မွန်တက်ဆိုရီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို မွန်တက်ဆိုးရီး၊ မာရီယာ နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
မွန်တက်ဆိုရီသည် ဆရာများကို "ငြိမ်းချမ်းရေးလက်နက်" အဖြစ်သဘောထားသူဖြစ်သည်။

မာရီယာမွန်တက်ဆိုရီ (Maria Montessori) သည် ၁၈၇၀ ပြည့်နှစ် တွင်မွေးဖွားပြီး ၁၉၅၂ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။ အီတလီမှကျောင်းဆရာမတစ်ဦးဖြစ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်သည်။ ငယ်ရွယ်သောကလေးများကို သင်ကြားရာတွင် ယနေ့တိုင်လူသိများခဲ့သည့် မွန်တက်ဆိုရီနည်းကို တီထွင်ခဲ့သူလည်းဖြစ်သည်။ ထိုနည်းကို ရောမမြို့တော်တွင် ၁၉၀၇ ခုနှစ်၌ စတင်မိတ်ဆက်ပေးခဲ့ပြီး ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့ရ သည်။

ဘဝအစ[ပြင်​ဆင်​ရန်​]

မွန်တက်ဆိုရီကို အီတလီနိုင်ငံ၊ အန်ကိုနာပြည်နယ်၊ ချာရာဗီးလ်မြို့တွင် မွေးဖွားခဲ့သည်။ ရောမတက္ကသိုလ်တွင် ဘွဲ့ရခဲ့ပြီး၊ ၁၈၉၄ ခုနှစ်တွင် ဆေးပညာဘွဲ့ကိုပထမဦးဆုံးရရှိသည့် အီတလီအမျိုးသမီးတစ်ဦးဖြစ်လာသည်။ တက္ကသိုလ် စိတ်ရောဂါကု ဆေးခန်းတွင် ဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ရာမှ ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းသည့်ကလေးများအား ပညာသင်ကြား ပေးရေးကို စိတ်ဝင်စားလာခဲ့သည်။ သူမသည် ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းသည့်ကလေးများကို သင်ကြားပေး၍ရကြောင်း ပညာရှင်များ လက်ခံလာစေရန် စည်းရုံးသိမ်းသွင်းလုပ်ဆောင်ပြလာနိုင်သည်။

၁၉၀၁ ခုနှစ်တွင် မွန်တက်ဆိုရီကို ရောမစိတ်ရောဂါကုကျောင်းတွင် ကျောင်းအုပ်အဖြစ်ခန့်အပ်လိုက်သည်။ ထိုကျောင်းသည် ဉာဏ်ရည်မမီသည့် ကလေးများအား ကျောင်းအိပ်ကျောင်းစားအဖြစ်ထားကာ လက်ခံကုသပေးသည့်ကျောင်းဖြစ်သည်။ ပြင်သစ်မှ ကျောင်းဆရာများဖြစ်ကြသည့် ဂျင်းအီတတ်၊ အီဒေါ့ဆီဂျမ်းတို့နှင့်ပူးပေါင်းပြီး ကလေးများ၏စိတ်ကို လှုံ့ဆော်ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေကြသည်။ ဉာဏ်ရည်မမီသူများအား ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ရန် လေ့ကျင့်သင်ကြားပေးကြသည်။ သူမလုပ်ဆောင်ချက်များသည် နိုင်ငံအနှံ့သတင်းပျံ့နှံ့သွားပြီး ဤကျောင်းမှ အရွယ်ရောက်ဖွံ့ဖြိုးသည့် အဆင့် ၆ ကို အောင်မြင် သည့်ကျောင်းသားများအား အီတလီပုဂ္ဂလိကကျောင်းများမှ လက်ခံသည်အထိ အောင်မြင်မှုရ ခဲ့သည်။

မွန်တက်ဆိုရီနည်း[ပြင်​ဆင်​ရန်​]

မွန်တက်ဆိုရီ၏နည်းသည် သာမန် အသိဉာဏ်ရှိသည့်ကလေးများနှင့် သင့်လျော်သည်ဟု သူကယုံကြည်သည်။ သို့ဖြစ်ရာ ၁၉၀၇ ခုနှစ်တွင် ပထမဦးဆုံး မွန်တက်ဆိုရီကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းကို သူက "ကလေးဂေဟာ" ဟုအမည်ပေးခဲ့ပြီး ရောမမြို့ဆင်းရဲသားရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှ မွန်တက်ဆိုရီ၏ကျောင်းသားများ ကို လာရောက်ကြည့်ရှုလေ့လာရသည် အထိအောင်မြင်ခဲ့သည်။ အသက် ၅ နှစ် မပြည့်သေးသည့်ကလေးငယ်များသည် အရေး အဖတ်တတ်မြောက်စေရန် သင်ကြားရမည့်အစား ကိုယ်ကြိုက်ရာ ကစားခြင်း၊ ကလေးကိုဒဏ်ဖြစ်စေမည့် ဖိအားပေး သင်ကြားမည့် အစား စိတ်ဖွံ့ဖြိုးရေးကိုဦးစားပေးပြီး သင်ကြားနည်းစနစ်များကို လူတိုင်းကစိတ်ဝင်စားလာကြသည်။

မွန်တက်ဆိုရီသည် သူ့ပညာရေး စနစ်ကို လွတ်လပ်မှုအပေါ်အခြေခံထားသည်။ ကလေးများအတွက် သီးသန့် စီစဉ်မှုပြု လုပ်ထားသည့် ပတ်ဝန်းကျင်တွင် သင်ကြားသူဆရာအနေဖြင့် မဟုတ်ဘဲ ထိန်းသိမ်းကြီးကြပ်သူ ဆရာက လွတ်လပ်စွာ ကလေး အလိုကျ လှုပ်ရှားခွင့်ပေးခြင်းသည် မွန်တက်ဆိုရီနည်း၏ အဓိကကျသည့်အချက်ဖြစ်သည်။

စာသင်ခန်းတစ်ခန်းတွင်ရှိသည့် ဆရာကို သူမက စီစဉ်ညွှန်ကြားသူ ဒါရိုက်တာတစ်ယောက်အနေဖြင့်သာ လက်ခံသည်။ သူတို့အလုပ်သည် ကလေးများကို သင်ကြားရန်မဟုတ်။ ကလေးများဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့စိတ်ဝင်စားပြီး သင်ယူချင်သည့် အကြောင်းအရာကို ညွှန်ကြားပြသပေး ရန်သာဖြစ်သည်။ မွန်တက်ဆိုရီက ကလေးသည် အသစ်အဆန်းကို သင်ယူချင်စိတ်ရှိပြီး၊ ပိုမိုခက်ခဲသည့်အကြောင်းအရာများကို ထပ်မံလေ့လာသင်ယူလိုစိတ်ရှိလျှင် နည်းမှန်လမ်းမှန်ဖြင့် သင်ယူခွင့်ရှိရေး ဒါရိုက်တာက လမ်းပြပေးရန် ဖြစ်သည်။

နောက်ပိုင်းကာလများ[ပြင်​ဆင်​ရန်​]

ကလေးဂေဟာ၏ အောင်မြင်မှု သည် နောက်ထပ်ကလေးဂေဟာပေါင်း များစွာဖြစ်ထွန်းလာစေသည်သာမက အမေရိကန်နှင့် ဥရောပတွင်ပါ ကလေးဂေဟာများနှင့် ကလေးဆရာအတတ်သင်ကျောင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။

၁၉၃၄ ခုနှစ်တွင် မွန်တက်ဆိုရီသည် ဖက်ဆစ်စနစ်လွှမ်းမိုးသည့် အီတလီမှ ထွက်ပြေးပြီး၊ စပိန်နိုင်ငံ ဘာစီလိုးနားတွင် နေထိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ် စပိန်ပြည်တွင်းစစ်ဖြစ်သည့်အချိန်တွင် နယ်သာလင်သို့တစ်ဖန်ပြောင်းရွှေ့သွားရပြန်သည်။ အမ်စတာဒန်မြို့အနီးရှိ လာရင်အရပ်တွင် ဆရာအတတ်သင်ကျောင်းလေးတစ်ကျောင်းကို ဖွင့်လှစ်ရာ အတော်လေးဩဇာကြီးမား သည့် ကျောင်းဖြစ်သွားရသည်။

၁၉၃၉ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ မွန်တက်ဆိုရီသည် အိန္ဒိယနှင့် သီဟို (ယခု သီရိလင်္ကာ) တို့တွင်နေထိုင်ပြီး နယ်သာလင်သို့ မပြန်မချင်း ဆရာအတတ်ပညာကျောင်းများဖွင့်လှစ်ကာ နည်းစနစ်များကို လေ့ကျင့်သင်ကြားပေးသွားသည်။ သူမသည် ဆရာများကို "ငြိမ်းချမ်းရေးလက်နက်" အဖြစ်သဘောထားသူဖြစ်သည်။ သူ့သင်နည်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တစ်ဘက်တစ်လမ်းမှ ဆရာများ သို့မဟုတ် ဒါရိုက်တာများသည် အကောင်အထည်ဖော်ပေးနိုင်လိမ့်မည်ဟုယူဆထားသည်။ ပညာသင်ကြားရေးသည် ငြိမ်းချမ်းရေး အသွင်ဆောင်သဖြင့် ဆရာများကို သူမက ငြိမ်းချမ်းရေး လက်နက်အဖြစ်အသုံးချရန် စိတ်ကူးရသွားခြင်းဖြစ်သည်။

သူ့သင်ကြားနည်းစနစ်တွင် ဘာသာရေးသည်လည်း အခရာကျသည်။ ဘာသာတရားတွင် ရိုမင်ကက်သလစ်ဘာသာကို အလေးပေးသင်ကြားနိုင်စေရန် ပြဋ္ဌာန်းထားသည်။ သူမရေးသားသွားသည့် ထင်ရှားသောကျမ်းများမှာ - The Montessori Method, 1912; Pedagogical Anthropology, 1913; The Absorbent Mind, 1949; and The Child in the Family, 1970 တို့ဖြစ်သည်။