ကီယာစတားမာ
ကီယာစတားမာ Keir Starmer | |
|---|---|
| ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၅ ဇူလိုင် ၂၀၂၄ – ၂၀ ဇူလိုင် ၂၀၂၄ | |
| ဧကရာဇ် | တတိယမြောက် ချားလ်စ် |
| လက်ထောက် | Angela Rayner |
| ယခင်လူ | ရီရှီ ဆူးနက်ခ် |
| ဆက်ခံသူ | အင်ဒီ ဘာနမ် |
| လေဘာပါတီခေါင်းဆောင် | |
| တာဝန်သက်တမ်း ၄ ဧပြီ ၂၀၂၀ – ၁၇ ဇူလိုင် ၂၀၂၆ | |
| ဆက်ခံသူ | အင်ဒီ ဘာနမ် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂ စက်တင်ဘာ၊ ၁၉၆၂ အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့။ |
| နိုင်ငံရေးပါတီ | လေဘာပါတီ |
| ကြင်ဖော် | ဗစ်တိုးရီးယား အလက်ဇန်းဒါး ( Victoria Alexander ) |
| သားသမီး | ၂ |
| လက်မှတ် | |
ကီယာစတားမာ (အင်္ဂလိပ်: Keir Starmer) သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ၈၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်သည်။ ထို့အပြင် လေဘာပါတီ၏ ခေါင်းဆောင်လည်းဖြစ်ခဲ့သည်။ ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် နုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာသူဖြစ်ပြီး တတိယမြောက် ချားလ်စ်ဘုရင် ဒုတိယမြောက်ခန့်အပ်ခဲ့သည့် ဝန်ကြီးချုပ် ဖြစ်သည်။ ယူကေကို ၁၄ နှစ်တာ ဆက်တိုက်အုပ်ချုပ်ခဲ့သည့် ကွန်ဆဗေးတစ်ပါတီနေရာသို့ လေဘာပါတီ ပြန်ရောက်လာအောင် ကြိုးစားခဲ့သူဖြစ်သော်လည်း[၁]၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက် တွင် ပါတီတွင်းဖိအားများနှင့် ကျဆင်းလာသော လူထုထောက်ခံမှုများကြောင့် ဝန်ကြီးချုပ်နှင့် လေဘာပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ရသည်။ အသစ်ရွေးချယ်ခံရသည့် အင်နီ ဘာနမ် တက်လာချိန်အထိ အိမ်စောင့်ဝန်ကြီးချုပ် အဖြစ် တာဝန်ယူသွားခဲ့သည်။[၂]
ငယ်ဘဝ နှင့် ပညာရေး
[ပြင်ဆင်ရန်]စတားမာ သည် အလုပ်သမား လူတန်းစားနောက်ခံ က လာခဲ့ပြီး အစိုးရရှေ့နေ အဖြစ်အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သည့် နိုင်ငံရေးသမားတစ်ယောက်ဖြစ်သည်။ငယ်ရွယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့ကာ သူ့ အသက် ၁၆နှစ်သားအရွယ်ကတည်းက လေဘာပါတီဝင် သို့ ဝင်ရောက်ခဲ့သည်။[၃]
သူ့ကို ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ တွင် ကိရိယာတန်ဆာပလာများလုပ်ကိုင်သော ဖခင်ဖြစ်သူ နှင့် သူနာပြုမိခင်တို့က လန်ဒန်မြို့ ၌ မွေးဖွားခဲ့ပြီး အင်္ဂလန် အရှေ့တောင်ပိုင်း ဆာရေးနယ် အောက်စတက်မြို့ ရှိ သာမန် နှစ်လုံးတွဲ အိမ်တစ်လုံးတွင် ငယ်ဘဝအား ရိုးရှင်းစွာဖြတ်သန်းခဲ့သည်။ငယ်စဉ်ကတည်းက ပညာထူးချွန်သူဖြစ်ခဲ့သည့် ကီယာစတားမာ သည် အထက်တန်းပညာအား ပညာထူးချွန်သူများတက်ရောက်ခွင့်ရသည့် အစိုးရ Grammar School တွင် ဒေသကောင်စီ၏ ထောက်ပံ့မှုကျောင်းစရိတ်ဖြင့် တက်ရောက်ခွင့်ရခဲ့သူလည်းဖြစ်ခဲ့သည်။[၄]
သူသည် တက္ကသိုလ်ပညာရပ်အား ဥပဒေဘာသာရပ်အထူးပြုဖြင့် လိဒ်တက္ကသိုလ် နှင့် အောက်စဖို့ဒ်တက္ကသိုလ် တို့တွင် ဆည်းပူးခဲ့သည်။၁၉၈၇ ခုနှစ် တွင် တရားရုံးရှေ့နေ ဖြစ်လာသည်။ လူ့အခွင့်အရေးဥပဒေကို အထူးပြုလေ့လာခဲ့သူ ၎င်းသည် ကာရေဘီယံ နှင့် အာဖရိက ရှိ သေဒဏ်ကျခံနေရသော အကျဉ်းသားများအတွက် ခုခံကာကွယ် ပေးခဲ့သူတစ်ဦး အဖြစ်လည်းကောင်း၊၁၉၉၀ ခုနှစ် နှောင်းပိုင်းကာလက အမေရိကန်အခြေစိုက် အမြန်ရစာရောင်းချသည့် မက်ဒေါ်နယ် ကုမ္ပဏီ ၏ တရားစွဲဆိုခြင်းခံရသော တက်ကြွ လှုပ်ရှားသူများ အတွက် အခမဲ့ ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးခဲ့သူ အဖြစ်လည်းကောင်း လူသိများသည်။၂၀၀၈ ခုနှစ် တွင် ပြည်သူ့တရားစွဲဌာနညွှန်ကြားရေးမှူး ဖြစ်လာသည်။ရာဇဝတ်မှုခင်းဆိုင်ရာ ဥပဒေရေးရာ ဆောင်ရွက်ချက်များကြောင့် ၂၀၁၄ ခုနှစ် တွင် ဆာဘွဲ့ ချီးမြှင့်ခံရသည်။[၅]
နိုင်ငံရေးဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် တွင် လန်ဒန်မြောက်ပိုင်း Holborn နှင့် St Pancras မဲဆန္ဒနယ် တို့၏ ရွေးကောက်ခံအမတ် အဖြစ်ဖြင့် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာသည်။လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင် ၏ အတိုက်အခံဝန်ကြီးအဖွဲ့ တွင် ပါဝင်ခဲ့သည့်အပြင် ယူကေ ဥရောပသမဂ္ဂက ထွက်မည့်လုပ်ငန်းစဉ်ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ဗြိတိန်နိုင်ငံ ၏ ၂၀၁၉ အထွေထွေရွေးကောက်ပွဲ တွင် လေဘာပါတီ အကြီးအကျယ်ရှုံးနိမ့်ပြီးနောက် နေရာသို့ ၂၀၂၀ပြည့်နှစ် ဧပြီလတွင် လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီကိုဘင် နေရာသို့ အစားထိုး ရွေးချယ်ခံရသည်။[၆]
ယူကေနိုင်ငံ၏ ၉၉ ဦးမြောက် ဝန်ကြီးချုပ်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဇူလိုင် ၄ ရက် နေ့တွင် ကျင်းပသည့် ယူကေ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် သူသည် ယူကေနိုင်ငံ ၏ ၉၉ ဦးမြောက် ဝန်ကြီးချုပ်ရာထူးကို ဆက်ခံခဲ့သည်။ ယူကေဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ပေးသူမှာ တတိယမြောက်ယူကေဘုရင်မင်းမြတ် ချားစ်( Charles III) ဖြစ်ပြီး ၂၀၂၄ခုနှစ် ဇူလိုင် ၅ရက် နေ့ တွင် တရားဝင်ရာထူးစတင်သည်။[၇]
ဝါသနာနှင့်အားကစား
[ပြင်ဆင်ရန်]ဘောလုံးအားကစားကို နှစ်သက်သည့် အလျှောက် ကိုယ်တိုင်လည်း အပျော်တမ်း အသင်းတစ်ခု တွင် ဘောလုံးကစားခဲ့သည်။အားပေးသည့် ပရီးမီးယားလိ့ခ် အသင်းမှာ အာဆင်နယ် ဖြစ်သည်။
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]၂၀၀၇ ခုနှစ် တွင် ဥပဒေပညာရှင် ဂျူးနွယ်ဖွား ဗစ်တိုးရီးယား အလက်ဇန်းဒါး ( Victoria Alexander ) နှင့် လက်ထပ်ခဲ့ပြီး သားသမီး နှစ်ယောက်ထွန်းကားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Doherty၊ Caitlin (2026-06-22)။ Keir Starmer resigns as prime minister and leader of Labour Party (in en-GB)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ UK Prime Minister Keir Starmer says he will resign (in en)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Windsor၊ Richard (2024-02-22)။ Keir Starmer: The Biography – five things we learned (in en)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Baldwin၊ Tom (2026-04-27)။ A special kind of agony... Keir Starmer’s biographer on what comes next for the stricken PM (in en-GB)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတားမာ ဆိုတာဘယ်သူလဲ။ BBC Burmese (5 July 2024)။ 6 July 2024 တွင် ပြန်စစ်ပြီး။
- ↑ Shear၊ Michael D.။ "Starmer Announces He Will Resign as UK Prime Minister: Live Updates" (in en-US)၊ The New York Times၊ 2026-06-22။
- ↑ Who is Britain's new Prime Minister Keir Starmer, ushered to power by his Labour Party's election landslide?။ CBS News (5 July 2024)။ 6 July 2024 တွင် ပြန်စစ်ပြီး။