ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့

ဝီကီပီးဒီးယား မှ

Myanmar Unicode and NLP Research Centre သည် NGO (non-governmental organization)ဖြစ်သလို၊ NPO (non-profit organization)ဟုခေါ်သော ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အတိုကောက် အခေါ် Myanmar NLP ဟု ဖြစ်သည်။

  • NLP ဆို natural language Processing ကို ခေါ်ခြင်းဖြစ်သည်။ Natural Language ဆိုသည်မှာ programming Language မဟုတ်ပေ။
  • Myanmar Unicode and NLP Research Centre => ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်း အဖွဲ့။
  • Myanmar NLP သည် Computer တွင် မြန်မာဘာသာစကား အလုပ်လုပ်နိုင်အောင် ကြိုးစားနေသည့် အဖွဲ့ဖြစ်သည်။

အဖွဲ့၏ ရည်ရွယ်ချက်[ပြင်ဆင်ရန်]

NLP နယ်ပယ်ဆိုင်ရာ သဘောထား အမြင်နှင့် သတင်းအချက်အလက် အရင်းအမြစ်များ ဖလှယ်နိုင်ရန်။ NLP နယ်ပယ်၌ ကျွမ်းကျင်သူပညာရှင်များ၊ နည်းပညာများ နှင့် အသိပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်။ NLP နယ်ပယ်ဆိုင်ရာ ပူးပေါင်းသုတေသနပြုမှုများ ပိုမိုတိုးမြင့်လာစေရန်။

အဖွဲ့၏ ပင်မလုပ်ငန်းစဉ်[ပြင်ဆင်ရန်]

Myanmar NLP Lab ၏ အဓိက Project မှာ ကွန်ပျူတာဘာသာပြန်စနစ်(Machine Translation) ဖြစ်သည်။ ထို့အပြင် ကွန်ပျူတာဘာသာပြန်စနစ်အတွက် လိုအပ်သော Project များဖြစ်သည့် Word Segmentation၊ Annotated Parallel Corpus၊ Translation Memory နှင့် OCR တို့ကိုလည်း ပူးတွဲ လုပ်ဆောင်လျက် ရှိသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

Myanmar NLP ကို ၂၀၀၃-ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့ဝင် (၁၇)ဦးနှင့် စတင်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် Pentium IV Server တစ်လုံး၊ Pentium IV ကွန်ပျူတာ(၆)လုံးနှင့် လုပ်ငန်းစတင်ခဲ့သည်။ ၂၀၀၄-ခုနှစ်၊ ဇူလိုင်လတွင် Pentium IV Server တစ်လုံးကို ထပ်မံတပ်ဆင်ခဲ့ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရှိ Incubation Center မှာ မြန်မာ ယူနီကုဒ်စနစ်ကို စတင် အကောင်အထည် ဖော်သည်။ အချိန်ပြည့် ပရိုဂရမ်မာ (၃)ဦး၊ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ရ (၃)ဦးနှင့် မဟာဝိဇ္ဇာတန်းတက်ရောက်နေသူ (၃)ဦးတို့ဖြင့် အဆိုပါ လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြန်မာစာတတ်မြောက်သူတိုင်း ကွန်ပျူတာကို အသုံးပြုနိုင်၍ သတင်းအချက်အလက်များ ရယူအသုံးချနိုင်ရန်၊ နယ်ပယ် အသီးသီးတွင် ကွန်ပျူတာသုံးစနစ်များကို မြန်မာဘာသာဖြင့် အသုံးချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ရန် ကျန်ရှိနေသော လုပ်ငန်းများဖြစ်သည့် စာလုံးပေါင်းသတ်ပုံ စစ်ဆေးခြင်း၊ ကမ္ဘာသုံးဘာသာစကားအမျိုးမျိုးကို မြန်မာဘာသာသို့ ကွန်ပျူတာဖြင့် ဘာသာပြန်ဆိုခြင်း၊ စသည်တို့ကို လုပ်ဆောင်နိုင်သည့် အဆင့်မြင့်မြန်မာစာသုံးစနစ်ကို ပိုမို ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ရုံး၏ ၁၄-၁၁-၂၀⁠၀၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၅/၂၀⁠၀၅ ဖြင့် အီလက်ထရောနစ် အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၊ ဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးစီးသော ကွန်ပျူတာသုံး မြန်မာစာစံနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းပေးခဲ့သည်။[၁][လင့်ခ်သေ]

ဦးဆောင်သူများ[ပြင်ဆင်ရန်]

မြန်မာတစ်မျိုးသားလုံးအသုံးပြုရန် စံအဖြစ်လုပ်ဆောင်ကြရသည်ဖြစ်သောကြောင့် မြန်မာယူနီကုတ်ဖြစ်မြောက်ရေးအဖွဲ့တွင် နည်းပညာအရရော၊ မြန်မာစာစနစ်ဆိုင်ရာအတွက်ပါ မြန်မာစာအဖွဲ့မှ တတ်ကျွမ်းသူ ပညာရှင်များနှင့် ဖွဲ့စည်းထားခဲ့သည်။ မြန်မာစာအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်၊ မြန်မာစာအဖွဲ့ဝင် ဦးထွန်းတင့် ၊ သမိုင်းအဖွဲ့ဝင် ဦးသော်ကောင်းတို့ ပါဝင်ကြသည်။ ကွန်ပျူတာနည်းပညာအတွက် ပညာရှင်များဖြစ်သော ဦးသိန်းထွဋ်၊ ဦးဇော်ထွဋ်၊ ဦးငွေထွန်း၊ ဦးဝေလင်းကျော် တို့က စိတ်ရောကိုယ်ပါ ယနေ့တိုင် အကူအညီပေး ဆောင်ရွက်လျက် ရှိကြသည်။ အတွင်းရေးမှူးမှာ ဒေါက်တာ ဒေါ်မြင့်မြင့်သန်း ဖြစ်သည်။ Myanmar NLP ကို အောက်ပါ ပညာရှင်များဖြင့် ဖွဲ့စည်းထားခဲ့သည်။

Supervising and Advisory Group[ပြင်ဆင်ရန်]

ဦသိန်းဦး
Managing Director,
ACE Data Systems
President, Myanmar Computer Federation (MCF)

ဒေါက်တာကျော်သိန်း
Retired Rector
University of Computer Science,
Yangon
Chairman,
MITSC (Myanmar IT Standardization Committee)

ဒေါက်တာ ဒေါ်မြင့်မြင့်သန်း
Director,
e-Learning Center
(a training center funded by Japan)

အခြားအဖွဲ့ဝင်များ[ပြင်ဆင်ရန်]

ဦးသော်ကောင်း
Member, Myanmar Language Commission
Retired Chief Librarian, Yangon University Library

ဦးထွန်းတင့်
Member, Myanmar Language Commission

ဦးသောင်းတင်
MD, KMD Computer Center
President, Myanmar Computer Scientist Association (MCSA)

ဦးအောင်ဇော်မြင့်
MD, Winner Computer Group
President, Myanmar Computer Industry Association (MCIA)
Working Group

Zaw Htut (a) Steven Htut
Executive Committee Member,
Myanmar Computer Scientist Association (MCSA)
Co-ordinator, Myanmar Language SIG (Special Interest Group),
MCSA
Managing Director /Chief Technical Officer,
Myanmars.NET & Win Myanmar Systems

ငွေထွန်း
MD, Solve Ware
Director, eTrade Myanmar

ထွန်းထွန်းလွင်
Programmer
Myanmar World Distribution

သန့်ဇင်ဦး
Web Development Manager, Myanmars.NET
Devloper

ကျော်လင်း
Myanmar NLP Research Center
Sun Toon
Developer,
Myanmar NLP Research Center

လုပ်ငန်းအစီအစဉ်[ပြင်ဆင်ရန်]

(က) အခြေခံ မြန်မာစာသုံးစနစ် Basic Language Support (Enabling Kit)

  • Typing & Editing
  • OS Interface in Myanmar
  • Office Interface in Myanmar
  • Local setting (Date, Time, Currency)

(ခ) အဆင့်မြင့် မြန်မာစာသုံးစနစ် အဆင့်(၁) Advanced Support Level 1

  • Sorting
  • Searching

(ဂ)အဆင့်မြင့် မြန်မာစာသုံးစနစ် အဆင့်(၂) Advanced Support Level 2

  • Dictionary
  • Spelling Check
  • Thesaurus
  • MUI (Multiple User Interface) (To allow Myanmar character available on other OS)

(ဃ) အဆင့်မြင့် မြန်မာစာသုံးစနစ် အဆင့်(၃) Advanced Support Level 3

  • OCR
  • Machine Transliteration
  • Voice Recognition
  • Hand Script Recognition

အောင်မြင်စွာ ပြီးစီးခဲ့သော လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

  1. ၂၀၀၅-ခု၊ အောက်တိုဘာလ (၁၂)ရက်နေ့တွင် Myanmar1 ထွက်ရှိသည်။
  2. Myanmar2
  3. ၂၀၀၇-ခု၊ 'ဒီဇင်ဘာလ (၁၄) ရက် ရတနာပုံ ဆိုက်ဘာမြို့တော် ဖွင့်ပွဲ နေ့တွင် Myanmar3 ဟူ၍ ထွတ်ရှိခဲ့သည်။
  4. ၂၀၀၇ ခုနှစ်တွင် Myanmar3 ဖောင့်ကို ထုတ်လုပ်ခဲ့သည်။
  5. ၂၀၀၇ ခုနှစ်တွင် မြန်မာဝေါဟာရသရုပ်ခွဲကျမ်း Myanmar Lexicon Version 1.0 ကို မိတ်ဆက်ဖြန့်ချိခဲ့သည်။
  6. ၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် မြန်စံ(Smart)စာစီစာရိုက်စနစ်ကို အများပြည်သူအသုံးပြုနိုင်ရန် မိတ်ဆက်ဖြန့်ချိသည်။ [၂] Archived 2 October 2011 at the Wayback Machine.
  7. ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် မြန်မာ ယူနီကုဒ် အသုံးပြုသူ လမ်းညွှန်၊ မြန်စံ(Smart)စာစီစာရိုက်စနစ်၊ Myanmar3 ဖောင့်တို့ကို အစိုးရဌာနများသို့ ဖြန့်ဝေနိုင်ရန် ကူညီပံ့ပိုးခဲ့သည်။[၃] Archived 25 April 2012 at the Wayback Machine.

ရယူနိုင်သော ကွန်ပျူတာသုံးစနစ်များ[ပြင်ဆင်ရန်]

ကွန်ပျူတာသုံး မြန်မာစာနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့မှ ထုတ်လုပ်ထားသော ကွန်ပျူတာသုံးစနစ်များကို အများပြည်သူ အသုံးပြုနိုင်ရန် ဖြန့်ချိထားသည်။ အဆိုပါ စနစ်များကို ဒေါင့်လုတ်ခ် Archived 2 October 2011 at the Wayback Machine. ရယူနိုင်သည်။

ဝက်ဘ်ဆိုဒ်[ပြင်ဆင်ရန်]

Myanmar NLP Webiste Archived 17 July 2011 at the Wayback Machine.