မြန်မာသုံးဖောင့်

ဝီကီပီးဒီးယား မှ
(မြန်မာ၃ မှ ပြန်ညွှန်းထားသည်)

မြန်မာသုံးဖောင့် (မြန်မာသရီး/Myanmar3 font) ကို ယူနီကုဒ်စံနှုန်းများအတိုင်းအတိအကျလိုက်နာ၍ ထုတ်လုပ်ထားသည်။ မြန်မာသရီးဖောင့်သည် အများပြည်သူပိုင်ဆိုင်သော ဖောင့်တစ်ခုဖြစ်ပြီး ယင်းကို ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့နှင့် ပညာရှင်များမှ ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်သည်။

  • Windows based Open Type Font Technology ကို အသုံးပြုထားသည့် ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(စမ်းသပ်အဆင့်)(မြန်မာဝမ်း/Myanmar1)ကို ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။
  • ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(စမ်းသပ်အဆင့်)(မြန်မာဝမ်း/Myanmar1)၏ အားနည်းချက်များအား နှိုင်းယှဉ်ပြနိုင်ရန် ISO Meeting 48 မှ လက်ခံနိုင်ရန်အတွက် အဆိုပြုတင်သွင်းသည့်စံ အသစ်ဖြင့် တီထွင်ထားသော ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(စမ်းသပ်အဆင့် ၂)(မြန်မာတူး/Myanmar2)ကို ၂၀၀၆ ခုနှစ် ဇူလိုင်လတွင် ထပ်မံဖြန့်ချိခဲ့သည်။
  • ယူနီကုဒ်သုံး မြန်မာစာလုံးစနစ်(စမ်းသပ်အဆင့် ၂)(မြန်မာတူး/Myanmar2)မှ အားနည်းချက်များအား ပြင်ဆင်ပြီး ISO Meeting 48 မှ လက်ခံထားသည့် Unicode Stand ard 5.1.0 ပါစံအသစ်ဖြင့် ပြန်လည်တီထွင်ထားသော ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(မူ−၁)(မြန်မာသရီး/Myanmar3)ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထပ်မံဖြန့်ချိခဲ့သည်။

အထက်ဖော်ပြပါ အခြေအနေများအရ

  • မြန်မာဝမ်း(Myanmar1)ဖောင့် စတင်ထွက်ရှိချိန်တွင် ပင့်(ျ)၊ ရစ်(ြ)၊ ဆွဲ(ွ)၊ ထိုး(ှ)များ မပါဝင်ခဲ့ကြောင်း၊
  • မြန်မာတူး(Myanmar2)ဖောင့် စတင်ထွက်ရှိချိန်တွင် ပင့်၊ ရစ်၊ ဆွဲ၊ ထိုး များပါဝင်ခဲ့ကြောင်း၊
  • မြန်မာသရီး(Myanmar3)ဖောင့် စတင်ထွက်ရှိချိန်တွင် မြန်မာတူးနှင့် ထူးခြားစွာကွဲပြားမှုမရှိပဲ စာလုံးပေါင်းအမှားနှင့် စာစီစာရိုက်အမှားအယွင်းကို သိနိုင်သည့် အစက်အပြောက်စက်ဝန်းများပါဝင်ခဲ့ကြောင်း

စသည့်တို့ကို တွေ့ရှိရသည်။

ကိုးကား[ပြင်ဆင်ရန်]