ပူဆန်း နိုင်ငံတကာရုပ်ရှင်ပွဲတော်

ဝီကီပီးဒီးယား မှ

ပူဆန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မှာ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော အာရှတိုက်၏ အကြီးကျယ်ဆုံး ရုပ်ရှင်ပွဲတော်ဖြစ်ပြီး ထိုပွဲတော်တွင် နိုင်ငံပေါင်း (၇ဝ)မှ ရုပ်ရှင်ကားများ ပြသခဲ့ပြီး ရွေးချယ်ခြင်းဖြစ်သည်။ တစ်နှစ်အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သော ဇာတ်ကားများထဲမှ အကောင်းဆုံးကားများကို ရွေးချယ်ပြီး (New Currents) ရေစီးကြာင်းသစ် အမည်ရှိဆုကို ချီးမြှင့်သည်။

၂ဝ၁၁-ခုနှစ် အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သော ဇာတ်ကားများထဲတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်ကြောင်းကို ပြင်သစ် ဒါရိုက်တာ လု-ဘဲင်ဆင် (Luc Besson) ရိုက်ကူးထားသော သူမ(The Lady) ရုပ်ရှင်ဇာတ်ကားနှင့် တရုတ်အမျိုးသား ဒါရိုက်တာ “မီဒီကျောက် (Midi Zhao) ရိုက်ကူးထားသော မြန်မာပြည်ကို ပြန်သွားခြင်း(Return to Burma) ရုပ်ရှင်ဇာတ်ကားတို့ ပါဝင်ပေသည်။