မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (အင်္ဂလိပ်: Myanmar Maternal and Child Welfare Association) သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝအဆင့်အတန်း မြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။ အမျိုးသမီးများ၊ မိခင်များနှင့် ကလေးများအတွက် စောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ်လျက် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကို နိုင်ငံတော် အစိုးရမှ စေတနာ့ဝန်ထမ်းလူမှုရေး အဖွဲ့အစည်း တစ်ခုအဖြစ် ၁၉၉၁ ခုနှစ် ဧပြီလ(၃ဝ)ရက်နေ့တွင် ဥပဒေအမှတ်(၂၁/၉ဝ) အရ ဖွဲ့စည်းပေးခဲ့သည်။

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကို ဗဟိုကောင်စီဝင်(၃၅)ဦးဖြင့် ဖွဲ့စည်းပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ (၅-၇-၂ဝ၁၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၉/၂ဝ၁၃)အရ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၁၅)ဦးအား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ လူမျိုး/ဘာသာ၊ ကျား/မ မရွေး မိမိသဘောဆန္ဒအလျောက် အသင်းဝင်ခွင့် လျှောက်ထားနိုင်သည်။

မြို့နယ်အသင်းနှင့် အသင်းခွဲများ ဖွဲ့စည်းနိုင်မှု အခြေအနေ[ပြင်ဆင်ရန်]

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ မြို့နယ် အသင်းပေါင်း (၃၃ဝ)သင်း၊ အသင်းခွဲပေါင်း (၂၂ဝ၆၃)နှင့် အသင်းဝင်အင်အား စုစုပေါင်း (၁၂၂ဝ၉၂၄၇) ဦးဖြင့် ဖွဲ့စည်းထားသည်။

ယုံကြည်ချက်စာတမ်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် လူမှုရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စောင့်ရှောက်မှုပေးခြင်းဖြင့် မိသားစု၏ ဘဝအဆင့်အတန်း မြင့်မားလာစေရေးကို အထောက်အကူ ပြုရန်ဖြစ်သည်။

အသင်း၏ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိခင်နှင့်ကလေးများ၊ မိသားစုများ၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းတစ်ခုကိုဖွဲ့စည်းရန်၊ တစ်နိုင်ငံလုံးတွင်ဖွဲ့စည်းထားရှိသော မြို့နယ်အသင်းများနှင့် အသင်းခွဲ များအား မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်ရေး အခြေခံပညာရပ်များကို စည်းရုံးဖြန့်ဖြူးပေးရန်၊
  • တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားရှိသော မြို့နယ်အသင်းများနှင့် အသင်းခွဲများအား ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အထောက်အပံ့များ၊ အကူအညီများပေးရန်၊
  • မိသားစုများအား လိုအပ်သည့်အခါ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အထောက်အပံ့များ၊ အကူအညီများပေးရန်၊
  • မြို့နယ်အသင်းများနှင့် အသင်းခွဲများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ ချောမော အဆင်ပြေစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်၊
  • မိခင်၊ ကလေးစောင့်ရှောက်ရေးလုပ်ငန်းများနှင့် မိသားစုစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

အသင်းမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ[ပြင်ဆင်ရန်]

  1. (က) ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်း
  2. (ခ ) ပညာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်း
  3. (ဂ) စီးပွားရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်း
  4. (ဃ) လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်း
  5. (င) ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
  6. (စ) နှစ်စဉ်ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း


[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နှစ်ပတ်လည်အစီရင်ခံစာ
  2. မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း လက်ကမ်းစာစောင်