မာတိကာသို့ ခုန်သွားရန်

မြန်မာ့ရိုးရာ ကိုယ်ခံ ပညာရပ်များ

ဝီကီပီးဒီးယား မှ
ဗန်တိုဆိုသည်မှာ လက်နက်မဲ့သူက လက်နက်ကိုင်ဆောင် ရန်မူလာသူကို ကျွမ်းပြန်အောင် ကိုင်ပစ်နည်း ဖြစ်သည်။
လက်နက်ချင်း ကိုင်ဆောင် ခုခံကာကွယ်သည့် ဗန်ရှည်အတတ်ပညာ

ဗန်တိုဗန်ရှည်

[ပြင်ဆင်ရန်]

မြန်မာ့သိုင်း ဟုခေါ်သောဗန်တိုဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်သည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓာတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ ၎င်းဗန်တိုဗန်ရှည်ပညာရပ်များကို အထူးလျှို့ဝက်သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်းသားရင်းများသာ လူမသိအောင် တိတ်တစိတ်သက်ကြားပေးလေ့ရှိသည်။ မြန်မာတို့၏ အမွေဖြစ်သော ဗန်တိုသိုင်းပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီစီင်္ (၄၅၅) ကတည်းကတည်ရှိခိုင်ခံနေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်။ သရေခေတ္တရာဗိဿနိုးဟန်လင်းပုဂံပင်းယအင်းဝ၊ ကုန်းဘောင်ခေတ်သမိုင်း တလျှောက် နိုင်ငံတော်ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။ လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ အမာဗန်တို၊ အပျော့ဗန်တိုနှစ်မျိုးခွဲကာ မြန်မာ့လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ်ရင်ဆိုင်သောနည်းကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအားအထိမခံဘဲ ရှောင်တိမ်းကာတုံ့ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။