ရီချယ်ကာ

ဝီကီပီးဒီးယား မှ

ရီချယ်ကာ သို့မဟုတ် ရီချယ်ကားရဲ (အင်္ဂလိပ်: Ricercarအီတလီ: Ricercare) သည် ဉာဏ်သစ်အရေးတော်ပုံခေတ်နှောင်းပိုင်းနှင့် ဘရော့ခ်ခေတ်ဦးပိုင်းအကြားကာလ၌ ပေါ်ပေါက်ခဲ့သော သီချင်းတစ်မျိုးဖြစ်သည်။ Ricercar ၏ အဓိပ္ပာယ်မှာ "လေ့လာရှာဖွေခြင်း" ဟူ၍ဖြစ်သည်။ ရီချယ်ကာကိုရေးသားရာတွင် မိုတီးဖ်တစ်ခုကို မည်သို့မွမ်းမံရမည်ကို စဉ်းစား၍ရေးသားရသည်။

ထိုသို့ရေးသားဟန်ကြောင့် ရီချယ်ကာကို စောပိုင်းကာလ ဖျုဂ် (Fugue) ဟူ၍လည်းခေါ်ဆိုကြသည်။ ဖျုဂ်နှင့်ကွာခြားချက်မှာ ရိချယ်ကာ‌၏ Subject ခေါ်ပင်မတေးသံ၏ နုတ်တန်ဖိုး (Note value) များသည် ရှည်လျားသည်။

ယိုဟန် ဆီဘက်ရှန်း ဘက်ရှ် ရေးသားထားသော ရီချယ်ကာတစ်ပုဒ်မှ မိုတီးဖ်တစ်ခု

ကိုးကားချက်များ[ပြင်ဆင်ရန်]

  • Arthur J. Ness, "Ricercar", Harvard Dictionary of Music, fourth edition, edited by Don Michael Randel, 729–31. Harvard University Press Reference Library. Cambridge: Belknap Press for Harvard University Press, 2003. ISBN 0-674-01163-5.
  • "Ricercar," "Fugue," "Counterpoint" in The New Grove Dictionary of Music and Musicians, ed. Stanley Sadie. 20 vol. London, Macmillan Publishers Ltd., 1980. ISBN 1-56159-174-2