ရိုမာရီယို

ဝီကီပီးဒီးယား မှ
ရိုမာရီယူ ဒီ စောဇဲ ဖားရိယာ
၂၀၁၅တွင် အထက်လွှတ်တော်အမတ်အဖြစ် တွေ့ရပုံ
ရီယိုဒီဂျနေးရိုးမြို့မှ အထက်လွှတ်တော်အမတ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၅ ဖေဖော်ဝါရီ ၁
ယခင်လူFrancisco Dornelles
ရီယိုဒီဂျနေးရိုးမြို့မှ အောက်လွှတ်တော်အမတ်
တာဝန်သက်တမ်း
၂၀၁၁ ဖေဖော်ဝါရီ ၁ – ၂၀၁၅ ဖေဖော်ဝါရီ ၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1966-01-29) ၂၉ ဇန်နဝါရီ၊ ၁၉၆၆ (အသက် ၅၈)
ရီယိုဒီဂျနေးရိုးမြို့၊ ဘရာဇီး
နိုင်ငံရေးပါတီPODE
အရပ်အမြင့်၁.၆၇ မီတာ
ကြင်ဖော်(များ)Mônica Santoro (1988–1995),
Danielle Favatto (1996–2001),
Isabelle Bittencourt (2010–2012)
ကျွမ်းကျင်မှုဘောလုံးကစားသူ

Association football career
ကစားသည့်နေရာ တိုက်စစ်မှူး
လူငယ်ဘဝကလပ်များ
၁၉၇၉–၁၉၈၀ Olaria Atlético Clube
၁၉၈၁–၁၉၈၅ CR Vasco da Gama
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၈၅–၁၉၈၈ CR Vasco da Gama ၄၇ (၁၇)
၁၉၈၈–၁၉၉၃ PSV Eindhoven ၁၀၉ (၉၈)
၁၉၉၃–၁၉၉၅ FC Barcelona ၄၆ (၃၄)
၁၉၉၅–၁၉၉၆ Clube de Regatas do Flamengo ၁၉ (၈)
၁၉၉၆–၁၉၉၇ Valencia CF ၁၁ (၅)
၁၉၉၇ → Clube de Regatas do Flamengo (အငှား) (၃)
၁၉၉၈–၁၉၉၉ Clube de Regatas do Flamengo ၃၉ (၂၆)
၂၀၀၀–၂၀၀၂ CR Vasco da Gama ၄၆ (၄၁)
၂၀၀၂–၂၀၀၄ Fluminense FC ၆၀ (၃၄)
၂၀၀၃ → Al Sadd SC (အငှား) (၀)
၂၀၀၅–၂၀၀၆ CR Vasco da Gama ၃၁ (၂၂)
၂၀၀၆ Miami FC ၂၅ (၁၉)
၂၀၀၆ → Adelaide United FC (အငှား) (၁)
၂၀၀၇ CR Vasco da Gama (၃)
၂၀၀၉ America Football Club (Rio de Janeiro) (၀)
စုစုပေါင်း ၄၄၈ (၃၀၉)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၈၅ ဘရာဇီး ယူ(၂၀) ၁၁ (၁၁)
၁၉၈၈ ဘရာဇီး ယူ(၂၃) ၁၁ (၁၅)
၁၉၈၇–၂၀၀၅ ဘရာဇီး အမျိုးသား ဘောလုံးအသင်း ၇၀ (၅၅)
အုပ်ချုပ်ခဲ့သော အသင်းများ
၂၀၀၇–၂၀၀၈ CR Vasco da Gama

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ရိုမာရီယို အဖြစ် လူသိများသော ရိုမာရီယူ ဒီ စောဇဲ ဖားရိယာ[မှတ်စု ၁] (ပေါ်တူဂီ: Romário de Souza Faria ; ၁၉၆၆ ဇန်နဝါရီ ၂၉ မွေးဖွား ) သည် ဘရာဇီးနိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ကမ္ဘာ့တွင် ကျော်ကြားခဲ့သော ဘောလုံးသမားဟောင်း တစ်ဦးလည်း ဖြစ်သည်။ တိုက်စစ်မှူးအဖြစ် စွမ်းရည်ရှိသော အဆုံးသတ်များကြောင့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားများထဲက တစ်ဦးအဖြစ် သတ်မှတ်ယူဆကြသည်။[၁][၂] ရိုမာရီယိုသည် ဘရာဇီး အမျိုးသား ဘောလုံးအသင်းအတွက် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပနိုင်ရရှိစေရန် ကစားပေးခဲ့ပြီး (ဖီဖာ)ရွှေဘောလုံးဆု ရရှိခဲ့သည်။ ထိုနှစ်၏ အကောင်းဆုံး ကစားသမားဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရ၏ ။ ၁၉၉၉ အင်တာနက်မဲကောက်ယူမှုတွင် ရာစုနှစ်၏ ဖီဖာကစားသမားအဆင့် (၅)တွင် ရပ်တည်နိုင်ခဲ့ကာ ၂၀၀၂၌ ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်းတွင် ပါဝင်ခဲ့သည်။ ၂၀၀၄၌ ကမ္ဘာ့အကြီးကျယ်ဆုံး သက်ရှိထင်ရှား ဖီဖာ (၁၀၀) တွင်လည်း ရွေးချယ်ခံရပြန်သည်။[၃][၄]

ကလပ်အသင်းအနေဖြင့် ဘရာဇီးတွင် အစောပိုင်း ကစားသမားဘဝကို ဖြတ်သန်းပြီးနောက် နယ်သာလန်ကလပ် ပီအက်စ်ဗီသို့ ၁၉၈၈တွင် ပြောင်းရွှေ့ခဲ့၏ ။ ယင်း၌ ကစားခဲ့သော (၅)ရာသီအတွင်း ပီအက်စ်ဗီသည် 'အေးရဒီဗီဇီး' (နယိသာလန်ပြည်တွင်း လိဂ်) ချန်ပီယံ သုံးကြိမ် ဖြစ်လာခဲ့ကာ ၁၆၇ ပွဲတွင် ၁၆၅ ဂိုးသွင်းယူခဲ့သည်။ ၁၉၉၃တွင် ဘာစီလိုနာ ဘောလုံးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ယိုဟန်း ခရက်ဖ်၏ စိတ်ကူးယဉ်အိပ်မက်အသင်း၏ အစိတ်အပိုင်းဖြစ်လာခဲ့ကာ ဟဲရစ်တိုး စတိုးယစ်ချ်ခို့ဖ် (Hristo Stoichkov) နှင့် အလွန်တရာကောင်းမွန်သော တိုက်စစ်အတွဲဖြစ်လာခဲ့သည်။ လာ လီဂါ ဖလားကို ပထမရာသီတွင်ပင် ရရှိခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင် (၃၃)ပွဲ၌ ဂိုး (၃၀) ဖြင့်ရပ်တည်ခဲ့သည်။ ၎င်း၏ ကစားသမားဘဝ ဒုတိယသက်တမ်းကို ဘရာဇီးနိြင်ငံ ရီယိုဒီဂျနေးရိုးမြို့ ရှိ ကလပ်အသင်းများတွင် ကစားခဲ့သည်။ ဘရာဇီးလိဂ် ဖလားကို ၂၀၀၀တွင် CR Vasco da Gama အသင်းနှင့် ရယူနိုင်ခဲ့၍ ယင်းလိဂ်၌ ဂိုးအများဆုံးသွင်းသူဆု သုံးကြိမ်ရရှိခဲ့ပေသည်။ ကစားသမားသက်တမ်း အဆုံးသတ်ကို ကာတာ၊ အမေရိကနှင့် ဩစတေးလျတို့၌ ခဏတဖြုတ်ကစားခဲ့၏ ။

ပင်နယ်တီဧရိယာအတွင်း ဆရာတစ်ဆူအဖြစ် ယူဆကြကာ ၎င်း၏ တာတို မြန်နှုန်းသည် ခံစစ်မှူးများကို ရှောင်ကွင်းနိုင်၍ 'ခြေထိပ်တည့်တည့်ဖြင့်' အဆုံးသတ် ဂိုးသွင်းခြင်းမှာ ၎င်း၏ ကျော်ကြားလှသော အမှတ်တံဆိပ်ဖြစ်လာခဲ့သည်။[၅][၆] ဘရာဇီး အမျိုးသားအသင်းအတွက် ပွဲပေါင်း (၇၀)တွင် (၅၅)ဂိုးသွင်းယူမှုနှင့်အတူ အသင်း၏ ထိပ်တန်းဂိုးသွင်ရှင်စာရင်းတွင် စတုတ္ထမြောက်ပုဂ္ဂိုလ်ဖြစ်သည်။ လက်ရှိအချိန်ထိ ထပ်တန်းဂိုးသွင်းရှင် သုံးဦးမှာ ပီလီရော်နယ်လ်ဒို၊ နေမာ တို့ဖြစ်သည်။[၇] ဘရာဇီးလိဂ်တွင် (၁၅၄)ဂိုးသွင်းယူခဲ့သောကြောင့် ဒုတိယ ဂိုးအများဆုံး သွင်းယူသူဖြစ်သလို ဘောလုံးသမိုင်း၌ ဒုတိယမြောက် ဂိုးအများဆုံးသွင်းယူသူလည်းဖြစ်သည်။[၈]

မှတ်စု[ပြင်ဆင်ရန်]

  1. ရိုမာရီယို စာလုံးမှ 'ရ' သံသည် အင်္ဂလိပ်အက္ခရာ 'r' (ရ) သံစစ်စစ်မဟုတ်ပါ၊ 'ရ' နှင့် 'ဟ' ကြားသံဖြစ်၏ ။

ကိုးကား[ပြင်ဆင်ရန်]

  1. "The Joy of Six: Great finishers". The Guardian. Retrieved 19 November 2013
  2. "Romario: Neymar isn't as good as me … yet" Archived 2 February 2014 at the Wayback Machine.. MSN. Retrieved 19 November 2013
  3. "Pele's list of the greatest"၊ BBC Sport၊ 4 March 2004။ 19 June 2014 တွင် ပြန်စစ်ပြီး 
  4. "FIFA Player of the Century" Archived 26 April 2012 at the Wayback Machine.. FIFA. Retrieved 19 November 2013.
  5. "Strikers' trademark goals: the Thierry Henry control-and-place, the Romario toe-poke and more". The Telegraph. Retrieved 5 December 2013
  6. Romario: From football rebel to politician။ BBC (15 May 2013)။ 23 October 2015 တွင် ပြန်စစ်ပြီး။
  7. "Romário de Souza Faria – Goals in International Matches". RSSSF. Retrieved 19 June 2014
  8. "Best Goalscorers All-Time (Official Matches)". RSSSF Archive. 25 September 2013.