ယင်းမာပင်ရွာ၊ သာစည်မြို့နယ်

ဝီကီပီးဒီးယား မှ
(ယင်းမာပင် (မန္တလေးတိုင်း) မှ ပြန်ညွှန်းထားသည်)
အခြား အသုံးအနှုန်းများ အတွက် ယင်းမာပင် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ယင်းမာပင်ရွာ
ယင်းမာပင်ရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ယင်းမာပင်ရွာ
ယင်းမာပင်ရွာ
ယင်းမာပင် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°45′19″N 96°18′47″E / 20.7551593780518°N 96.3129806518555°E / 20.7551593780518; 96.3129806518555ကိုဩဒိနိတ်: 20°45′19″N 96°18′47″E / 20.7551593780518°N 96.3129806518555°E / 20.7551593780518; 96.3129806518555
နိုင်ငံ မြန်မာ
ပြည်နယ်မန္တလေးတိုင်းဒေသကြီး
ခရိုင်မိတ္ထီလာခရိုင်
မြို့နယ်သာစည်မြို့နယ်

ယင်းမာပင် သည် မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင် ရှိသော ရွာဖြစ်သည်။ သာစည်-ကလောလမ်းဘေး၌ ရှိပြီး သာစည်ဘက်တွင် ဘုရားငါးဆူရွာ၊ ကလောဘက်တွင် ရေပေါင်းဆုံရွာတို့၏ ကြားရွာဖြစ်သည်။ ဘူတာရုံ ရှိသည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူသည်။ သာစည်လက်အောက်ခံ ရဲစခန်း ၁ ခုလည်း ရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ယင်းမာပင် သစ်တောကြိုးဝိုင်းတွင် သစ်တောရေးရာ ဝန်ကြီးဌာနက သစ်စက်တည်ရာမှ ရွာဖြစ်လာခြင်း ဖြစ်သည်။ သစ်ထုတ်လုပ်ငန်းကို အဓိကလုပ်ကိုင်သည်။

တောင်ကြီး-မန္တလေး၊ တောင်ကြီး-မိတ္ထီလာ၊ တောင်ကြီး-ရန်ကုန် ခရီးသည်တင်ကားများ၏ တထောက်နားရပ် ဖြစ်သဖြင့် စားသောက်ဆိုင်လုပ်ငန်းလည်း ထွန်းကားသည်။

ဘာသာရေး[ပြင်ဆင်ရန်]

အစ္စလာမ်ဘုရားရှိခိုးကျောင်း ၁ ခု၊ ဗမာ ဘုန်းကြီးကျောင်း ၁ ကျောင်း ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]