ရစ်ချတ် ဒီဒီကင်

ဝီကီပီးဒီးယား မှ
ရစ်ချတ် ဒီဒီကင်
ရစ်ချတ် ဒီဒီကင်၊ ၁၈၇၀ ဝန်းကျင်
မွေးဖွား(1831-10-06)အောက်တိုဘာ ၆၊ ၁၈၃၁
ဘရောင်းရွှိုက် (Braunschweig)ဘရွန်းဝခ် ပြည်နယ် (Duchy of Brunswick)
ဆုံးပါးဖေဖော်ဝါရီ ၁၂၊ ၁၉၁၆(1916-02-12) (အသက် ၈၄)
ဘရောင်းရွှိုက်၊ ဂျာမန်အင်ပိုင်ယာ
နိုင်ငံလူမျိုးဂျာမန်
နယ်ပယ်သင်္ချာ
သင်္ချာဆိုင်ရာအတွေးအခေါ်
ပါရဂူဘွဲ့ ကြီးကြပ်သူကားလ် ဖရီးဒရစ် ဂေါက် (Carl Friedrich Gauss)
ကျော်ကြားမှုအရင်းခံခေတ်သစ်အက္ခရာသင်္ချာ
အက္ခရာသင်္ချာနည်းကျ ကိန်းသီအိုရီ
ကိန်းစစ်များ

ယူးလီးရပ် ဝီလ်ဟမ် ရစ်ချတ် ဒီဒီကင် (အင်္ဂလိပ်: Julius Wilhelm Richard Dedekind; (1831-10-06)အောက်တိုဘာ ၆၊ ၁၈၃၁–ဖေဖော်ဝါရီ ၁၂၊ ၁၉၁၆(1916-02-12)) သည် ဂျာမန်လူမျိုး သင်္ချာပညာရှင်တစ်ဦး ဖြစ်ပြီး abstract algebra ခေါ် ခေတ်သစ် အက္ခရာသင်္ချာ (အထူးသဖြင့် ring theory ခေါ် ကွင်းသီအိုရီ)၊ အက္ခရာသင်္ချာနည်းကျ ကိန်းသီအိုရီ (algebraic number theory)၊ နှင့် ကိန်းစစ် (real number) တို့၏ အခြေခံအုတ်မြစ်ဆိုင်ရာ ပညာရပ် နယ်ပယ်များတွင် အဓိက ကျေးဇူးပြုခဲ့သူ ဖြစ်သည်။