မြို့မ မိသားစု စိတ်ဓာတ်

ဝီကီပီးဒီးယား မှ

မြို့မ မိသားစု စိတ်ဓာတ်ဟူ၍ မြို့မကျောင်း မှ စတင်ခဲ့သည်။

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့)တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ကျောင်း တည်ထောင်ခဲ့၏။ မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။

မြို့မ မိသားစု စိတ်ဓာတ်မှသည် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်လာသည်။ နောင်အခါတွင် ထိုပြည်ထောင်စု စိတ်ဓာတ်သည် မျိုးချစ်စိတ်ဓာတ်ကို ပိုမိုရင့်သန်လာစေပြီး မြန်မာ့လွတ်လပ်ရေးကို အောင်မြင်စွာ ရရှိစေခဲ့သည်။ အဆိုပါ မြို့မ မိသားစု စိတ်ဓာတ် နှင့် နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်တို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ လူမျိုး၊ ဘာသာ သာသနာ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ခေတ်အဆက်ဆက်တွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သည်။ လွတ်လပ်ရေးအစ-အမျိုးသားနေ့ကအမျိုးသားနေ့အစ-အမျိုးသားကျောင်းများကအမျိုးသားကျောင်းများအစ-မြို့မကျောင်းက ဟူ၍လည်း မြန်မာ့သမိုင်းစာမျက်နှာများတွင် မြင်တွေ့နိုင်သည်။ မြို့မ ကျောင်းအုပ်ဆရာကြီး ဦးဘလွင် သည် လွန်စွာထင်ရှားသည်။

ကိုးကား[ပြင်ဆင်ရန်]


  • ၁၉၉၅ ခုနှစ်မြို့မကျောင်း စိန်ရတု အထိမ်းအမှတ်စာအုပ်
  • ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်စာအုပ်