ရက်ကန်း စက်ရုံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရက်ကန်း စက်ရုံမှာ ရတနာပုံမြို့ မြောက်ပြင် အမရ စံခေါင်ရပ် ရွှေတချောင်း အရှေ့ဘက် ကမ်း၌ အမြောက် သေနတ် စက်ရုံနှင့် ကပ်လျက် တည်ရှိ ခဲ့သည်။ မည်သည့် ခုနှစ် တည်ဆောက် သည်ဟု အတိအကျ မသိရ သော်လည်း စက်များ၊ ပစ္စည်း ကိရိယာ များကို ၁၈၇၂ ခုနှစ် ဦးတွင် တပ်ဆင်ပြီးစီးသည်ဟု ခန့်မှန်းရသည်။ ယင်း စက်ရုံတွင် ဘက်ဖို့မို့ဟောင်းဝတ် ကုမ္ပဏီလုပ် ဘွိုင်လာကြီး တခု၊ ရောသ်ဝဲလ် အင်ကိုးမှ ၁၈၆၉ ခုနှစ်ထုတ် မြင်းကောင်ရေ ၄ဝ အား အင်ဂျင်စက် တလုံးနှင့် ဟဲသားရင်တန် ကုမ္ပဏီလုပ် စက်ရက်ကန်းစင် ၈ဝ ခန့်၊ ရက်ဖောက်တံ ၁၅၀ဝ ခန့်နှင့် လွန်း၊ တညင်းလုံး၊ ရစ်၊ ချား စသည့် စက်ကိရိယာတို့ အပြည့်အစုံ ရှိခဲ့သည်။

ယင်း ရက်ကန်း စက်ရုံတော်ကြီးတွင် -

ဝါများကို ကြိတ်သည့် ကြိတ်စက်၊ကြိတ်ပြီး ဝါကို ဖတ်သည့် ဂွမ်းဖတ်စက်၊ ဖတ်ပြီး ဂွမ်းကို ဆိုင်ရှိ ဗိုင်းတောင့်ကြီး တဆက်တည်း အရှည်အလံ ဖြစ်အောင် လုပ်သည့် စက်၊ ၎င်း ဗိုင်းတောင့်ကြီးကို တစတစ သေးစေ၍ အလို ရှိရာ ချည်ချော ချည်ကြမ်း ဖြစ်အောင် စက် အဆင့်ဆင့် များနှင့် လုပ်ဆောင်သည်။ ၎င်းချည်ကို ဝင့်သည့်စက်၊ ချည်ချစက်၊ ချည်ခင်ကို ခေါက်သည့် စက်၊ ချည်စာ ယူသည့် တိုက်ခန်း၊ အထည် ရက်ရန် ရက်ကန်း ရှယ်သည့် တိုက်ခန်း၊ ဉှပ်ကောက်သည့် တိုက်ခန်း၊ အထည် ရက်သည့် ရက်ကန်းစင် တိုက်ခန်း၊ အထည် ခေါက်သည့် စက်ခန်း များနှင့် ပြည့်စုံစွာ ရှိသည်ဟု ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်တွင် ဖော်ပြ ထားသည်။

စက်ရက်ကန်း စင်ပေါင်း ၈ဝ ခန့်နှင့် အခြား လိုအပ်သည့် စက်များကို ဂျုံနှင့် ကာခမ်း ဆိုသူ နိုင်ငံခြားသား နှစ်ဦးကကြီးကြပ် တပ်ဆင် ကြသည်။ ဤ စက်ဆရာ နှစ်ဦးကို ရန်ကုန်မြို့ ကုမ္ပဏီကြီး တခုမှ ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရာ အချိန် ကာလ အခကြေးငွေ မည်မှျနှင့် စာချုပ် သည်ဟု အတိအကျ မသိရ သော်လည်း ယင်း စက်ဆရာ နှစ်ဦးတို့ မပြန်မီ ကျပ်ငွေ ၃၅၀ဝ ပေးလိုက် ရသည်ဟု သိရသည်။ ၁၈၇၂ ခု မတ်လ အတွင်း ယင်းငွေကို မြန်မာ အစိုးရက ငွေဒင်္ဂါး ၂၀၀ဝ ကျပ်၊ ရွှေဒင်္ဂါး ၁၅၀ဝ ဖိုးနှင့် ပေးချေရာ ရွှေဒင်္ဂါး ပေါက်ဈေးမှာ လျော့ကျ နေသည် ဟူ၍ မယူလို ကြသဖြင့် စက်ဆရာ တို့သည် အလုပ်ရပ် စဲလျက် ရန်ကုန်သို့ ပြန်မည်ဟု ဆန္ဒပြကြသည်။ သို့သော် မြန်မာ အစိုးရက ယင်း စက် ဆရာတို့ အလိုကျ လိုက်လျော သဖြင့် လုပ်ငန်းကို ဆက်လက် လုပ်ဆောင် ွကသည်။ ၁၈၇၂ ခု ဉှစ် ဇွန်လ အတွင်း လုပ်ငန်း ွှပီးပြေ၍ စာချုပ်ရက်လလည်း စေ့ရောက် သည်နှင့် စက်ရုံကို တည်ဆောက်လျက် အရာရာ နေသား တကျ ရှိအောင် တပ်ဆင် ပြုပြင် ပေးသည့် အင်ဂျင်နီယာမှာ မန္တလေးမှ ထွက်ခွာ သွားလေသည်။ နေပြည်တော်ရှိ ဗြိတိသှျ အစိုးရ ကိုယ်စားလှယ် အရေးပိုင်သည် ၁၈၇၂ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရက်ကန်း စက်ရုံသို့ သွားရောက် ကြည့်ရှုပီးနောက် စက်များမှာ အလွန် ကောင်းမွန်ေွကာင်း၊ တနေ့လှျင် အထည်ကိုက် ၁၀၀ဝ ခန့် ထုတ်လုပ် နိုင်ရန် အလားအလာ ရှိကြောင်း၊ သို့သော် ကွျမ်းကျင်သူ စက်ရက်ကန်း အတတ်ပညာရှင်များကို ခေါ်ယူအမှုထမ်းစေရန် စီစဉ်မှု မရှိ သေးကြောင်း စသည်ဖြင့် အစီရင်ခံသည်။ ၁၈၇၂ ခု၊ နိုဝင်ဘာလသို့ ရောက်သော အခါ တွင်မူ စက်ရုံတွင်း လုပ်ငန်း များမှာ များစွာ တိုးတက် လာပြီဟု ဆိုရ ပေမည်။ များစွာသော စက် တို့သည် ကောင်းမွန်စွာ လည်နေ ွကွှပီ ဖြစ်၍ ချည်ချော ချည်ကောင်းများ ထုတ်လုပ် နေပြီ ဖြစ်သည်။ သို့သော် ကွျမ်းကျင်သူ ရက်ကန်း ပညာသည် နှစ်ဦးကို အင်္ဂလန် နိုင်ငံမှ မှာထားရာ မရောက် ကြသေး သည်နှင့် စက်ရက်ကန်းစင် များမှာ တပ်ဆင်ပြီး ဖြစ်သော်လည်း အထည်ရက်လုပ်သည့် လုပ်ငန်းမှာ မစရသေး ဖြစ်သည်။


ရက်ကန်း စက်ရုံ၏ လုပ်ငန်းသည် ၁၈၇၃ ခု ဉှစ် ဦးတွင်မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာ ခဲ့သည်ဟု ဆိုရပါမည်။ လင်ကက်ရှိုင်းယားမှ ရက်ကန်း ပညာသည် နှစ်ဦးလည်း ရောက်လာပြီ ဖြစ်၍ ယင်းနှစ်ဦးကပင် အထည်များ ရက်လုပ် ခဲ့သည်ဟု ခန့်မှန်း ရသည်။ ရက်ကန်း စက်ရုံ၏ ထုတ်လုပ် စွမ်းအားနှင့် ပတ်သက်၍ အထောက်အထားများစွာ မတွေ့ရချေ။ အလိုတော် ရှိသမှျ ချည်ထည် များကို ရက်လုပ် ထမ်းရွက်ကြရသည်ဟု လည်းကောင်း၊ မြန်မာပြည်မှထွက်သည့် ဝါများ မကောင်းသဖြင့် ပိတ်ချော ရက်လုပ်နိုင်လောက်အောင် ချည်သေး ချည်ချော လုပ်၍ မရ ဟူ၍ လည်းကောင်း သိရသည်။ အတိအကျ အားဖြင့်သော် ၁၈၇၃ ခုနှစ် အတွင်း ရက်ကန်း စက်ရုံမှ ဝါညစ်ညစ် ခပ်ကြမ်းကြမ်း လှသိဂည ခေါ် ပိတ်မျိုးတရက်လှျင် အုပ်ပေါင်း ၃၀၊ ၃၂ အုပ်ခန့် ထုတ်လုပ် ခဲ့သည်။ ယင်း ပိတ်ကြမ်းမှာ တအုပ်လှျင် ခြောက်ကျပ်၊ သို့မဟုတ် ခုနစ် ကျပ်ခန့် ဈေးရှိ၍ များသော အားဖြင့် အဝါ ဆိုးကာ သက္စန်း ချုပ်လုပ်ကြောင်း သိရသည်။


မြန်မာ တို့သည် ရက်ကန်း ပညာကို တတ်မြောက် ကွျမ်းကျင် ွကွှပီး ဖြစ်၍ ရက်ကန်း စက်ရုံကို ှကွီးကပ် ကွပ်ကဲ လုပ်ဆောင်ရန် ပညာ အထူး ဆည်းပူး သင်ယူခြင်း မရှိ ခဲ့သည် သာမက ကွျမ်းကျင်သူ အင်ဂျင် နီယာများ ခေါ်ယူ ရာ၌ လည်းကောင်း စိစစ်င်္မီ မရှိခဲ့ဟု ထင်ရသည်။ စက်ရက်ကန်း ဖြစ်သော်လည်း ရက်ကန်း ပညာ အခြေခံ၍ စက်များကို လွယ်လင့် တကူ လည်စေ ဉိုင်မည်၊ ကိုင်တွယ် ထိန်းသိမ်း တတ်ွက မည်ဟု ယွုံကည် ခွဲ့ကဟန် တူသည်။ ထို့ေွကာင့် လင်ကတ်ရှိုင်းယားမှ ရက်ကန်း ပညာသည် နှစ်ဦးကို ခေါ်ယူရာ၌ ရှစ်လခန့် အတွက် မှျသာ စာချုပ် ပြုလုပ် ခေါ်ယူ ခဲ့သည်။ ယင်း ရက်ကန်း ဆရာနှစ်ဦးကို ရန်ကုန်မြို့ရှိ စက်ပစ္စည်း ကိရိယာများ ဝယ်ယူ တင်သွင်းသည့် ကုမ္ပဏီ တခုက မြန်မာ ဘုရင် အစိုးရနှင့် စာချုပ် ပြုလုပ်လျက် တာဝန်ခံကာ ခေါ်ယူ ပေးသည်။ စာချုပ် ရက်လ စေ့၍ စက် ဆရာများ ပြန်ချိန်ဝယ် ယင်း စက်ဆရာ များ၏ လစာ ကိုသာ မြန်မာ ဘုရင် အစိုးရက ထုတ်ပေး ခဲ့၍ ပြန်စရိတ် ကိုမူ ထုတ်ပေးရန် ငြင်းပယ် ခဲ့သည်။ ရက်ကန်း ဆရာ များက ဗြိတိသှျ အစိုးရ ကိုယ်စားလှယ်သို့ တိုင်ကြားရာ အရပ်ရပ် စုံစမ်း စစ်ဆေး ပြီးနောက် ဗြိတိသှျ ကိုယ်စားလှယ်က ဤ ကိစ္စတွင် ရက်ကန်း ဆရာ များသည် မြန်မာ အစိုးရနှင့် တိုက်ရိုက် စာချုပ် ပြုလုပ် ကြသည် မဟုတ်၍ မြန်မာ အစိုးရ၏ တာဝန်ဟု မဆို နိုင်ကြောင်း၊ စာချုပ်ရင်း ကုမ္ပဏီ၏ ပျက်ကွက်မှု သာလှျင် ဖြစ်ကြောင်း မှတ်ချက် ရေးသည်။ လင်ကတ်ရှိုင်းယား ရက်ကန်း ပညာသည် နှစ်ဦးသည် ၁၈၇၃ ခု နိုဝင်ဘာလ အတွင်း စာချုပ် ရက်လ စေ့ရောက်၍ မန္တလေးမှ ထွက်ခွာ သွားကြသည်။ ထိုအချိန်က မြန်မာ လုပ်သား များသည် စက်ရက်ကန်း ပညာကို ကောင်းစွာ သင်ယူ တတ်မြောက် လိုက်၍ စက်များကို နိုင်နင်းစွာ လုပ်ဆောင် နိုင်ကြ ပေပြီဟု များစွာ မှျော်လင့်ရန် မသင့်ပေ။ ၁၈၇၃ ခုမေလ ၂၃ ရက်နေ့ ရက်ကန်း စက်ရုံကို ဝင်ရောက် ကြည့်ရှုခဲ့သည့် ကာနယ် ဘရောင်းက စက်များ လွန်စွာ ကောင်းမွန်ကြောင်း၊ အစီအစဉ် ကျနစွာ သေသေသပ်သပ် တွေ့ရကြောင်း စသည်ဖြင့် သူ၏ မှတ်တမ်းတွင် ရေးသား ခဲ့သည်။ သို့သော် ရက်ကန်း ပညာသည် နှစ်ဦး ထွက်ခွာ မသွားမီ ၁၈၇၃ ခု ဇွန်လ အတွင်း မှာပင် စက်အချို့ ပျက်စီး ကျိုးပဲ့ ကုန်သဖြင့် လုပ်ငန်း ရပ်ဆိုင်း ထားရကြောင်း ဝမ်းနည်း ဖွယ်ရာ တွေ့ရသည်။ ဤသို့ ဖြစ်ရ သည်မှာ စက်ရုံရှိ မြန်မာ လုပ်သားများ စက် အကိုင်အတွယ် မကျင်လည်မှု၊ နားမလည်မှုလည်း များစွာပါမည်ကို ငြင်းဆိုနိုင်ဖွယ် မရှိချေ။ သို့သော် ယင်း စက်များကို တပ်ဆင် ပြုပြင် လုပ်ဆောင်ရန် ငှားရမ်း ခေါ်ယူ ရသည့် နိုင်ငံခြားသား အတတ်ပညာရှင် များ၏ စေတနာ မဲ့မှု၊ တာဝန် မကျေပွန်မှုတို့လည်း ပါခဲ့ပေမည်။ ရက်ကန်း စက်ရုံ တည်ဆောက်စဉ် ကပင် အကြီးအကြပ် အဖြစ် အမှုထမ်းခဲ့သူ အင်္ဂလိပ် လူမျိုး မစ္စတာ ကာခမ်းသည် အလွန် တဖက်သတ် နိုင်၍ စိတ်လိုက် မာန်ပါ ပြုလုပ် တတ်သူ တဦး ဖြစ်ကြောင်း ဗြိတိသှျ အစိုးရကို ကိုယ်စားလှယ် အရေးပိုင် ကပင် မှတ်ချက်ချခဲ့သည်။ စက်ရုံ အတွင်းရှိ လုပ်သား များကို နှိပ်စက် ကလူ ပြုသဖြင့်လည်း ဘုရင် မင်းမြတ်က ဗြိတိသှျ ကိုယ်စားလှယ်သို့ မကြာခဏ တိုင်တန်း ပြောဆို ခဲ့ရသည်။ ၁၈၇၃ ခု ဖေဖော်ဝါရီလ အတွင်း အမှုထမ်း တဦးကို တွန်းထိုး ရန်မူ သဖြင့် မြန်မာ အစိုးရက မစ္စတာ ကာခမ်းကို အလုပ်မှ ရပ်စဲ လိုက်ကာ ရက်ကန်း စက်ရုံသို့ မဆင်းရန် တားမြစ်သည်။ သို့သော် မစ္စတာ ကာခမ်းသည် စက်ရုံ အတွင်းသို့ ဇွတ်တရွတ် ဝင်ရောက်၍ လင်ကက်ရှိုင်းယား ရက်ကန်း ဆရာနှစ်ဦးအား ခြောက်လုံးပြူးဖြင့် ချိန်ရွယ် ခြိမ်းခြောက်ကာ အလုပ်ခွင်မှ ထွက်သွားရန် မောင်းထုတ်သည်။ ၁၈၇၃ ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ အစိုးရက မစ္စတာ ကာခမ်းကို ဖမ်းဆီးကာ အကျဉ်းချ ထားသည်။ သို့သာ် ဗြိတိသှျ အစိုးရ ကိုယ်စားလှယ်နှင့် ဆရာဝန် တို့က မစ္စတာ ခမ်းသည် စိတ်ဖောက်ပြန်ရူးသွပ်သွား၍ ဤသို့ ဖြစ်ရပါသည်ဟု အကြောင်းပြကာ အချုပ်မှ ထုတ်ယူလျက် မတ်လ ၂ ရက်နေ့ ရန်ကုန်မြို့သို့ ပို့လိုက်သည်။ မစ္စတာ ကာခမ်းသည် ဂရေ့စ်မန်အင် ကုမ္ပဏီ အမှုထမ်း တစ်ဦး ဖြစ်သည်။ ဘုံဘေဘားမား ကုမ္ပဏီ ဉှင့် စာချုပ် ချုပ်ဆို ခေါ်ယူခဲ့ခြင်း ဖြစ်ရာ နှစ်နှစ်နီးပါးခန့် တစ်လလှျင် လစာ ၅၀ဝ ကျပ်စီ ထုတ်ယူ ခံစား သွားသည်။ စက်ရုံ လုပ်သား များကို နှိပ်စက် ကလူ ပြုတတ်လျက် စိတ်ဖောက်ပြန် ရူးသွပ်သူ အင်ဂျင်နီယာ၊ စက်များ ကျိုးပဲ့ ပျက်စီး သည်တွင် စာချုပ် ရက်လ စေ့ပြီဟု အလုပ်မှ ထွက်သွားသူ ရက်ကန်းသည် တို့နှင့် လုပ်ဆောင် ခဲ့ရသည့် ရက်ကန်း စက်ရုံကား ငွေကြေး ကုန်ကျ ခဲ့ရ သလောက် အကျိုး ဖြစ်ထွန်း ခဲ့မည် မဟုတ်ဟု ယူဆ ရမည် ကဲ့သို့ ရှိပါသည်။


ရက်ကန်း စက်ရုံသည် ရတနာပုံ ခေတ် ကုန်ဆုံးချိန်ထိ ဆက်လက် တည်ရှိ နေခဲ့ သော်လည်း ထုတ်လုပ် စွမ်းအား အခြေအနေကို မသိရချေ။ သီပေါမင်း လက်ထက် အီတလီ အမျိုးသား ရက်ကန်း စက်ဆရာ ကာနက်ပ ဆိုသူက ကြီးကြပ် လုပ်ဆောင်ခဲ့သည်။


ယင်း ရက်ကန်း စင်များတွင် ရက်လုပ် အမှုထမ်းခဲ့သည့် အကြီး အချုပ်များ အဝင်အပါ လုပ်သား မည်မှျ ရှိခဲ့ သည်ဟု မသိရပါ။ စက်ရုံစောင့် အမှုထမ်း ရှစ်ယောက် တို့သည် လစာ အဖြစ် တလလှျင် စပါး ၂၁၅ တင်း ရရှိ ခဲ့ကြောင်း သိရသည်။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မကြန်ရဲ့ 'ကုန်းဘောင်၏ နောက်ဆုံး အားမာန်' (မြန်မာ့ရတနာ စာပေ၊ ပထမ အကြိမ်၊ ၂၀၀၄ စက်တင်ဘာထုတ်) စာအုပ်မှ