ရေဏုပူဇက
ပုံပန်းသွင်ပြင်
အရှင်ရေဏုပူဇကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ဝိပဿီမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]ဝိပဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်ရေဏုပူဇကထေရ်သည် မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ ကံ့ကော်ပန်းကို ခူးဆွတ်ကာ ဝတ်မှုံတို့ဖြင့် တင်လှူပူဇော်ခဲ့၏။ [၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထို့သို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ကံ့ကော်ဝတ်မှုံတို့ကို ပေးလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် လေးဆယ့်ငါးကမ္ဘာထက်တွင် “ရေဏု” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ရေဏုပူဇကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]