ယင်းမာပင်ရွာ၊ သာစည်မြို့နယ်
ပုံပန်းသွင်ပြင်
အခြားအသုံးအနှုန်းများ အတွက်၊ ယင်းမာပင် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ယင်းမာပင်ရွာ | |
---|---|
ယင်းမာပင် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 20°45′19″N 96°18′47″E / 20.7551593780518°N 96.3129806518555°Eကိုဩဒိနိတ်: 20°45′19″N 96°18′47″E / 20.7551593780518°N 96.3129806518555°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | မန္တလေးတိုင်းဒေသကြီး |
ခရိုင် | မိတ္ထီလာခရိုင် |
မြို့နယ် | သာစည်မြို့နယ် |
ယင်းမာပင် သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရှိသော ရွာဖြစ်သည်။ သာစည်-ကလောလမ်းဘေး၌ ရှိပြီး သာစည်ဘက်တွင် ဘုရားငါးဆူရွာ၊ ကလောဘက်တွင် ရေပေါင်းဆုံရွာတို့၏ ကြားရွာဖြစ်သည်။ ဘူတာရုံ ရှိသည်။
အုပ်ချုပ်ရေး
[ပြင်ဆင်ရန်]ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူသည်။ သာစည်လက်အောက်ခံ ရဲစခန်း ၁ ခုလည်း ရှိသည်။
စီးပွားရေး
[ပြင်ဆင်ရန်]ယင်းမာပင် သစ်တောကြိုးဝိုင်းတွင် သစ်တောရေးရာ ဝန်ကြီးဌာနက သစ်စက်တည်ရာမှ ရွာဖြစ်လာခြင်း ဖြစ်သည်။ သစ်ထုတ်လုပ်ငန်းကို အဓိကလုပ်ကိုင်သည်။
တောင်ကြီး-မန္တလေး၊ တောင်ကြီး-မိတ္ထီလာ၊ တောင်ကြီး-ရန်ကုန် ခရီးသည်တင်ကားများ၏ တထောက်နားရပ် ဖြစ်သဖြင့် စားသောက်ဆိုင်လုပ်ငန်းလည်း ထွန်းကားသည်။
ဘာသာရေး
[ပြင်ဆင်ရန်]အစ္စလာမ်ဘုရားရှိခိုးကျောင်း ၁ ခု၊ ဗမာ ဘုန်းကြီးကျောင်း ၁ ကျောင်း ရှိသည်။