ရေစုန်နှင့်ရေဆန် (စာအုပ်)

ဝီကီပီးဒီးယား မှ
ရေစုန်နှင့်ရေဆန်
စာရေးသူဦးလှဝင်း(လေသူရဲတစ်ဦး)
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားမြန်မာဘာသာ
အမျိုးအစားကိုယ်တွေ့မှတ်တမ်း
ထုတ်ဝေခြင်း၂ဝ၁၇ ခုနှစ် ဇူလိုင်လ(ပထမအကြိမ်)
ထုတ်ဝေသူရတနာပုံ

ရေစုန်နှင့်ရေဆန် စာအုပ်ကို စာရေးဆရာ ဦးလှဝင်း (လေသူရဲတစ်ဦး)က ရေးသားခဲ့သည်။ စာအုပ်သည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် စာပေအနုပညာရှင်တို့၏ လှုပ်ရှားမှုများအကြောင်းတို့ကို ကိုယ်တွေ့မှတ်တမ်းအဖြစ် စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)က ရေးသားခဲ့ခြင်းဖြစ်သည်။ ရေစုန်နှင့်ရေဆန်စာအုပ်ကို ဦးလှဝင်း(လေသူရဲတစ်ဦး)သည် ၁၉၈၉ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့ကတည်းက အခန်း(၁၆)ခန်း ရေးသားပြီးစီးခဲ့ ပြီးဖြစ်သည်။ ၂၇ နှစ်ကျော်လွန်ပြီးသောအချိန် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် အခန်း(၁၇)ကို ရေးသားပြီးစီးခဲ့သည်။ စာအုပ်တွင် အလင်းနှင့် အမှောင်၊ တိုက်ပွဲခေါ်သံ၊ ဆရာကြီးများဆန္ဒ၊ ဗိုလ်သူရလမ်း လျှို့ဝှက်အစည်းအဝေး၊ အရိုင်းခေါ်သံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ရေတိုင်ကီစင်မြင့်၊ ရွှေတိဂုံဘုရားအနောက်ဖက်မုဒ် အစည်းအဝေး၊ ဘာတွေဖြစ်ကုန်ပြီလဲ၊ စာနယ်ဇင်းသမဂ္ဂဖွဲ့ကြပြီ၊ ဆရာရန်အောင်၏ ကြေးစည်သံ၊ ကိုဝင်းဦးနှင့်ကျွန်တော်၊ ဝန်ကြီးချုပ်ဦးနု ပြဿနာ၊ ခေတ်ပျက်နှင့် ဦးနေဝင်း၊ ကြားဖြတ်အစိုးရပြဿနာ၊ နောက်ဆုံး နေ့ရက်များ၊ ခွင့်မတောင်းပေမယ့် ရပါတယ်၊ နိဂုံး၏ နိဂုံး ဆိုသော အခန်း ၁၇ ခန်းနှင့် စာရေးသူ၏ အမှာ အပါအဝင် ဦးနေဝင်း၏ နောက်ဆုံးမိန့်ခွန်း၊ ဒေါက်တာမောင်မောင်၏ မိန့်ခွန်းများ၊ မောင်သော်က အတွက် အမှတ်တရ၊ ဟံသာဝတီ ဦးဝင်းတင်နှင့်ကျွန်တော် တို့သည် နောက်ဆက်တွဲများအဖြစ် ပါဝင်သည်။ ထို့အပြင် ဓာတ်ပုံမှတ်တမ်းအချို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

၁၉၈၈ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုဖြင့် အစတည်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ၂ဝ၁၇ ခုနှစ်တွင် ၂၉ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၉ နှစ်တိတိပြည့်မြောက်သောနှစ် ဇူလိုင်လတွင် စာရေး ဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ရေစုန်နှင့်ရေဆန်စာအုပ်ထွက်လာသည်။

ကိုးကား[ပြင်ဆင်ရန်]