ရတနာဘုံမြင့်ကျောင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရတနာဘုံမြင့်ကျောင်
Yadanar Bon Myint Monastery.jpg
အချက်အလက်များ
ကိုဩဒိနိတ်16°29′17″N 97°37′43″E / 16.488113°N 97.628499°E / 16.488113; 97.628499ကိုဩဒိနိတ်: 16°29′17″N 97°37′43″E / 16.488113°N 97.628499°E / 16.488113; 97.628499
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမော်လမြိုင်မြို့မွန်ပြည်နယ်
ဗိသုကာ
တည်ထောင်သူစိန်တုံးမိဖုရား
ရံပုံငွေထောက်ပံ့သူဒေါ်ရွှေပွင့်
ပြီးစီး၁၈၈၆; ၁၃၄ နှစ် အကြာက (၁၈၈၆)

ရတနာဘုံမြင့်ကျောင်း သည် မွန်ပြည်နယ်မော်လမြိုင်မြို့တွင် တည်ရှိသည့် သမိုင်းဝင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခု ဖြစ်သည်။[၁] သီပေါမင်းပိုင် အထက်မြန်မာပြည်မှ ဗြိတိသျှပိုင် အောက်ပြည်ကို စုန်ဆင်းကာ ကိုလိုနီခေတ်မော်လမြိုင်မြို့တွင် နေထိုင်ခဲ့သော မင်းတုန်းမင်း၏ စတုတ္ထမြောက်မိဖုရားတစ်ပါးဖြစ်သည့် စိန်တုံးမိဖုရား၏ လမ်းညွှန်မှုဖြင့် မန္တလေးမှ ဗိသုကာပညာရှင်တို့တို့ကို ခေါ်ယူကာ တည်ဆောက်ခဲ့သည်။[၂] တည်ဆောက်မှု ကုန်ကျစရိတ်အားလုံးကို သူဌေးမ ဒေါ်ရွှေပွင့်က လှူဒါန်းခဲ့သည်။ ကျောင်းတော်သည် တော်ဝင်လက်မှုပညာလက်ရာများများကြောင့် ထင်ရှားသည်။ ကျောင်းတော်ကို ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရာမဆရာတော်ကို လှူဒါန်းခဲ့သည်။[၃]

ဤရတနာဘုံမြင့်ကျောင်းဝင်းရှိ ခဏ္ဏသိမ်သည် သာမညဆရာတော် လောင်းလျာ ခရစ်နှစ် ၁၉၃၀ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၉၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၅ရက်၊ သောကြာနေ့ နံနက်၇နာရီတွင် မော်လမြိုင်မြို့ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစရကို ဥပဇ္ဇျယ်ပြုလျက် ခမည်းတော်ဦးတောက်အို၊ မယ်တော် ဒေါ်အုံးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သော နေရာလည်းဖြစ်ပါသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]