မြန်မာနိုင်ငံ ပညာရေး

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ ပညာရေး ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်းရှိ သင်ကြားနေသော ပညာရေး စနစ်အကြောင်း ဖြစ်သည်။ မြန်မာနိုင်ငံ ပညာရေးကို အဓိကအားဖြင့် အစိုးရအဖွဲ့အတွင်းရှိ ပညာရေး ဝန်ကြီးဌာနမှ ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံ ပညာရေးတွင် အဓိကအားဖြင့် အခြေခံပညာနှင့် အဆင့်မြင့်ပညာဟူ၍ ဌာနကြီး (၂) ခုရှိသည်။

အခြေခံပညာ ဦးစီးဌာန[ပြင်ဆင်ရန်]

အခြေခံပညာတွင် ဦးစီးဌာန (၃) ခုရှိသည်။

  1. အောက်မြန်မာပြည် ကျောင်းများအတွက် အမှတ် (၁) အခြေခံပညာ ဦးစီးဌာန
  2. အထက်မြန်မာပြည် ကျောင်းများအတွက် အမှတ် (၂) အခြေခံပညာ ဦးစီးဌာနနှင့်
  3. ရန်ကုန်တိုင်းရှိ ကျောင်းများအတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနတို့ ဖြစ်သည်။

အဆင့်မြင့်ပညာ ဦးစီးဌာန[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ ဦးစီးဌာနတွင်

  1. အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) နှင့်
  2. အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) တို့ဖြင့် ဖွဲ့စည်းထားသည်။