မြန်မာ့ လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၆၃၅

ဝီကီပီးဒီးယား မှ
မြန်မာ့ လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၆၃၅
မြန်မာ့လေကြောင်းလိုင်း Fokker F-27 နှင့် ဆင်တူသည်။
Accident အကျဉ်းချုပ်
ရက်စွဲ၂၄၊ ဩဂုတ်၊ ၁၉၉၈
အကျဉ်းချုပ်မြေပြင်သို့ ထိန်းချုပ်ပျံသန်းခြင်း။
အရပ်ဒေသမြန်မာနိုင်ငံ၊ တာချီလိတ်မြို့အနီး
ခရီးသည်များ၃၂
လေယာဉ်အဖွဲ့ဝင်
သေဆုံး၃၆
အသက်ရှင်
လေယာဉ် အမျိုးအစားFokker F-27 Friendship
မောင်းနှင်သူမြန်မာ့‌ လေကြာင်းလိုင်း
မှတ်ပုံတင်ခြင်းXY-AEN
မူလ ပျံသန်းရာရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရန်ကုန်မြို့၊ မြန်မာ (ဘားမား)
ရောက်ရှိမည့်အရပ်တာချီလိတ် လေဆိပ်၊ တာချီလိတ်၊ မြန်မာ (ဘားမား)

မြန်မာ့ လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၆၃၅ သည် ပြည်တွင်းခရီးသည်များ တင်ဆောင်လာသည့် ဖော်ကာ အပ်ဖ် ၂၇ လေယာဉ်ဖြစ်ပြီး ရန်ကုန်မြို့မှ မြန်မာနိုင်ငံ အရှေ့ဘက်ရှိ တာချီလိတ်မြို့သို့ ပျံသန်းရန် စီစဉ်ထားခဲ့သည်။ ၁၉၉၈ခုနှစ် ဩဂုတ်၊ ၂၄ရက်နေ့တွင် တာချီလိတ်လေဆိပ်သို့ ဆင်းသက်စဉ် လေဆိပ်မှ နှစ်မိုင်ခန့် အကွာရှိ တောင်ကုန်း တစ်ခုပေါ်တွင် ပျောက်ဆုံးခဲ့သည်။ နောက်ပိုင်းတွင် လေယာဉ် အပျက်အဆီးများကို ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ တွေ့ရှိခဲ့သည်။ မတော်တဆမှုကြောင့် ခရီးသည် ၃၆ ဦး နှင့် လေယာဉ်အမှုထမ်း အားလုံး သေဆုံးခဲ့သည်။[၁]

ပျံသန်းမှု[ပြင်ဆင်ရန်]

UB635 သည် 08:30 UTCခန့်တွင် ပျံတက်ကာ ခရီးသည် ၃၆ ဦး၊ အမှုထမ်းများနှင့်အတူ ရန်ကုန်မြို့မှ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ထိုင်း - မြန်မာနယ်စပ် အနီးတွင် တည်ရှိသည့် တာချီလိတ်မြို့သို့ ပျံသန်းနေသည်။ ခရီးသည် အများစုမှာ မြန်မာ့တပ်မတော်မှ အဖွဲ့ဝင်များဖြစ်ကြသည်။ ၎င်းသည် ၂ နာရီကြာသည့် ခရီးစဉ်ဖြစ်ပြီး 02:00 UTC ၌တာချီလိတ်လေဆိပ်တွင် ဆင်းသက်ရန် စီစဉ်ထားသည်။ သို့သော် လေယာဉ်သည် အချိန်ဇယားကို လွဲချော်ခဲ့ပြီး အာဏာပိုင်များက ပျောက်ဆုံးကြောင်း ကြေညာခဲ့သည်။[၂]

ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်[ပြင်ဆင်ရန်]

လေယာဉ်ရှာဖွေရေး လုပ်ငန်းတွင် မြန်မာအာဏာပိုင်များက ထိုင်းအာဏာပိုင်များနှင့် ဆက်သွယ်ခဲ့သည်။ ထိုင်းစစ်တပ် ဗိုလ်မှူးကြီးတစ်ဦးက လေယာဉ်ဝန်ထမ်းများသည် လေဆိပ်သို့ ဆင်းသက်စဉ် အမြင်ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် လေဆိပ်သို့ အနည်းဆုံး နှစ်ကြိမ် ဆက်သွယ်ခဲ့သည်ဟုပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်သည် မြန်မာနိုင်ငံရှိ ဟဲဟိုး လေဆိပ် သို့မဟုတ် ထိုင်းနိုင်ငံရှိ ချင်းမိုင် လေဆိပ်သို့ လမ်းကြောင်းပြောင်းနိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် လေဆိပ်နှစ်ခုလုံးမှ တာဝန်ရှိသူများသည် လေယာဉ်မှ မည်သည့် အချက်ပြသင်္ကေတမျှ မရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အလုပ်သမားများမှလည်း လေယာဉ်သည် ထိုင်းလေပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း နှင့် အော်ပရေတာများမှ အရေးပေါ်ဖုန်းခေါ်ဆိုခြင်းများ မရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။[၂]

ဩဂုတ်လ ၂၅ ရက်၊ မြန်မာနိုင်ငံမှ ဖော်ပြချက်အရ လေယာဉ်အမှတ် ၆၃၅ သည် လာအိုနိုင်ငံရှိ လေယာဉ်ကွင်းဟောင်းတစ်ခုတွင် လုံခြုံစွာဆင်းသက်ခဲ့သည် ဟုပြောကြားခဲ့သည်။ ခရီးသည်များနှင့် အမှုထမ်းများမှာ အဆင်ပြေကြောင်းနှင့် ၎င်းလေယာဉ်ဖြင့် နောက်တစ်နေ့တွင် ရန်ကုန်သို့ ပြန်လာနိုင်ကြောင်း ထပ်ပြောခဲ့သည်။[၂]

ဩဂုတ်လ ၂၇ ရက်၊ သို့သော် လွန်ခဲ့သော နှစ်ရက်က မြန်မာအာဏာပိုင်များမှ ပြောကြားသည့် လာအိုမြောက်ပိုင်းတွင် ဘေးကင်းစွာ ဆင်းသက်ခဲ့သည် ဆိုသည်ကို လာအို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ငြင်းဆိုခဲ့သည်။ မြန်မာနိုင်ငံမှ ရှာဖွေခြင်း ပြန်လည် လုပ်ဆောင်ခဲ့သည် ဟုဖော်ပြခဲ့သည်။ ထိုနေ့နှောင်းပိုင်းတွင် လာအို အစိုးရ၏သတင်းပေးချက်အရ လေယာဉ်သည် လာအိုမြောက်ပိုင်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ၏ကံကြမ္မာကိုမူ အသေးစိတ် မသိရှိရသေးကြောင်း မြန်မာအစိုးရမှ တရားဝင်ပြောကြားခဲ့သည်။ [၂]

ဩဂုတ်လ ၂၈၊ လာအိုနိုင်ငံ မြောက်ပိုင်းတွင် ပျက်ကျခဲ့သည်ဟူသော ကြေညာချက်ကို မြန်မာမှ ပြန်လည်ရုပ်သိမ်းခဲ့ပြီး၊ လေယာဉ်သည် မြန်မာပိုင်နက်အတွင်းတွင် ပျက်ကျခဲ့သည်ဟုဖော်ပြခဲ့သည်။ သစ်တောထူထပ်သော တောင်တန်းပေါ်တွင် အပျက်အဆီးများကို ဒေသစံတော်ချိန် မနက် ၂ နာရီတွင် ရှာဖွေရေးအဖွဲ့မှ တွေ့ရှိခဲ့သည်။ အလောင်း ၃၆လောင်းရှာတွေ့ဟု အစိုးရကကြေညာခဲ့သည်။ ကလေးငယ်သုံးဦးနှင့် လေယာဉ်အမှုထမ်း လေးဦး အပါအဝင် လိုက်ပါလာသူအားလုံးသည် ပျက်ကျမှုတွင် သေဆုံးခဲ့သည်။[၂]

အငြင်းပွားမှု[ပြင်ဆင်ရန်]

ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ လူအများအပြားသည် လေယာဉ်ပျက်ကျမှုမှ လွတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတွင် ဒေသခံရွာသားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ လေယာဉ်ပျက်ကျမှုမှ လွတ်မြောက်ခဲ့သည့် လူငါးဦး၏ ဖော်ပြချက်အရ ရွားသားများသည် နှိပ်စက်ခြင်း၊ အဓ္ဓမပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းတောင်မှ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။ အဆိုပါစာတမ်းတွင် လေယာဉ်မယ်နှင့် တက္ကသိုလ် ကျောင်းသူ တစ်ဦးမှာ အုပ်စုဖွဲ့ အဓ္ဓမပြုကျင့် ခံခဲ့ရကြောင်း၊ စစ်မှုထမ်းများထဲမှ အသက်ရှင် ကျန်ရစ်သူ အမျိုးသားများကို ရှမ်းတိုင်းရင်းသား ရွာသားများက နှိပ်စက်၊ ညှဉ်းပန်းခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိများနှင့် လေယာဉ်ပျက်ကျမှု နေရာမှ မျက်မြင်သက်သေများကို ကိုးကားဖော်ပြခဲ့သည်။ မွေးကင်းစ ကလေးငယ်သည် အစာငတ်ကာ သေဆုံးခဲ့သည်။ မြန်မာ အာဏာပိုင်များက ဖော်ပြသည်မှာ ထိုအဖြစ်အပျက်အတွက် အနည်းဆုံး ရှမ်းရွာသား ၁၄ ဦးအား မေးမြန်းစစ်ဆေးခဲ့ သည်ဟုပြောကြားခဲ့သည်။[၂]

ခရီးသည်များနှင့် အမှုထမ်းများ[ပြင်ဆင်ရန်]

အစိုးရ အရာရှိများက လေယာဉ်ပေါ်တွင် ခရီးသည် ၃၉ ဦး နှင့် လေယာဉ်အမှုထမ်းအဖွဲ့ဝင်များ ပါရှိသည်ဟု အစပိုင်းတွင် ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် မွေးကင်းစကလေး ၃ ဦးအပါအဝင် ခရီးသည် ၃၆ ဦး နှင့် ဝန်ထမ်းများဟု ပြန်လည်ပြင်ဆင်ခဲ့သည်။ အများစုမှာ မြန်မာစစ်တပ်မှ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်ကြသည်။ မြန်မာအာဏာပိုင်များက ပြောကြားရာတွင် လိုက်ပါကြသူ အားလုံးသည် မြန်မာမှ ဖြစ်ကြသည်။ ခရီးသည်အများစုမှာ တာချီလိတ် ရဲအရာရှိနှင့် တာချီလိတ်မှ အဆင့်မြင့် အရာရှိများ ပါဝင်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Aircraft accident Fokker F-27 Friendship 600 XY-AEN Tachilek။ 7 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2020 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ "Disaster Prevention and Management" (in en) (1999-12-01). Emerald Insight 8 (5): 58–74. doi:10.1108/dpm.1999.07308eac.008. ISSN 0965-3562.