ယာဘ

ဝီကီပီးဒီးယား မှ
ဖိုင်:ยาบ้า ซองน้ำเงิน.jpg
Ya ba

ယာဘ (အင်္ဂလိပ်: Ya ba; ထိုင်း: ยาบ้า) သည် မက်သမ်ဖတမင်း ကို အခြေခံထားသော မူးယစ်ဆေး အမျိုးအစား ဖြစ်ပြီး အန္တရာယ် ရှိသော ဆေးပြားဖြစ်သည်။ မူလထုတ်လုပ်သော နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်သည်။ ၎င်း ဆေးပြားသည် အလွန်သေးငယ်သော အရွယ်အစား ဖြစ်ပြီး ထိုင်းလူမျိုးတို့က 'အရူးဆေး' ("madness drug" သို့ "crazy drug") ဟု ခေါ်ကြသည်။ စိတ်ကြွ ရူးသွပ်ဆေးပြားများသည် စပျစ်သီးနံ့၊ လိမ္မော်သီးနံ့ နှင့် ချောကလက်နံ့ တို့ကဲ့သို့ ရနံ့တစ်မျိုးမျိုး ပါဝင်သည်။ မက်သမ်ဖတမင်း (methamphetamine) နှင့် ကဖိန်း (Caffeine)တို့ ပေါင်းစပ်ထားသော ဆေးပြားဖြစ်ပြီး သုံးစွဲသူအများစုမှာ လူငယ်များ ဖြစ်သည်။ ဂျာမန်သိပ္ပံပညာရှင်မှ ဒုတိယကမ္ဘာစစ်အတွင်း စစ်သားများ ခံနိုင်ရည်တိုးစေရန် အသုံးပြုရန်အတွက် စတင်ထုတ်လုပ်ခဲ့သည်။

မြန်မာပြည်တွင် ice(ရေခဲ)ဟုလည်း ခေါ်သည်။ တခြားနိုင်ငံများတွင် Ice, Speed, Meth, Crystal, Crank စသည်ဖြင့်ခေါ်ဝေါ်ကြသည်။ အဖြူရောင် အနံ့မရှိပါ။ ရေ၊ အရက်ထဲမှာ ပျော်ဝင်သည်။ ပါးစပ်မှ သောက်သည်။ နှာခေါင်းမှ ရှူသည်။ ဆေးထိုးအပ်နှင့်လည်း ထိုးသည်။ ဆေးလိပ်လိုလည်း သောက်သည်။ ဆေးစွမ်းခံစားရတာကို Highဟု ခေါ်ကြသည်။

နာမည်များ[ပြင်ဆင်ရန်]

နာမည်ခွဲများစွာ ရှိသည်။ ယာဘ, ရာမ, မြင်း​ဆေး,အစေ့(တကောင်း၊ မြန်မာ),ပဲစေ့, ​ဝေယံ,​ ရေ​ဝေး, အသီး, အလုံး, ​ဘောလုံး, wy, item, crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်သည်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank ဟု ခေါ်သည်။ ‌ဆေးပြား‌ပေါ်တွင် wy တံဆိပ်ရိုက်နှိပ်ထားခြင်းသည် ယခင်က ဝလူငယ်များအဖွဲ့ (Wa Youth) မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်းအမှတ်အသားဖြစ်သည်။

  • စိတ်ကြွရူးသွပ်​ဆေးပြား
  • အရူးဆေးပြား
  • မြင်းဆေး
  • ဟစ်တလာ မူးယစ်ဆေး

အသုံးပြုပုံ[ပြင်ဆင်ရန်]

အချိုရည် နှင့်ဖျော်၍​သောက်ခြင်း,အ​ငွေ့ကိုရှုခြင်း ☆များ​သောအားဖြင့် ထို​ဆေးလုံးကို ပါးလွှာ​သော ခဲပြား(ဆေးလိပ်ဘူးတွင်းပါခဲစက္ကူပြား၊ငါးကင်ရာတွင်သုံးသည်၊ အိုးဖာတိပ်၊ ဒန်တိပ်၊ ပီကယ် နှင့် ​ချောကလက်တို့ကို အုပ်ထား​သော ​ငွေပြား) ​ပေါ်တင်၍ ​အောက်မှမီး​သေး​သေးငယ်ငယ်ဖြင့် အပူ​ပေးလိုက်​သောအခါ ထွက်လာ​သော အ​ငွေ့ကို ပိုက် ဖြင့် စုပ်ယူ​သုံးစွဲကြသည်။ အချို့က ​ဘူးကို ​ရေထည့်အ​ပေါက်​ဖောက် ပိုက်တပ်ကာ ​(ရေစစ်သ​ဘောခံ၍) ​သောက်သုံး​လေ့ရှိသည်။ ☆အချို့က ထို​ဆေးပြားကို ကျွဲရိုင်း(red bull) (သို့) ကိုကာကိုလာ (Coca-Cola) နှင့် ​ရော​ဖျော်၍ ​သောက်သုံးကြသည်။

အန္တရာယ်နှင့်အကျိုးသက်ရောက်မှုများ[ပြင်ဆင်ရန်]

စိတ်ကြွရူးသွပ်ဆေးပြားကြောင့် ခန္တာကိုယ်အပူချိန် တိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အော့အန်ခြင်း၊ သေဆုံးခြင်း တို့ ဖြစ်ပွားနိုင်သည်။ စိတ်ကြွရူးသွပ်ဆေးပြားကို အနည်းငယ်မျှသုံးစွဲမိရုံမျှဖြင့် ကိုယ်ခန္တာ တက်ကြွမှုကို ဖြစ်စေခြင်း၊ စိတ်ဓာတ်တက်ကျခြင်း၊ အစာစားချင်စိတ် ကျဆင်းခြင်း၊ အသက်ရှု မြန်ခြင်း နှင့် သေဆုံးခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။