ဆွေးနွေးချက်:မြန်မာ နေရှင်နယ် လိဂ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များခင်ဗျား။ ကျွန်တော်ကတော့ မြိတ်မြို့မှ ဘောလုံးဝါသနာရှင်တစ်ဦးပါ။ ကျွန်တော်တို့မြန်မာနိုင်ငံ အမျိုးသားနှင့်အမျိုးသမီး ဘော် လုံးအသင်း တို့ရဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရပုံများကို ကြည့်ပြီး အလွန်ကျေနပ်အားရမိပါသောကြောင့် မြန်မာနိုင်ငံ ဘောလုံးအသင်းများ ယခုထက်ပိုမိုတိုးတက်လာရေးအတွက် ကျွန်တော်တွေးမိသည့် အချက်များကို အကြံပြုတင်ပြပေးလိုပါသည်ခင်ဗျား။ ကျွန်တော်ပထမဆုံး ပြောချင်တဲ့အချက်ကတော့ နေရှင်နယ်လိဂ်မှာ သူများနိုင်ငံခြားသားများကို ခေါ်မည့်အစား ကျွန်တော်တို့ နိုင်ငံသားများကိုပဲ ဦးစားပေးထည့်သွင်းပြီး ယှဉ်ပြိုင်စေဖို့လိုပါသည်။ ဒါမှ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တကယ်အရည်အချင်းရှိသူတွေ၊ အရည်အချင်းရှိလျက်နှင့် ကစားခွင့်မရကြသူတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိနေပါတယ်။ နောက်ပြီး လူငယ်ကစားသမားများကို ဦးစားပေးပြီး မြေတောင်မြောက်ပေးစေချင်ပါတယ်။ နောက်တစ်ခုပြောချင်တာကတော့ နေရှင်နယ်လိဂ်မှာ ယှဉ်ပြိုင်နေကြတဲ့ အသင်းတွေကိုလည်း နိုင်ငံခြားသားအသုံးပြုမှု ကန့်သတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး ယှဉ်ပြိုင်စေချင်ပါတယ်။ ဥပမာ- ပထမ(၁၁)ယောက်မှာ နိုင်ငံခြားသား(၂)ဦး၊ ပြည်တွင်းကစားသမား(၉)ဦးနှင့် ယှဉ်ပြိုင်စေတာမျိုးပါ။ နောက်တစ်ခုအကြံပေးချင်တာကတော့ နည်းပြပိုင်းပါ။ နည်းပြကို မြန်မာနိုင်ငံသား နည်းပြများအသုံးပြုချင်းထက် နိုင်ငံခြားသားနည်းပြများကို အသုံးငွေကြေးအကုန်အကျခံပြီး သုံးချင်းကပိုပြီး သင့်တော်ပါတယ်။ မြန်မာနည်းပြတွေကိုအထင်သေးလို့ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နည်းပြတွေက နိုင်ငံက နည်းပြတွေနှင့်ယှဉ်လိုက်ရင် နည်းပညာပိုင်းနှင့် နည်းစနစ်ပိုင်း အနည်းငယ်လိုအပ်နေတယ်ထင်လို့ပါ။ ဒါပေမယ့် အမိနိုင်ငံ လက်ရွေးစင်အသင်းမျိုးအတွက်ကတော့ မျိုးချစ်စိတ်ရှိတဲ့ မြန်မာနိုင်ငံသားစစ်စစ်ကိုမှ တာဝန်ပေးအပ်တာက ပိုပြီးသင့်တော်မယ်လို့ထင်ပါတယ်။ နိုင်ငံခြားသားနည်းပြတွေကို နှစ်တိုကာလနှင့်ခေါ်ပြီး သူတို့ဆီက နည်းပညာပိုင်းနှင့် နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းတွေကို ဦးနှောက်ဖောက်စားပြီး လက်ရွေးစင် အသင်းကို ကိုင်တွယ်မယ့် မြန်မာလူမျိုးနည်းပြတစ်ယောက်ဆီကို ဖြန့်ဝေပြီး ကူညီထောက်ပံ့ပေးသွားမယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့ဘောလုံးလောက ခဏလေးအတွင်းမှာ တိုးတက်လာမည်မှာအမှန်ပါ။ အများစုကတော့ အမျိုးသမီးအသင်းကို ရင်ထဲကရွှေဆုပေးခဲ့သလိုပဲ့ ကျွန်တော်ကတော့ အမျိုးသားအသင်းကိုလည်း ရင်ထဲကရွှေဆုပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့အသက်(၂၅)နှစ်မှာ မြန်မာအသင်းဒီလိုကစားပုံကောင်းတာ ဒီတစ်ကြိမ်ပဲ့တွေ့ဖူးလို့ပါ။ ကံမကောင်းဘူးလို့ပဲ့ ဖြေသိမ့်လိုက်ပါတယ်။ မြန်မာ့ဂုဏ်ဆောင်ပေးခဲ့တဲ့ မြန်မာကစားသမားများအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ကြိမ်စင်္ကာပူအိမ်မှာ ကျွန်တော်တို့ရွှေယူဖို့ ခုကတည်းက အားစိုက်ပြီး ကြိုးစားပေးကြပါလို့ အားပေးချင်ပါတယ်။ မြန်မာ့ဘောလုံး တိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ပေးနေတဲ့ ဦးဇော်ဇော်ကိုလည်း တစ်နိုင်ငံလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။