ပြည်ထောင်စုဖောင့်

ဝီကီပီးဒီးယား မှ

ပြည်ထောင်စု ဖောင့် (Pyidaungsu Font) ဆိုသည်မှာ အများသုံး ပြည်သူပိုင် တရားဝင် အခမဲ့ သုံးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ရေးဆွဲထုတ်လုပ်ခဲ့သော မြန်မာဖောင့် တစ်ခု ဖြစ်သည်။ မြန်မာဖောင့် ဆိုသော်လည်း အသုံးပြု၍ရ ရသော ဘာသာများမှာ- မြန်မာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ့်ကရင်, ကယား, အရှိုချင်း, ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်, ပလေးပလောင်, ရူမာည်းတအောင်း, စသည်တို့ဖြစ်သည်။

၁-၁၀-၂၀၁၉ တွင် တစ်နိုင်ငံလုံး တရားဝင် ယူနီကုဒ် တစ်ပြိုင်တည်း ပြောင်းသုံးရန် နှစ်ပေါင်းများစွာ စီစဉ်ဆောင်ရွက်ခဲ့ရသည့် စီမံကိန်း၏ ရလာဒ် တစ်ခုဖြစ်သည်။Pyidaungsu Font တွင် Keyboard တပါတည်း ပါဝင်သည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]