ရေဆန်လမ်းမှ အိမ်အပြန် (စာအုပ်)

ဝီကီပီးဒီးယား မှ
ရေဆန်လမ်းမှ အိမ်အပြန်
စာရေးသူခင်ခင်ဝင်း
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားမြန်မာဘာသာ
အမျိုးအစားကိုယ်တွေ့မှတ်တမ်း
ထုတ်ဝေခြင်းဒီဇင်ဘာလ၊ ၂၀၁၆ (ပထမအကြိမ်)
ထုတ်ဝေသူဓူဝံ

ရေဆန်လမ်းမှ အိမ်အပြန်စာအုပ်သည် ခင်ခင်ဝင်း ရေးသားခဲ့သော နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ ကိုယ်တွေ့မှတ်တမ်း စာအုပ်တစ်အုပ် ဖြစ်သည်။

ခင်ခင်ဝင်းသည် မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးအပါးတွင် နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ ခင်ခင်ဝင်း၏ ကျောင်းဆရာမဘ၀မှ နိုင်ငံရေးသမားတစ်ဦးဖြစ်လာခြင်း၊ နိုင်ငံရေးဖြတ်သန်းခြင်းနှင့် အာဏာရှင်ကိုအန်တုတွန်းလှန်ခဲ့ခြင်းများကိုမူ လူသိနည်းပါးလှသည်။ ကျောင်းဆရာမတစ်ဦးအဖြစ် ကျေးလက်ဒေသများအကြားတွင် တာဝန်ထမ်းဆောင်၍ နိုင်ငံအတွင်းနေထိုင်ကြသူများ၏ စီးပွားရေးလူမှုရေး အခက်အခဲ အကြပ်အတည်းများကို ကိုယ်တိုင်ခံစားခဲ့ရကာ မခံမရပ်နိုင်စိတ်ဖြင့် နိုင်ငံရေးလှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့သည်။ နိုင်ငံရေးအတွက် ခင်ပွန်းသည်ကို ခွဲခွာခဲ့ရသလို ဆွေမျိုးအသိုင်းအဝန်း၏ ရှောင်ဖယ်ခြင်းကိုလည်း ခံခဲ့ရသည်။ ကိုယ်ပိုင်မိသားစုဘ၀နှင့် မိမိအိမ်ထောင်ဦးစီးအရေးထက် နိုင်ငံပိုင်မိသားစုနှင့်နိုင်ငံအိမ် ထောင်ဦးစီးကို ဦးစားပေးခဲ့သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်အောင်ရှောင်နိုင်သည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့်နေထိုင်ခဲ့သည်။ သူမ၏ သမီးတစ်ဦးပင် နေအိမ်အကျယ်ချုပ်တွင် ပါဝင်ခဲ့သည်။

ရေဆန်လမ်းမှ အိမ်အပြန်စာအုပ်တွင် စိတ်ဝင်စားဖွယ်ကောင်း၍ ရင်နင့်အောင်ထိရှခံစားလိုက်ရသည့် အကြောင်းအရာကိစ္စရပ်ပေါင်းများစွာ ပါဝင်သည်။ ခင်ခင်ဝင်း၏ မိသားစုဘ၀၊ နိုင်ငံရေးသမားတစ်ဦး၏ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်အနီးအပါးမှ ကာလနှင့်သူမ၏ အိမ်ပြန်ချိန်တို့ သည် စာရေးသူအတွက် စိတ်ဝင်စားမှုအကောင်းဆုံးအကြောင်းကိစ္စများဖြစ်စေခဲ့သည်။ ရေဆန်လမ်းမှ အိမ်အပြန်စာအုပ်တွင် အခန်း(၉)ခန်းပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦးနှင့် ခင်ခင်ဝင်း၏ အမှာစာတို့ ပါဝင်သည်။

ကိုးကား[ပြင်ဆင်ရန်]