မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စုဖောင့်

ဝီကီပီးဒီးယား မှ

ပြည်ထောင်စု ဖောင့် (Pyidaungsu Font) ဆိုသည်မှာ အများသုံး ပြည်သူပိုင် တရားဝင် အခမဲ့ သုံးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ရေးဆွဲထုတ်လုပ်ခဲ့သော မြန်မာဖောင့် တစ်ခု ဖြစ်သည်။ မြန်မာဖောင့် ဆိုသော်လည်း အသုံးပြု၍ ရသော ဘာသာများမှာ- မြန်မာ၊ သက္ကတ/ပါဠိ၊ မွန်၊ ရှမ်း၊ စကောကရင်၊ ပိုးကရင်(အနောက်ပိုင်း)၊ ပိုးကရင် (အရှေ့ပိုင်း)၊ ပအိုဝ်း၊ ကယား၊ အရှိုချင်း၊ ခန္တီးရှမ်း၊ Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ၊ ရွှေပလောင်၊ ပလေးပလောင်၊ ရူမာည်းတအောင်း စသည်တို့ဖြစ်သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တစ်နိုင်ငံလုံး တရားဝင် ယူနီကုဒ် တစ်ပြိုင်တည်း ပြောင်းသုံးရန် နှစ်ပေါင်းများစွာ စီစဉ်ဆောင်ရွက်ခဲ့ရသည့် စီမံကိန်း၏ ရလဒ် တစ်ခုဖြစ်သည်။ Pyidaungsu Font တွင် Keyboard တပါတည်း ပါဝင်သည်။[]


ကိုးကား

[ပြင်ဆင်ရန်]