မာတိကာသို့ ခုန်သွားရန်

ယူဒမိ

ဝီကီပီးဒီးယား မှ
ယူဒမိ
တည်ထောင်ခြင်းမေ ၁၁၊ ၂၀၁၀; ၁၅ နှစ် အကြာက (၂၀၁၀-၀၅-11)
အရေးပါ ပုဂ္ဂိုလ်ဂရက် ကော့ကာရီ
လုပ်ငန်းအင်တာနက်မှသင်ယူခြင်း
ဝက်ဘ်ဆိုဒ်udemy.com
Alexa အဆင့်Increase၁၆၆ (စက်တင်ဘာ ၂၀၁၉)
ရရှိနိုင်သည့် ဘာသာစကားအင်္ဂလိပ်ပြင်သစ်စပိန်တူရကီပေါ်တူဂီဂျာမန်
လက်ရှိ အခြေအနေသက်ဝင်နေဆဲ

ယူဒမိ သည် ကမ္ဘာ့အကြီးဆုံး သင်ကြားရေးပလက်ဖောင်းဖြစ်ပြီး သက်မွေးပညာအဖြစ် သင်ယူလိုသည့် လူရွယ်များနှင့် ကျောင်းသားတို့အတွက် ရည်ရွယ်သည်။ သင်ယူသူ သန်း ၃၀ ကျော် ရှိပြီး နည်းပြပေါင်း ၅ သောင်းခန့်က ဘာသာစကား ၆၀ ကျော်ဖြင့် သင်ကြားလျက် ရှိသည်။ သင်ခန်းစာပေါင်း ၂၄၅ သန်းကျော် ရှိသည်။ နိုင်ငံပေါင်း ၁၉၀ ကျော်မှ ကျောင်းသားများ၊ နည်းပြများ သင်ယူမှု သင်ကြားမှု လုပ်ကြသည်။ ကျောင်းသားအရေအတွက် သုံးပုံနှစ်ပုံမှာ အမေရိကန်အပြင်ဘက်မှ ဖြစ်သည်။ လုပ်ငန်းပေါင်း ၄ ထောင်ကျော်တို့က ၎င်းတို့ဝန်ထမ်းများ၏ အရည်အသွေးမြှင့်သင်တန်းအဖြစ် ယူဒမိကို သုံးသည်။ ဖော်ကျွန်း ၁၀၀ စာရင်းဝင် လုပ်ငန်းတို့၏ ၈၀ ရာခိုင်နှုန်းမှာ ယူဒမိ၏ ဖောက်သည်များ ဖြစ်သည်။[] ကျောင်းသားများမှာမူ လုပ်ငန်းခွင်နှင့် ဆက်စပ်သော စွမ်းရည်ရရန် သင်တန်းယူသည်က များသည်။ အချို့သင်ခန်းစာများမှာ အောင်လက်မှတ်ပေးသည်။[]

၂၀၁၉ ခု စာရင်းအရ လက်ရှိ၌ သင်ကြားသင်ယူနေသည့် သင်ခန်းစာပေါင်း ၁၃၀၀၀၀ ကျော် ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Lomas, Natasha. Online Learning Marketplace Udemy Raises $32M To Scale Up Internationally. TechCrunch. May 8, 2014
  2. Carr, David F. Udemy Comes To Corporate Training Information Week. April 16, 2013
  3. "Udemy's Exodus, Amazon's Gain"၊ Inverse၊ June 22, 2016 25 September 2016 တွင် ပြန်စစ်ပြီး