မြန်မာပြည် စာအုပ်ဖြန့်ချိရေးဌာန

ဝီကီပီးဒီးယား မှ

မြန်မာပြည် စာအုပ်ဖြန့်ချိရေးဌာန သည် နဂါးနီ စာအုပ်တိုက်နှင့်အပြိုင် နိုင်ငံရေးစာအုပ်များ ထုတ်ဝေသည့် မြန်မာ ပုံနှိပ်တိုက် ဖြစ်သည်။ ဦးထွန်းအေး ထူထောင်သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

နဂါးနီ စာအုပ်အသင်း တစ်နှစ်နီးပါး ရှိလာသည့်အခါ ဘဏ္ဍာရေးအကြပ်အတည်း ဖြစ်လာသည်။ တိုက်ရှင်ဖြစ်သော ဦးနုနှင့် ဦးထွန်းအေးတို့က နည်းလမ်းရှာဖွေသော်လည်း သဘောထား မတိုက်ဆိုင်။ သို့ဖြစ်ရာ ဦးထွန်းအေးက ယခင်လုပ်ကိုင်နေသည့် ထွန်းအေး စာအုပ်ဖြန့်ချိရေးကို အမည်ပြောင်းကာ နဂါးနီနှင့် အပြိုင်လုပ်ရန် ကြိုးစားခြင်း ဖြစ်သည်။ [၁]

ပန်းဆိုးတန်း၌ တိုက်ဖွင့်သည်။ နဂါးနီဖွင့်စဉ်က "သူဌေးဝါဒ" နှင့် ဖွင့်သည့်နည်းတူ မြန်မာပြည် ဖွင့်သောအခါလည်း "ဓနရှင်လောက" ဖြင့် စခဲ့သည်။ ၁၉၃၉ ခု၊ စက်တင်ဘာလ ၅ ရက်တွင် စဖွင့်ပြီး ဒဂုန် သခင်တင်ရေးပေးသော သီချင်းဖြစ်သည်။ မောနင်းတင်တင် ဆိုကာ ဂီတာကို ကိုဖူးညို၊ တယောကို ကိုဘကိုး တီးပေးသည်။

စာရေးသူများမှာ နဂါးနီ၌ ရေးသူများပင် ဖြစ်သည်။

တိုက်ထုတ် စာအုပ်များ[ပြင်ဆင်ရန်]

ခေါင်းစဉ် ရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ဓနရှင်လောက သခင်ဗဟိန်း ၁၉၃၉
ဥရောပရှင်းတမ်း သာဒွန်း
နိုင်ငံရေးရှင်းတမ်း ဦးထွန်းသန်း
ဗမာ့တော်လှန်မှု သခင်စိုး အပိတ်ခံရ
စစ်သူလျှိုများ မြို့မ ဆရာဟိန်

ခင်မျိုးချစ်

နဂါးနက် သာဒွန်း အပိတ်ခံရ
ဖက်ဆစ်ဓားပြ ဘကလေး
ဂျပန့်ခြေလှမ်း သိန်းထိုက်
မာတာဟာရီ တက်တိုး
ဂျာမဏီအတွင်းရေး ဦးဘခိုင်
အလုပ်သမားလောက သခင်စိုး
စစ်နှောင်ကြိုး ခင်မျိုးချစ်
စစ်နှင့် ဘုံဝါဒ သခင်လှဖေ

ဦးဘခိုင်

ဒေါက်တာ မာဒင် ဦးကျော်တင့်
ဘုံအာဏာရှင် သခင်တင်မောင်
ကိုယ်တွေ့ အိန္ဒိယ ဦးထွန်းရှိန်
တကယ့်ခေါင်းဆောင် သံတွဲမောင်
စစ်ပြန် မြဒေါင်းညို
လိုတရ အဘိဓာန် သခင်နု

သခင်လှဖေ

ဂျာမဏီ သာဒွန်း
နပိုလီယံ တက်တိုး
လူ့မုန်တိုင်း တက်တိုး

ခင်မျိုးချစ်

ဆင်ဖိန်း သခင်လှဘော်
ရေနံ သခင်ဘသောင်း
မိန်းမ ဒေါ်မြစိန်
တိုင်းပြည့်ရန်သူ သခင်ဘသောင်း
မင်းတိုင်ပင် သိန်းဖေ
ကမ္ဘာ့စစ်နှင့် ဗမာ့နောင်ရေး သခင်ဗဟိန်း အပိတ်ခံရ

ကိုးကား[ပြင်ဆင်ရန်]

  1. မြင့်ဆွေဦး (၁၄ ဇွန် ၂၀၁၆) "နဂါးနီ စာအုပ်အင်းကြီးနှင့် ခေတ်ပြိုင်စာအုပ်တိုက်"။ ကြေးမုံ သတင်းစာ။