ဝင်္ကပါ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အကွေ့အကောက်ပေါင်း မြောက်မြားစွာနှင့် လူတို့အား မျက်စိ လည်စေနိုင်သော အဆောက်အဦမျိုးကို ဝင်္ကပါဟုခေါ်သည်။ ကောက်ကွေ့ သော တောင်ဟုအနက်ထင်သည့် ပါဠိစကား ဝင်္ကပဗ္ဗတမှ ဆင်းသက်လာ သော စကားဖြစ်ဟန်တူသည်။ ဝေဿန္တရာမင်းကြီးသည် ဆင်ဖြူတော်ကို လှူပြီးနောက် ပြည်သူတို့မကြည်ဖြူသည့်အတွက် တိုင်းပြည်မှ ထွက်တော်မူ ကာ ဝင်္ကပါတောင်ရှိ ကျောင်းသင်္ခမ်း၌ နေထိုင်ခဲ့သည်။ မြေ|ာင်ကြား ချောက်ကြား ကမ်းပါးတောင်ယံသို့ ကွေ့လည်၍သွားရသော ယင်းဝင်္ကပါ တောင်ကို အစွဲပြု၍ ဝင်္ကပါ မျိုးကို ဆောက်လုပ်ခေါ်တွင်ကြသည်ဟုလည်း ယူဆကြသည်။

ဝင်္ကပါ ကိုလွန်ခဲ့သည့် နှစ်ပေါင်း ၄ဝဝဝ ကျော် ခရစ်တော်မပေါ်မီ အနှစ် ၂၃ဝဝ ခန့်ကပင် အီဂျစ်နိုင်ငံ၌စတင် ဆောက်လုပ်ခဲ့သည်ဟုဆိုသည်။ ဤအလေ့အထသည် မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံဘက်မှတစ်ဆင့် ရောက်ရှိ လာသည်ဟုယူဆကြသည်။ အချို့ကမူ ကရိကျွန်း နောဆတ်အနီး တောင် စောင်းတွင် တူးဖော်တွေ့ရှိရသော ဝင်္ကပါ က အဦးကျ၍ ကရိဝင်္ကပါ ကို အီ ဂျစ်တို့အတုခိုး၍ ဆောက်သည်ဟုဆိုကြသည်။

သမိုင်းပုံပြင်များအရ ကရိကျွန်းဘုရင်ကြီး မီနိုအတွက် ဒီးဒလပ် ဆိုသူက ဝင်္ကပါ တစ်ခုကိုဆောက်လုပ်ပေးကြောင်းတွေ့ရသည်။ (ဒီးဒလပ်· လည်းရှု။) မီနိုဘုရင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော မီနိုတော ခေါ် သတ္တဝါကြီးအားထားရန် အလွန်ကောက်ကွေ့သောလမ်းများဖြင့်ပြီးသည့် ဝင်္ကပါ တစ်ခုဆောက်လုပ်စေသည်။ တစ်နှစ်တစ်ကြိမ်လည်း ထိုသတ္တဝါကြီး အား သတို့သားခုနစ်ယောက်၊ သတို့သမီးခုနစ်ယောက် ဆက်သရသည်။ တစ်နှစ်သော် သီးဆယုဆိုသူက အဆက်သခံဖို့ ကိုယ်တိုင်အရွေးခံကာ သွား လေသည်။ သူ့အား မီနိုဘုရင့်သမီးတော်က အပ်ချည်ကြိုးတစ်ခင် ပေးလိုက် ရာ အပ်ချည်စကို ဂူဝတွင်ချည်နှောင်ထားခဲ့၍ မီနိုတောနှင့်တိုက်ပွဲဆင်ရာ နိုင်နင်းသဖြင့် ထိုကြိုးကိုလက်ဖြင့်စမ်းကာ အထွက်ခက်သော ဝင်္ကပါ အ ပေါက်သို့ ပြန်ထွက်နိုင်ခဲ့သည်။ (သီးဆယု· လည်းရှု၊) ၁၉ဝဝ ပြည့်နှစ်မှ ၁၉ဝ၈ ခုနှစ်အတွင်း အေဂျေအီးဗန်းဆိုသူ ရှေးဟောင်းသုတေသီတစ်ဦးက ထိုဒေသကို တူးဖော်ရာ ဝင်္ကပါ နှင့်ဆင်သည့် အကွေ့အကောက် အပိတ်အဆို့ ပေါင်းများစွာနှင့်လမ်းကလေးများ အမြေ|ာင်မြေ|ာင်အသွယ်သွယ်သော အခန်း များပါသော အဆောက်အဦ ပန္နက်ပုံကို တွေ့ရှိရလေသည်။

အီဂျစ်နိုင်ငံ ဟဝါရာအရပ် မိုးရစ်အိုင်ကြီးအနီးတွင် တတိယ အမင်းနင်းဟတ်ဘုရင် ဆောက်လုပ်ခဲ့သော အလွန်ကြီးကျယ်ခမ်းနားသည့် ဝင်္ကပါ တစ်ခုလည်းရှိသေးသည်။ ကရိကျွန်းမှ ဝင်္ကပါ ကြီးနှင့် မတိမ်းမယိမ်း ခေတ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကရိကျွန်းတွင် မီနိုဘုရင်များ တန်ခိုးထွားချိန်ကာလနှင့် အမင်းနင်းဟတ်ဘုရင်ခေတ်သည် မရှေးမနှောင်း ပင်ဖြစ်လေသည်။ အခန်းပေါင်း ၃ဝဝဝ ရှိ၍ မြေအောက်တွင် ၁၅ဝဝ၊ မြေ ပေါ်တွင် ၁၅ဝဝ ရှိပြီးလျှင် အခန်းအားလုံးကို ကျောက်နံရံဖြင့် တစ်ဆက် တည်း ကွေ့ကောက်ပတ်သွယ်ထားလေသည် ။

တဖြည်းဖြည်း ဝင်္ကပါဆောက်လုပ်မှုကို လူတို့စိတ်ဝင်စားလာကြ ရာ ဘုရားရှိခိုးကျောင်းများ၊ ဘုရားပရဝုဏ်များ၊ ပန်းခြံများ၌ ဝင်္ကပါများ ဆောက်သည့် အလေ့အထ ခေတ်စားလာခဲ့သည်။ သို့ရာတွင် ရှေ့ဝင်္ကပါကြီး များလောက် မကြီးကျယ်ချေ။ အင်္ဂလန်ပြည်တွင် ခရစ် ၁ဝ၇၆ ခုနှစ်လောက် က ဝင်္ကပါပုံစံစာအုပ်များပင် ထုတ်ဝေရောင်းချဖူးလေသည်။ အင်္ဂလန်ပြည် လန်ဒန်မြို့အနီးတွင် အလှပဆုံးဖြစ်၍ စည်းရိုးပင်

တို့ဖြင့် အဆန်းတကြယ် တည်ဆောက်ထားသော ဟမ္ပတန်ကုတ်ဝင်္ကပါသည် အလွန်ထင်ရှားသည်။ တတိယဝီလျံ ဘုရင်လက်ထက်က ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံ၌ကား ပြည်ခရိုင်ရွှေတောင်မြို့အနီး ရွှေနတ်တောင် ဘုရားအနီး၌တစ်ခု၊ အင်းဝဖက်တွင်တစ်ခု၊ မော်လမြိုင်လေယာဉ်ပျံကွင်းအနီး ကုသိနာရုံဘုရားတွင်တစ်ခု ထင်ထင်ရှားရှား အုတ်ရိုးများနှင့် ပြုလုပ်ထား သည့် ဝင်္ကပါများကိုတွေ့နိုင်သည်။ ထို့ပြင် တန်ဆောင်မုန်းလအခါတွင် မြန် မာနိုင်ငံ အနှံ့အပြား၌ တန်ခိုးကြီးဘုရားရင်ပြင် သို့မဟုတ် ခြေတော်ရင်း မြေကွက်လပ်များ၌ ဝင်္ကပါများတည်ဆောက်၍ မီးရောင်စုံထွန်းညိ|ကာ ဝင်္ကပါပွဲ ဆင်နွဲလေ့ရှိကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)