မြန်မာပြည်ကို ပြန်သွားခြင်း (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
မြန်မာပြည်ကို ပြန်သွားခြင်း (ရုပ်ရှင်)

မြန်မာပြည်ကို ပြန်သွားခြင်း(Return to Burma) ရုပ်ရှင်ဇာတ်ကားသည် မီဒီဇက်(Midi Zhao) အမည်ရှိ မြန်မာနိုင်ငံဖွား တရုတ်အမျိုးသားတစ်ဦးဖြစ်သူ ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။ တရုတ်အမျိုးသား ဒါရိုက်တာသည် မြန်မာနိုင်ငံတွင် မွေးဖွားပြီး အသက် ၁၆ နှစ်အရွယ်၌ ထိုင်ဝမ်နိုင်ငံကို ပညာသင်ကြားရန် ထွက်ခွာသွားခဲ့သည်။ သူ့၏ မြန်မာနာမည်မှာ သိင်္ခမင်းလွင် ဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ဖြစ်သည်။ ပန်းချီဒီဇိုင်းပညာနှင့် ရုပ်ရှင်ပညာရပ်တွေ လေ့လာပြီး ဇာတ်လမ်းတို ဇာတ်လမ်းရှည်တွေ ဖန်တီးရိုက်ကူးနေသူဖြစ်သည်။

ဖိုင်:111025190223 return to burma 226x283 midiz nocredit.jpg
ဒါရိုက်တာ မီဒီဇက်(ခ) သိင်္ခမင်းလွင်

မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်ရိုက်ကူးခဲ့သော ထိုဇာတ်ကားသည် နှစ်ပေါင်းများစွာ ခွဲခွာလာခဲ့တဲ့ မွေးဇာတိနိုင်ငံကို ပြန်သွားသော ရွှေ့ပြောင်း အလုပ်သမား လူငယ်တယောက် သူထင်ထားသလို တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ ထူးထူးခြားခြား မရှိတာကို တွေ့လိုက်ရတဲ့ အကြောင်း ဇာတ်လမ်းဖွဲ့ပြီး ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုဇာတ်ကား၏ ရိုက်ကွက် ၉ဝ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတွင်းမှာ ရိုက်ကူးခဲ့ခြင်း ဖြစ်သော်လည်း စစ်တပ်နှင့် ရဲများ၏ နှောင့်ယှက်မှုကို ရှောင်ရှားရန်အတွက် သိုသိုသိပ်သိပ်နှင့် နှစ်ပတ်အတွင်း အပြီးရိုက်ကူးခဲ့ရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပနေသည့်ပူဆန်း နိုင်ငံတကာရုပ်ရှင်ပွဲတော်၏ ၂ဝ၁၁-ခုနှစ်အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သော ရုပ်ရှင်ဇာတ်ကားများထဲမှ ဆန်ခါတင် ဇာတ်ကား (၁၃)ခုစာရင်းမှာ ပါဝင်နေသည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်ကြောင်းကို ပြင်သစ် ဒါရိုက်တာ လု-ဘဲင်ဆင် (Luc Besson) ရိုက်ကူးထားသော သူမ(The Lady) ရုပ်ရှင် ဇာတ်ကားလည်း တစ်ကားအပါအဝင် ဖြစ်ပေသည်။

ကိုးကား[ပြင်ဆင်ရန်]