မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်

ဝီကီပီးဒီးယား မှ

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်ဆိုသည်မှာ ပြီးခဲ့သော နှစ်တစ်နှစ်၏ ဖြစ်ပျက်ပုံ အကြောင်းအရာများကို စွယ်စုံကျမ်းအဖြစ် ရေးသားမှတ်တမ်းတင်ထားပြီး ကျမ်းပြုထားသော စာအုပ်ဖြစ်သည်။ စွယ်စုံကျမ်းနှစ်ချုပ်ဟုလည်း အတိုကောက် ခေါ်ဝေါ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း စာပေဗိမာန်မှ ထုတ်ဝေဖြန့်ချိသည်။ ၁၉၇၈-ခုနှစ်မှ စတင်၍ နှစ်စဉ်ထုတ်ဝေသည်။ နှစ်စဉ် ထွက်ရှိသည့် အတွက်ကြောင့် စာအုပ်တိုင်းတွင် ခုနှစ် ဖော်ပြထားသည်။ ဥပမာ- စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၀) ဟူ၍ဖြစ်သည်။