပုံအထိ တိုသော လှိုင်းများ ပါဝင်သည်။ ပင်လယ်သမုဒ္ဒရာအတွင်း၌ အလွန်ပြင်း ထန်သော လေတိုက်ခတ်မှုကြောင့် လှိုင်းအလျားရှည်သော လှိုင်းကြီးများ ဖြစ်ပေါ်လာကြသည့်နည်းတူ၊ ဤဝိုင်ယာလက် လှိုင်းများမှာလည်း အသံလွှင့်စက်အတွင်း အထူးစီမံထားသော ကိရိယာတွင် အလွန်တရာ များပြားသည့် အီလက်ထရန်တို့၏ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာကြသည်။

ဒုတိယလှိုင်းအလျား အရှည်ဆုံးအမျိုးဖြစ်သော အနီ အောက် ရောင်ခြည်လှိုင်းများသည် ယင်းတို့နှင့် ထိတွေ့သော အရာဝတ္ထုများကို အပူဓာတ်ပေးကြသဖြင့် ထိုလှိုင်းတို့သည် အမှန်အားဖြင့် အပူလှိုင်းများ ဖြစ်ကြသည်။ကျွန်ုပ်တို့ စကြဝဠာ တစ်ခွင်လုံးက အားကိုးအားထားပြုနေရသည့် နေလုံးကြီးသည် အဆိုပါ အပူဓာတ်ဖြစ်ပေါ်ရာ အရာဝတ္ထုအတွင်းရှိ မော်လီကျူး များ၏ ပြင်းထန်စွာ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာပြီးလျှင် ယင်းတို့နှင့် ထိတွေ့သည့် အရာဝတ္ထုများအတွင်းရှိ မော်လီကျူး များအားလည်း တိုး၍ လှုပ်ရှားထကြွစေခြင်းဖြင့် အပူဓာတ်ကို ဖြစ်ပေါ်စေသည်။ လှိုင်းအလျား အရှည်ဆုံးသော အနီအောက် ရောင်ခြည်သည် အတိုဆုံးသော ဝိုင်ယာလက်လှိုင်းနှင့် ဟပ်မိပြီး နောက် တဖြည်းဖြည်းတိုသွားသောအခါ အောက်ဘက်ရှိအလင်း လှိုင်းများနှင့် ဆက်၍ သွားလေသည်။

အနီအောက်ရောင်ခြည်လှိုင်းများထက် လှိုင်းအလျားတို သော နောက်လှိုင်းများမှာ မျက်စိဖြင့် မြင်နိုင်သည့် အလင်း လှိုင်းများ ဖြစ်သည်။ အလင်းလှိုင်းတို့၏ လှိုင်းအလျားမှာ တစ်လက်မကို အစိတ်ပေါင်းတစ်သန်း စိတ်၍ရသော သန်းစိတ် တစ်စိတ်၏ လေးပုံတစ်ပုံမှ ရှစ်ပုံ တစ်ပုံအထိ ရှိသည်။ထိုလှိုင်း တို့သည် အက်တမ်များအတွင်း၌ အီလက်ထရွန် လှည့်ပတ်သွား ရာ လမ်းကြောင်းများကို ကူးပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာ ကြသည်ဟု ဆိုသည်။

အလင်းလှိုင်းအောက်တွင် ခရမ်းဘေးရောင်ခြည်လှိုင်းများ ရှိ၍၊ ထိုလှိုင်းတို့သည် ကျန်းမာရေးနှင့် စက်မှုလုပ်ငန်းများ အတွက် များစွာအသုံးကျ၏။ ထိုရောင်ခြည်၌ ရောဂါပိုးနှင့် ဗက်တီးရီးယားများကို သေစေနိုင်ခြင်း၊ ဗီတာမင်ဒီဓာတ်ကို ဖြစ်ထွန်းစေနိုင်ခြင်း၊ စက်မှုလုပ်ငန်းများတွင် ဓာတ်ဆေးအများ အပေါ်၌ ပြင်းထန်စွာ တန်ခိုးသက်ရောက် စေနိုင်ခြင်း၊ အချို့ သော အရာဝတ္ထုများကို ထိုရောင်ခြည်နှင့်ပြပြီးနောက် အမှောင် ထဲ၌ ထားလျှင် အရောင်ထွက်ပြီး လင်းစေနိုင်ခြင်း၊ စာချုပ် စာတမ်း၊ ငွေစက္ကူ၊ တံဆိပ်၊ ပန်းချီကား စသည်များကို အတု အစစ် ခွဲခြားနိုင်ခြင်း၊ ဖန်ရိုးရိုးကို မဖောက်ထွင်းနိုင်သော်လည်း ကျောက်သလင်းကို ဖောက်ထွင်းနိုင်ခြင်း စသော သတ္တိထူးများ ရှိလေသည်။ အထူးသဖြင့် ထိုရောင်ခြည်တွင် ချည့်နဲ့ပျော့ ပျောင်း နာမကျန်းသူများကို ကျန်းမာသန်စွမ်းစေနိုင်သည့် သတ္တိ ရှိသဖြင့် ယခုအခါ လူမမာကုရန် ခရမ်းဘေး ရောင်ခြည်ခေါ် နေရောင်ခြည်တုကို ထုတ်လွှတ်နိုင်သည့် ဓာတ်မီးအမျိုးမျိုးကို တီထွင်အသုံးပြုလျက် ရှိပေပြီ။ ခရမ်းဘေး ရောင်ခြည်နှင့် အိပ်စရေးရောင်ခြည် နှစ်မျိုးစလုံးပင် ပုံဖမ်းဓာတ်ပုံကော်ပြား အပေါ်၌ တန်ခိုးသက်ရောက်နိုင်ကြသည့်အတိုင်း ထိုရောင်ခြည် များဖြင့်လည်း ကျောက်သလင်းမှန်ဘီလူးတပ် ဓာတ်ပုံရိုက် ကိရိယာကို သုံးကာ ဓာတ်ပုံရိုက်ယူနိုင်ပေသည်။

လျှပ်စစ်သံလိုက်ရောင်စဉ်တွင် ခရမ်းဘေးရောင်ခြည်နှင့် အိပ်စရေးရောင်ခြည်တို့သည် ထက်အောက် ဆက်နေကြ၍၊ ခရမ်းဘေးရောင်ခြည်လှိုင်းများ၏ လှိုင်းအလျားသည် တစ်လက်မ၏ သန်းစိတ် တစ်စိတ်၏ ရှစ်ပုံတစ်ပုံမှ ၃၂ ပုံ တစ်ပုံထိ ရှိကြသည်။

အိပ်စရေးရောင်ခြည်ရှိ အတိုဆုံးလှိုင်းများက ရေဒီယို သတ္တိရှိသော ပစ္စည်းများမှ ထုတ်လွှတ်သည့် ဂမ်မာရောင်ခြည် လှိုင်းများနှင့် တစ်ဖန် ထပ်နေပြန်၍ ထိုလှိုင်းများ၏ အတိုဆုံး လှိုင်းအလျားသည် တစ်လက်မ၏ သန်းစိတ်တစ်စိတ်၏ အပုံ ပေါင်း နှစ်သောင်းတွင် တစ်ပုံခန့်မျှသာ ရှိသည်။ အားလုံးသောလှိုင်းများအောက် အတိုဆုံးလှိုင်းမှာ ကော့ စမစ်ရောင်ခြည်လှိုင်းများ ဖြစ်သည်။ ထိုလှိုင်းများသည် တိုလွန် အားကြီးသဖြင့် ယခုတိုင်အောင် မည်သို့သောကိရိယာမျိုးနှင့်မျှ တိုင်းတာရန် မဖြစ်နိုင်သေးပေ။ အချို့သောကော့စမစ်ရောင်ခြည် များသည် ၁၈ ပေ ထူသည့် ခဲထုကို ဖောက်ထွင်းနိုင်သည် အထိပင် သတ္တိ ပြင်းထန်သည်။ ထိုရောင်ခြည်ရှိကြောင်းကို ၁၉ဝ၃ ခုနှစ်တွင် စတင်တွေ့ရှိရသည်။ ထိုရောင်ခြည်များသည် ကြယ်များအတွင်း၌ဖြစ်စေ၊ ကြယ်များတည်ရှိရာ အာကာသ အတွင်း၌ ဖြစ်စေ အက်တမ်များ အကြီးအကျယ် ပြောင်းလဲကြ ရာမှ စတင်ဖြစ်ပွား ပေါ်ပေါက်လာဟန် တူသည် ဟူ၍၎င်း၊ ဤပြောင်းလဲမှုများမှာလည်း ဒြဗ် ဝတ္ထုသစ်တို့ ဖြစ်ပေါ်ရာမှ ဖြစ်စေ ပေါ်ပေါက်လာနိုင်စရာ အကြောင်းရှိသည်ဟူ၍၎င်း ရူပဗေဒပညာရှင်ကြီးအများက ယုံကြည်ကြသည်။ ထိုသို့ တစ်ခေတ်ပြီး တစ်ခေတ် မှန်ကန်သောအသိသစ် အတွေ့သစ်များ တိုးတက်များပြားလာသည့်နှင့်အမျှ သိပ္ပံပညာ တွင် ယုတ္တိတန် မတန် သံသယဖြစ်ဖွယ် ကျန်နေသေးသော အချို့သော ယုံကြည်ယူဆချက်များသည် မကြာမီအတွင်း၌ အမှန်နှင့်အမှား ကွဲပြား ပြေရှင်းသွားလိမ့်မည်ဟူ၍ မျှော်လင့်ရ ပေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)