မာတိကာသို့ ခုန်သွားရန်

မြန်မာသတင်းဌာန

ဝီကီပီးဒီးယား မှ

မြန်မာသတင်းဌာန (အင်္ဂလိပ်: Myanmar News Agency) သည် မြန်မာနိုင်ငံ၏ အစိုးရ တရားဝင်ပြန်ကြားရေး သတင်းဌာန တစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် တည်ရှိသည်။ ထိုသတင်းဌာနကို တော်လှန်ရေးကောင်စီမှ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၁၉၆၃ ခုနှစ်တွင် News Agency Burma (NAB) အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။[][] ယခုအခါတွင် ထိုဌာနသည် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအောက်တွင် တည်ရှိသည်။[] မြန်မာသတင်းဌာနသည် အစိုးရ၏ ကျင်းပသော ပွဲများကို ဓာတ်ပုံရိုက်ယူခွင့်ရှိသည့် တခုတည်းသောမီဒီယာဖြစ်သည်။ ပြည်တွင်းမြန်မာသတင်းသမားတို့သည် မြန်မာသတင်းဌာနကို ၎င်းတို့၏ သတင်းများတွင် ဓာတ်ပုံများ ထည့်သွင်းခွင့်ရရှိရေးအတွက် အမှီထားနေရသည်။

ထိုသတင်းဌာနသည် ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် လည်ပတ်နေပြီး ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများကို ဆင်ဆာနှင့်ကိုက်ညီအောင် တည်းဖြတ်လေ့ရှိသည်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအောက်တွင် သတင်းစာသုံးစောင် ထုတ်ဝေပြီး လည်ပတ်နေသည်။[] ထို့ပြင် နိုင်ငံတကာသတင်းများအတွက် ရိုက်တာသတင်းဌာနနှင့် Press Trust of India ကိုအသုံးပြုပြီး[] နိုင်ငံတကာ သတင်းဌာနများနှင့် သတင်းဖလှယ်ရေးအတွက် ဆင်ဟွာ၊ ITAR-TASS၊ Yonhap၊ Kyodo၊ Tanjug၊ ANTARA၊ Khaosan Pathet Lao နှင့် Vietnam News Agency သတင်းဌာနတို့နှင့် သဘောတူညီချက် ချုပ်ဆိုထားသည်။[]

မှတ်စုများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  • Altbach, Philip (1992). Publishing and development in the Third World. H. Zell. ISBN 978-1-873836-40-8.
  • Ang, Peng & Ramanathan, Sankaran (2000). Communication in ASEAN. Asian Media Information and Communication Centre. ISBN 978-9971-905-79-8.
  • Gupta, Amita (2006). Concise Encyclopaedia Of India Vol. 3. Atlantic Publishers & Distributors. ISBN 978-81-269-0639-0.
  • Gunaratne, Shelton (2000). Handbook of the media in Asia. Sage Publications. ISBN 978-0-7619-9427-5.
  • Shrivastava, K (2007). News agencies from pigeon to internet. Sterling Publishers Pvt. Ltd. ISBN 978-1-932705-67-6.