ရီရှီ ဆူးနက်ခ်
ပုံပန်းသွင်ပြင်
ရီရှီ ဆူးနက်ခ် Rishi Sunak | |
|---|---|
၂၀၂၀ပြည့်နှစ်ကတွေ့ရစဉ် | |
| ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၂၅ အောက်တိုဘာ ၂၀၂၂ – ၅ ဇူလိုင် ၂၀၂၄ | |
| ဧကရာဇ် | တတိယမြောက် ချားလ်စ် |
| လက်ထောက် | Dominic Raab |
| ယခင်လူ | လစ်ဇ် ထရပ်စ် |
| ဆက်ခံသူ | ကီယာစတားမာ |
| ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် | |
| တာဝန်သက်တမ်း ၂၄ အောက်တိုဘာ ၂၀၂၂ – ၅ ဇူလိုင် ၂၀၂၄ | |
| ယခင်လူ | လစ်ဇ် ထရပ်သ် |
| ဘဏ္ဍာရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၁၃ ဖေဖော်ဝါရီ ၂၀၂၀ – ၅ ဇူလိုင် ၂၀၂၂ | |
| ဝန်ကြီးချုပ် | ဘောရစ် ဂျွန်ဆင် |
| ယခင်လူ | Sajid Javid |
| ဆက်ခံသူ | Nadhim Zahawi |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၂ မေ၊ ၁၉၈၀ ဆောက်သမ်တန်မြို့၊ အင်္ဂလန်နိုင်ငံ |
| နိုင်ငံရေးပါတီ | ကွန်ဆာဗေးတစ်ပါတီ |
| ကြင်ဖော် | အာခ်ရှာတာ မာတီ |
| သားသမီး | ၂ |
| ဝက်ဘ်ဆိုဒ် | rishisunak.com |
ရီရှီ ဆူးနက်ခ် (အင်္ဂလိပ်: Rishi Sunak) သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ ထို့အပြင် ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်လည်း တာဝန်ယူခဲ့သည်။ ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် နုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာသူဖြစ်သည်။[၁] တတိယမြောက်ချားဘုရင် ပထမဆုံးခန့်အပ်ခဲ့သည့် ဝန်ကြီးချုပ်လည်းဖြစ်ကာ ဗြိတိန်ဝန်ကြီးချုပ်သမိုင်းတွင် ပထမဆုံးသော အာရှနွယ်ဖွားနှင့် ဟိန္ဒူဘာသာဝင်လည်းဖြစ်သည်။[၂]
ရီရှီဆူးနက်ခ်၏မိဘများသည် အရှေ့အာဖရိကဘက်မှ ဗြိတိန်သို့ ရွှေ့ပြောင်းလာခဲ့သော အိန္ဒိယနွယ်ဖွားများဖြစ်ကာ ၎င်းအား ဆောက်သမ်တန်မြို့တွင် ဖွားမြင်ခဲ့သည်။ ရီရှီ ဆူးနက်ခ်၏ ဇနီးမှာ အိန္ဒိယနိုင်ငံ ဘီလျံနာသူဌေးကြီးတစ်ဦး၏ သမီးဖြစ်သည်။[၃]