မက်တာဒေတာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၂၁-ရာစုတွင် မက်တာဒေတာကို ဒစ်ဂျစ်တယ်ပုံစံများအဖြစ်သာ ထုံးစံအတိုင်း ရည်ညွှန်းကြသော်လည်း၊ စာကြည့်တိုက်များတွင် တွေ့နိုင်သော စာအုပ်ကက်တလောက်များရှိ စာအုပ်အညွှန်းကဒ်များကိုလည်း စာအုပ်တို့၏ မက်တာဒေတာ (စာရေးသူ၊ စာအုပ်ခေါင်းစဉ်၊ စာအုပ်အကြောင်းအရာ၊ စသည်တို့)ကို သိမ်းဆည်းထားသည့် အရာအဖြစ် ရှုမြင်နိုင်သည်။

မက်တာဒေတာ(metadata)သည် အချက်အလက် သို့မဟုတ် ဒေတာ တို့၏ အကြောင်းကို ရှင်းလင်းဖေါ်ပြသော ဒေတာ ဖြစ်သည်။[၁] အင်္ဂလိပ်စကားတွင် "data about data"ဟု အတိုချုပ် ပြောနိုင်ပြီး၊ "အချက်အလက်တို့၏ အကြောင်းကို ဖေါ်ပြချက်"ဟု အနီးဆုံး ဘာသာပြန်နိုင်သည်။ ရှင်းလင်းဖေါ်ပြမှုဆိုင်ရာ မက်တာဒေတာ(descriptive metadata)၊ ဖွဲ့စည်းပုံဆိုင်ရာ မက်တာဒေတာ(structural metadata)၊ ထိန်းသိမ်းစီမံကွပ်ကဲမှုဆိုင်ရာ မက်တာဒေတာ(administrative metadata)၊[၂] ကိုးကားခြင်းဆိုင်ရာ မက်တာဒေတာ(reference metadata)၊ စာရင်းအင်းဆိုင်ရာ မက်တာဒေတာ(statistical metadata)[၃] စသည်ဖြင့် မက်တာဒေတာ အမျိုးမျိုးရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Merriam Webster။ 2015-02-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-10-17 တွင် ပြန်စစ်ပြီး။
  2. Zeng, Marcia (2004)။ Metadata Types and Functions။ NISO။ 2016-10-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-10-05 တွင် ပြန်စစ်ပြီး။
  3. Directorate၊ OECD Statistics။ OECD Glossary of Statistical Terms - Reference metadata Definition