ရေကြက်ဒုံ
ရေကြက်ဒုံ Eurasian Coot | |
---|---|
![]() | |
Feeding in Tasmania, Australia | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
| |
မျိုးရိုးခွဲခြားခြင်း | |
လောက: | တိရစ္ဆာန်
|
မျိုးပေါင်းစု: | |
မျိုးပေါင်း: | ငှက်
|
မျိုးစဉ်: | |
မျိုးရင်း: | ရယ်လီဒီး
|
မျိုးစု: | ဖူလီကာ
|
မျိုးစိတ်: | အဖ် အက်ထရာ
|
ဒွိနာမ | |
ဖူလီကာအက်ထရာ | |
![]() | |
Range of F. atra Breeding range Year-round range Wintering range | |
Synonyms | |
|
ရေကြက်ဒုံကို သင်္ဘောရေကြက် ဟုလည်း ခေါ်သည်။ သတ္တဗေဒ(ပါဏဗေဒ) အလိုအရ ရေကြက်ဒုံ ကို ဖူလီကာအက်ထရာ ဟု ခေါ်သည်။ ထိုငှက်သည် ရယ်လီဒီး မျိုးရင်းတွင် ပါ၏။ ရေကြက်ဒုံ၏ ကိုယ်အလျား သည် ၁၆ လက်မရှိ၏။ ငှက်ငယ် များ၏ ကိုယ်အပေါ်ပိုင်းသည် ညို၍ အောက်ပိုင်းသည် အရောင်ဖျော့ကာ အဖြူရောင်များနှင့် ရောနေသည်။ ရေကြက်ဒုံ၏ အသံမှာ စူး၍ကျယ်သော 'ကရော-ကရော' ဟူသည့် အသံဖြစ်သည်။ သို့သော် အချင်းချင်း သိနားလည် အောင် ပြောဆိုသည့်အသံ မြောက်မြားစွာ ရှိသေးသည်။ အခြားရေကြက်မျိုးထက် ပို၍ ရေကို ကြိုက်နှစ်သက် သဖြင့် ကြီးမားသည့်ထုံးအိုင်များတွင် ရေကြက်ဒုံသည် အနေ များ၏။ နေ့ခင်းပိုင်းတွင် ရေထဲ၌ ကူးခတ်နေပြီးလျှင် အစာ အတွက် ရေတွင်ငုပ်နေကြသော ရေကြက်ဒုံများကို မြင်နိုင်ပေ သည်။ နံနက်နှင့် ညနေပိုင်းများတွင်မူ ကွင်းပြင်များသို့ သွား တတ်ကြပြီးလျှင် ပိုးကောင်၊ ခရု၊ ပက်ကျိနှင့် အပင်ငယ်များကို ရှာဖွေစားသောက်ကြသည်။ ရေကြက်ဒုံငှက် ပျံသောအခါ လေး လံသည့် ခြေထောက်ကြီးများကို နောက်သို့ပစ်၍ ပျံသန်းတတ် သည်။
ရေကြက်ဒုံသည် ဥရောပတိုက်၊ အာရှတိုက်၊ ဟိမဝန္တာ တောင်၏ မြောက်ဘက်ရှိ ဒေသများ၊ အာရေဗျ၊ ဆဟားရား သဲကန္တာရ၏ မြောက်ဘက်ရှိ အာဖရိကတိုက်၊ အာရှတိုက်နှင့် ဥရောပတိုက်တို့၏ အာတိတ်ဒေသများတွင် နေထိုင်သောငှက် မျိုး ဖြစ်သည်။ ဆောင်းရာသီတွင် ရေကြက်ဒုံသည် အပူလျော့ ပိုင်း ဒေသများသို့ ပြောင်းရွှေ့ကာ နေထိုင်ကြသည်။ အေးသည့် ရာသီတွင် သင့်တော်သော ထုံးအိုင်များတွင် ရေကြက်ဒုံငှက်များ ကို အတွေ့ရများသော်လည်း သားပေါက်သည့် အထောက် အထားကိုမူ မတွေ့ရချေ။ လူရှိုင်းနယ်ခြားအနီး ချင်းတောင်များ ရှိ ရေအိုင်တစ်ခုတွင် သားပေါက်တတ်သည်ဟူ၍ကား ငှက် ပါရဂူတစ်ဦးက ယူဆလေသည်။ ထို့အပြင် မန္တလေးခရိုင်၊ မောင်း မကန် ထုံးအိုင်၌ ရေကြက်ဒုံများကို တစ်နှစ်ပတ်လုံး တွေ့ရ သည်ဟု ဆိုလေသည်။[၃]
ပြခန်း[ပြင်ဆင်ရန်]
Adults and chicks in New Zealand
ကိုးကား[ပြင်ဆင်ရန်]
- ↑ Fulica atra။ IUCN Red List of Threatened Species. Version 2013.2။ International Union for Conservation of Nature (2012)။ 26 November 2013 တွင် ပြန်စစ်ပြီး။
- ↑ Condon, H. T. (1975) Checklist of the Birds of Australia: Non-Passerines Royal Australasian Ornithologists Union, 57:311
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)