မြောက်အိုင်ယာလန်နိုင်ငံ

ဝီကီပီးဒီးယား မှ
မြောက်အိုင်ယာလန်နိုင်ငံ
နိုင်ငံတော် သီချင်း: များစွာ
လက်ရှိအခြေအနေယူနိုက်တက်ကင်းဒမ်းရှိ နိုင်ငံ
ပါဝင်ဖွဲ့စည်းသည့်နယ်မြေ(တစ်ခု)
မြို့တော်ဘဲလ်ဖာ့စ်
54°36′N 5°55′W / 54.600°N 5.917°W / 54.600; -5.917
အကြီးဆုံးမြို့ဘဲလ်ဖာ့စ်
ဘာသာစကားများ[b]အင်္ဂလိပ်
ဒေသဆိုင်ရာဘာသာစကားများ
  • အိုင်းရစ်
  • အာလ်စတာ-စကော့
လူမျိုးစု (၂၀၁၁)
  • လူဖြူ ၉၈.၂၁%
  • အာရှ ၁.၀၆%
  • လူမည်း ၀.၂၀%
  • အခြား ၀.၅၄% [၁]
အစိုးရတပေါင်းတစည်း စည်းမျဉ်းခံဘုရင်စနစ်အတွင်း ပေါင်းစည်းမျှတခြင်းဆိုင်ရာ အာဏာခွဲဝေစနစ်ဖြင့် ဥပဒေပြုခြင်း
ချားလ်စ် ဝေလမင်းသား
Paul Givan
Michelle O'Neill
ယူနိုက်တက်ကင်းဒမ်း ပါလီမန်
• အတွင်းဝန်Brandon Lewis
• ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော်၁၈ MPs (of 650)
ဥပဒေပြုလွှတ်တော်မြောက်အိုင်ယာလန်လွှတ်တော်
ဗဟိုမှ အာဏာခွဲဝေခြင်း
၁၉၂၁ မေ ၃
၁၉၇၃ ဇူလိုင် ၁၈
၁၉၇၄ ဇူလိုင် ၁၇
၁၉၉၈ နိုဝင်ဘာ ၁၉
ဧရိယာ
• Total
၁၄,၁၃၀ km2 (၅,၄၆၀ sq mi)[၂]
လူဦးရေ
• 2019 ခန့်မှန်း
Increase 1,893,700[၃]
• 2011 သန်းခေါင်စာရင်း
1,810,863[၄]
• သိပ်သည်းမှု
၁၃၃/km2 (၃၄၄.၅/sq mi)
GVA2018 estimate
 • Total£49 billion[၅][စာမျက်နှာ လိုအပ်]
 • Per capita£26,000
HDI (2019)0.899[၆]
အလွန်မြင့်
ငွေကြေးပေါင်စတာလင် (GBP£)
အချိန်ဇုန်ဂရင်းနစ် စံတော်ချိန် (UTC )
• နွေရာသီ (DST)
ဗြိတိသျှ နွေရာသီစံတော်ချိန် (UTC+1)
ရက်စွဲပုံစံdd/mm/yyyy (အေဒီ)
ယာဉ်ကြောစနစ်left
တယ်လီဖုန်းကုဒ်+44[c]
  1. The official flag of Northern Ireland is the Union Jack de jure.[၇] The Ulster Banner was used by the Parliament of Northern Ireland from 1953 until the latter was abolished in 1973. The Ulster Banner is still used by some organisations and entities and has been adopted as an unofficial flag of the region by unionists but its use is controversial. See Northern Ireland flags issue for more.
  2. ^ Northern Ireland has no official language. English serves as the de facto language of government and diplomacy and is the de jure language of legal proceedings. Irish and Ulster Scots are officially recognised by Her Majesty's Government as minority languages.
  3. ^ +44 is always followed by 28 when calling landlines. The code is 028 within the UK and 048 from the Republic of Ireland where it is treated as a domestic call.
Northern Ireland – Counties
မြောက်အိုင်ယာလန်၏ ရိုးရာစဉ်ဆက်ကောင်တီများ

မြောက်အိုင်ယာလန် (အိုင်းရစ်: Tuaisceart Éireann တမ်းပလိတ်:IPA-ga;[၈] တမ်းပလိတ်:Lang-sco; အင်္ဂလိပ်: Northern Ireland) သည် ယူနိုက်တက်ကင်းဒမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ နိုင်ငံ၊ နယ်မြေ၊ ပြည်နယ်၊ ဒေသအဖြစ် အမျိုးမျိုး ဖော်ပြကြသည်။[၉][၁၀][၁၁][၁၂][၁၃] အိုင်ယာလန်ကျွန်း၏ အရှေ့မြောက်ဘက်တွင်တည်ရှိသော မြောက်အိုင်ယာလန်သည် တောင်ဘက်နှင့် အနောက်ဘက်တို့တွင် အိုင်ယာလန်သမ္မတနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ၂၀၁၁ ၌ လူဦးရေသည် ၁.၈ သန်းကျော်ရှိ၍[၄] ထိုအရေအတွက်သည် အိုင်ယာလန်ကျွန်း၏ ၃၀% နှင့် ယူကေလူဦးရေ၏ ၃ % တို့ အသီးသီးဖြစ်ကြသည်။ မြောက်အိုင်ယာလန်၏ ဥပဒေပြုလွှတ်တော် ကို အရပ်စကားဖြင့် "Stormont" ဟုခေါ်ပြီး ၁၉၉၈ မြောက်အိုင်ယာလန်အက်ဥပဒေက အတည်ပြုပြဋ္ဌာန်း ဖွဲ့စည်းစေခဲ့ကာ ထိုလွှတ်တော်သည် နိုင်ငံရေးရာများကို ဗဟိုမှ ခွဲဝေထားသောအာဏာကို ကိုင်စွဲ၍ စီမံဆောင်ရွက်သည်။ အခြားနယ်ပယ်များကိုမူ ဗြိတိသျှအစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်သည်။ မြောက်အိုင်ယာလန်သည် အိုင်ယာလန်သမ္မတနိုင်ငံနှင့် အချို့သော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများရှိ၏ ။[၁၄]

၁၉၂၀ အိုင်ယာလန်အစိုးရ အက်ဥပဒေအရ အိုင်ယာလန်ကို ခွဲဝေပိုင်းခြားခြင်းဖြစ်စဉ်ပြီးနောက် ၁၉၂၁ တွင် မြောက်အိုင်ယာလန်နိုင်ငံကို တည်ထောင်ခဲ့ကာ မြောက်အိုင်ယာလန်နယ်မြေရှိ ကောင်တီခြောက်နယ်ကို တာဝန်ယူအုပ်ချုပ်ရန် လက်အောက်ခံအစိုးရကို ဖွဲ့စည်းခဲ့ကြလေသည်။ မြောက်အိုင်ယာလန်နယ်မြေရှိ အများစုသည် ၎င်းတို့နယ်မြေကို ယူကေအတွင်းဆက်လက်တည်ရှိစေလိုသူများဖြစ်ခဲ့ကြသည်။[၁၅] ယေဘုယျအားဖြင့်ဆိုရသော် ၎င်းတို့သည် ဂရိတ်ဗြိတိန်မှ သွားရောက် အခြေချသူများ၊ ပရိုတက်စတင့်ဂိုဏ်းဝင်များဖြစ်ကြ၏ ။ ထိုစဉ်အတွင်း တောင်အိုင်ယာလန်ဖက်က လူအများစုနှင့် မြောက်အိုင်ယာလန်မှ လူအနည်းစုတို့သည် အိုင်းရစ်အမျိုးသားရေးဝါဒီများ၊ အိုင်းရစ် ကတ်သလစ်ဂိုဏ်းဝင်များ ဖြစ်ကြရာ စုစည်းလွတ်လပ်သော အိုင်ယာလန်နိုင်ငံကို အလိုရှိတောင့်တခဲ့ကြလေသည်။[၁၆][၁၇][၁၈][၁၉] ယနေ့ခေတ်တွင် ထိုသို့ဆက်လက်တည်ရှိနေလိုခဲ့သူများသည် မိမိကိုယ်ကို ဗြိတိသျှလူမျိုးဟု ယူဆကြ၍ ကျန်သူများသည် ၎င်းတို့ကိုယ်၎င်းတို့ အိုင်းရစ်လူမျိုးဟု မှတ်ယူကြသည်။ သို့သော် နောက်ခံအမျိုးမျိုးမှ လူနည်းစုဝင် အများစုက ၎င်းတို့သည် မြောက်အိုင်ယာလန်သား (သို့) အာလ်စတာသား (Ulster) အဖြစ် အခိုင်အမာဆိုကြလေသည်။[၂၀]

မြောက်အိုင်ယာလန်ဖွဲ့စည်းခြင်း/တည်ထောင်ခြင်းသည် ခွဲဝေပိုင်းခြားခြင်း ဥပဒေများကို ဆန့်ကျင်တော်လှန်၍ အကြမ်းဖက်မှုများလည်း ပေါ်ပေါက်ခဲ့ကြသည်။ ၁၉၂၀-၂၂ အတွင်း မြို့တော်ဘဲလ်ဖာ့စ်တွင် အုပ်စုလိုက် အကြမ်းဖက်မှုများ ပေါက်ပေါက်ခဲ့ကြကာ အထူးသဖြင့် ပရိုတက်စတင့်နှင့် ကတ်သလစ်ဂိုဏ်းဝင်များကြား ဖြစ်သည်။[၂၁] လူပေါင်း ၅၀၀ ကျော် သေကြေပျက်စီးခဲ့ရကာ[၂၂] ၁၀,၀၀၀ ကျော်သည် ဒုက္ခသည်များဖြစ်လာခဲ့ကြ၍ အများစုသည် ကတ်သလစ်ဂိုဏ်းဝင်များပင်ဖြစ်သည်။[၂၃] နောက်လာသည့် ဆယ်စုနှစ်များတွင် မြောက်အိုင်ယာလန်၌ ယူနီယံနစ်ပါတီအစိုးရများက စီမံဆောင်ရွက်ခဲ့ကြသည်။[၂၄] နှစ်ဖက်အုပ်စုကြား အချင်းချင်း ခွဲခြားဆက်ဆံမှုများလည်း အရပ်သဘောအနေဖြင့်ရှိကြကာ[၂၅] ယူနီယံနစ်ပါတီအစိုးရများကို အိုင်းရစ်အမျိုးသားရေးဝါဒီများ၊ ကတ်သလစ်ဝင်လူနည်းစုများကို ခွဲခြားဆက်ဆံပါသည်ဟု စွပ်စွဲမှုများရှိခဲ့ကြလေရာ[၂၆] မြောက်အိုင်ယာလန်ဝန်ကြီးချုပ် (First Minister) ဒေးဗစ် ထရင်ဘဲလ်က (David Trimble) "ကတ်သလစ်ဂိုဏ်းဝင်များအတွက် အနွေးဓာတ်ကင်းမဲ့အိမ်" ဟုပင် ခေါ်ဝေါ်ခဲ့ဖူးသည်။[၂၇] ၁၉၆၀ နှောင်းပိုင်းကာလများတွင် အမျိုးသားရေးဝါဒီများနှင့် ကတ်သလစ်ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံမှုအဆုံးသတ်ရေးလှုပ်ရှားမှုတစ်ခုအား အာလ်စတာဝါဒီများက သမ္မတနိုင်ငံ(အသစ်)၏ရှေ့ပြေးအဖြစ်ရှုမြင်ခဲ့ကြ၍ ဆန့်ကျင်ခဲ့ကြပြန်သည်။[၂၈] ထိုသို့ သမ္မတစနစ်လိုလားသူများနှင့် ဆက်လက်တည်စေလိုသူများကြား ပဋိပက္ခသည် သုံးဆယ့်နှစ်နှစ်ကြာ စစ်မက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃,၅၀၀ ကျော်သေဆုံးခဲ့ကာ ၅၀,၀၀၀ ကျော် ဒဏ်ရာအနာတရ ရရှိခဲ့ကြပေသည်။[၂၉][၃၀] ၁၉၉၈ တွင် သောကြာနေ့ကောင်းသဘောတူစာချုပ် (Good Friday Agreement) သည် ထိုဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်လာခဲ့လေသည်။ သို့ရာ၌ ဂိုဏ်ကွဲမှု၊ ခွဲခြားဆက်ဆံမှု၊ လူမှုရေးပြဿနာများ၊ (ပြတ်တောင်းအနေထားဖြင့်) အကြမ်းဖက်မှုများသည် ဆက်လက်ရှိနေခဲ့ပေသည်။[၃၁]

မြောက်အိုင်ယာလန်၏ စီးပွားရေးအခြေအနေသည် အိုင်ယာလန်ကျွန်း ခွဲဝေပိုင်းခြားခြင်းကာလ၌ ကျွန်း၏ စက်မှုလုပ်ငန်း အများစုတည်ရှိခဲ့ရာ ဖြစ်သော်လည်း နိုင်ငံရေး၊ လူမှုရေးမတည်ငြိမ်မှုများကြောင့် စီးပွားရေးကျဆင်းခဲ့ရသည်။[၃၂] ၁၉၉၀ နှောင်းပိုင်းနှစ်များ၌ စီးပွားရေး သိသိသာသာ ပြန်လည်ဦးမော့လာခဲ့သည်။[၃၃] similar to the UK figure of 6.2%.[၃၄] မြောက်အိုင်ယာလန်၊ ကျန်အိုင်ယာလန်အပိုင်းများနှင့် ယူကေတို့ကြားရှိ ယဉ်ကျေးမှုဆက်ဆံချိတ်ဆက်မှုများတည်ရှိ၍ အားကစားနယ်ပယ်၌ အိုင်ယာလန်တစ်ကျွန်းလုံးသည် တစ်သင်းတည်းအဖြစ် ပါဝင်ကစားကြသည်။ ခြွင်းချက်အနေဖြင့် မြောက်အိုင်ယာလန် အမျိုးသား ဘောလုံးအသင်းသည် မြောက်အိုင်ယာလန်ကိုသာ ကိုယ်စားပြုသောအသင်းဖြစ်၏ ။ ဓနသဟာယအားကစားပွဲများ၌ မြောက်အိုင်ယာလန်သည် သီးသန့်ပါဝင်ကစား၍ အိုလံပစ်ပွဲများ၌မူ မြောက်အိုင်ယာလန်ရှိသူများသည် ဂရိတ်ဗြိတိန်ကိုယ်စားပြု ယှဉ်ပြိုင်နိုင်သကဲ့သို့ အိုင်ယာလန်(နိုင်ငံ)ကို ကိုယ်စားပြုပါဝင်ပေးနိုင်သည်လည်း ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Northern Ireland Census 2011 OutputNorthern Ireland Statistics and Research Agency (11 December 2012)။ 16 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  2. The Countries of the UK။ Office for National Statistics (United Kingdom)။ 5 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  3. Population estimates – Office for National Statistics။ 16 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Northern Ireland Statistics & Research Agency (December 2012)။ Census 2011 Key Statistics for Northern Ireland။ 24 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  5. Regional economic activity by gross domestic product, UK: 1998 to 2018Office for National Statistics (2019)။ 24 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  6. Sub-national HDI – Area Database – Global Data Lab။ 17 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  7. The Flags Regulations (Northern Ireland) 2000Government of the United Kingdom (8 November 2000)။ 2 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  8. Tuaisceart Éireann Archived 15 August 2021 at the Wayback Machine.. DFA.ie. Retrieved 27 March 2016.
  9. Statistic of the United Kingdom။ 5 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  10. Northern Ireland။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  11. S. Dunn; H. Dawson (2000)၊ An Alphabetical Listing of Word, Name and Place in Northern Ireland and the Living Language of Conflict၊ Lampeter: Edwin Mellen Press၊ One specific problem – in both general and particular senses – is to know what to call Northern Ireland itself: in the general sense, it is not a country, or a province, or a state – although some refer to it contemptuously as a statelet: the least controversial word appears to be jurisdiction, but this might change.
  12. J. Whyte; G. FitzGerald (1991)၊ Interpreting Northern Ireland၊ Oxford: Oxford University Press၊ One problem must be adverted to in writing about Northern Ireland. This is the question of what name to give to the various geographical entities. These names can be controversial, with the choice often revealing one's political preferences. ... some refer to Northern Ireland as a 'province'. That usage can arouse irritation particularly among nationalists, who claim the title 'province' should be properly reserved to the four historic provinces of Ireland-Ulster, Leinster, Munster, and Connacht. If I want to a label to apply to Northern Ireland I shall call it a 'region'. Unionists should find that title as acceptable as 'province': Northern Ireland appears as a region in the regional statistics of the United Kingdom published by the British government.
  13. D. Murphy (1979)၊ A Place Apart၊ London: Penguin Books၊ Next – what noun is appropriate to Northern Ireland? 'Province' won't do since one-third of the province is on the wrong side of the border. 'State' implies more self-determination than Northern Ireland has ever had and 'country' or 'nation' are blatantly absurd. 'Colony' has overtones that would be resented by both communities and 'statelet' sounds too patronizing, though outsiders might consider it more precise than anything else; so one is left with the unsatisfactory word 'region'.
  14. Government of the United Kingdom of Great Britain and Northern Ireland; Government of Ireland (1998)၊ Northern Ireland Peace Agreement (The Good Friday Agreement)၊ 21 February 2013 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 31 August 2021 တွင် ပြန်စစ်ပြီး
  15. Standing up for Northern IrelandUlster Unionist Party။ 4 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  16. Richard Jenkin, 1997, Rethinking ethnicity: arguments and explorations, SAGE Publications: London: "In Northern Ireland the objectives of contemporary nationalists are the reunification of Ireland and the removal of British government."
  17. Peter Dorey, 1995, British politics since 1945, Blackwell Publishers: Oxford: "Just as some Nationalists have been prepared to use violence in order to secure Irish reunification, so some Unionists have been prepared to use violence in order to oppose it."
  18. Strategy Framework Document: Reunification through Planned Integration: Sinn Féin's All Ireland Agenda။ 16 July 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။ Sinn Féin. Retrieved 2 August 2008.
  19. Policy Summaries: Constitutional IssuesSocial Democratic and Labour Party။ 18 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  20. Which of these best describes the way you think of yourself? (2014)။ 24 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  21. Lynch, Robert. The Partition of Ireland: 1918–1925. Cambridge University Press, 2019. p.11, 100–101
  22. Lynch (2019), p.99
  23. Lynch (2019), pp.171–176
  24. David McKittrick & David McVea. Making Sense of the Troubles. New Amsterdam Books, 2002. p.6
  25. McKittrick & McVea, p.18
  26. Gallagher, Tom. Contemporary Irish Studies. Manchester University Press, 1983. pp.29–32
  27. Nobel Lecture။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  28. Maney, Gregory. "The Paradox of Reform: The Civil Rights Movement in Northern Ireland", in Nonviolent Conflict and Civil Resistance. Emerald Group Publishing, 2012. p.15
  29. CAIN: Sutton Index of Deaths။ 18 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  30. CAIN: Northern Ireland Society – Security and Defence။ 26 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  31. "The troubles were over, but the killing continued. Some of the heirs to Ireland's violent traditions refused to give up their inheritance."Jack Holland: Hope against History: The Course of Conflict in Northern Ireland. Henry Holt & Company, 1999, p. 221; ISBN 0-8050-6087-1
  32. McCourt၊ Malachy (2004)။ History of Ireland။ New York: MJF Books, Fine Communications။ p. 324ISBN 978-1-60671-037-1
  33. Department of Enterprise, Trade, and Investment: Full Economic Overview, 15 October 2014 Archived 7 November 2014 at the Wayback Machine.
  34. Larry Elliott။ UK unemployment rate falls to lowest level since 2008 financial crisis။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။