မာတိကာသို့ ခုန်သွားရန်

တက္ကသိုလ် မြတ်စိုး

ဝီကီပီးဒီးယား မှ
(မြတ်စိုး၊ တက္ကသိုလ် မှ ပြန်ညွှန်းထားသည်)
အလင်္ကာကျော်စွာ
တက္ကသိုလ် မြတ်စိုး
မွေးဖွားမြင့်ကြည်
(၁၉၃၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၂)နိုဝင်ဘာ ၁၂၊ ၁၉၃၁
ပြည်မြို့
ကွယ်လွန်ဩဂုတ် ၂၃၊ ၂၀၂၄(၂၀၂၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-၂၃) (အသက် ၉၂)
ရန်ကုန်
နိုင်ငံလူမျိုး မြန်မာ
လူမျိုးဗမာ
ပညာရေးမဟာဝိဇ္ဇာဘွဲ့ (မြန်မာစာ)
အလုပ်အကိုင်စာရေးဆရာ၊ကျောင်းဆရာ၊ဂီတပညာရှင်
ကျော်ကြားမှုအရင်းခံမြန်မာစာပေ၊ မြန်မာဂီတနှင့် မြန်မာမှုဆိုင်ရာပညာရှင်
မိဘ(များ)အငြိမ်းစား တိုင်းပညာဝန် ဦးဘိုးချစ် + ဒေါ်သန်း

တက္ကသိုလ် မြတ်စိုး (၁၂ နိုဝင်ဘာ ၁၉၃၁-၂၃ သြဂုတ် ၂၀၂၄) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ တက္ကသိုလ်ဆရာ၊ သီချင်းရေးဆရာတစ်ဦးဖြစ်ကာ မြန်မာစာအဖွဲ့တွင် စာတည်းမှူးချုပ် နှင့် ညွှန်ကြားရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

တက္ကသိုလ် မြတ်စိုးသည် အဖ ဦးဘိုးချစ် (အငြိမ်းစား တိုင်းပညာဝန်)၊ မိခင် ဒေါ်သန်းတို့မှ ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြည်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးမြင့်ကြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ် ဥပစာတန်းအား ၁၉၅၀ ပြည့်နှစ်တွင် အောင်မြင်သည်။၁၉၅၃ ခုနှစ်တွင် မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်း အောင်ကာ ၁၉၆၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိသည်။

ထမ်းဆောင်ခဲ့သောတာဝန်များ

[ပြင်ဆင်ရန်]
  • ၁၉၅၃ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသို့ စတင်ဝင်ရောက်၍ နည်းပြအဖြစ်တာဝန်ထမ်း၊
  • ၁၉၅၄ ခုနှစ် တွင် မော်လမြိုင်ဥပစာကောလိပ်၊
  • ၁၉၅၅ မှ ၁၉၅၇ ခုနှစ် အထိ ဗထူးစစ်တက္ကသိုလ်၊
  • ၁၉၅၇ မှ ၁၉၆၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် တွင် လက်ထောက်ကထိက၊
  • ၁၉၆၅ ခုနှစ် ရန်ကုန်တက္ကသိုလ် တွင် ကထိက နှင့် ရန်ကုန်တက္ကသိုလ် မြန်မာစာအသင်း ပထမဥက္ကဋ္ဌ
  • ၁၉၆၄ မှ ၁၉၈၂ ခုနှစ်အထိ ပုသိမ်ကောလိပ်၊ ရန်ကုန်တက္ကသိုလ် နှင့် မော်လမြိုင်ကောလိပ် (ထိုကာလအတွင်း ရန်ကုန်တက္ကသိုလ် ကထိကဌာနမှူး(၁၉၇၄-၁၉၇၈)
  • ၁၉၈၂ မှ ၁၉၉၂ ခုနှစ် အထိ မြန်မာစာအဖွဲ့ စာတည်းမှူးချုပ် နှင့် ညွန်ကြားရေးမှူး တာဝန်ယူကာ အငြိမ်းစားယူ။
  • ၁၉၉၅ ခုနှစ် မှ စပြီး မကွယ်လွန်မီ အထိ ကျွမ်းကျင်ပညာရှင် အဖြစ် မြန်မာစာအဖွဲ့ တွင် ပါဝင်ခဲ့သည့်အပြင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

စာပေနှင့်ဂီတနယ်ပယ်

[ပြင်ဆင်ရန်]

တက္ကသိုလ်မရောက်မီ စစ်ပြီးစ ဂျာနယ်၊ စာစောင်အချို့တွင် မောင်သာယာ အမည်ဖြင့် စတင်ကလောင်သွေးခဲ့သည်။ တက္ကသိုလ်ရောက်ပြီးနောက် တက္ကသိုလ် မြတ်စိုး အမည်ဖြင့်လည်းကောင်း၊ အမည်ရင်းဖြင့်လည်းကောင်း ချိုတေးသံ၊ ဂီတ ပဒေသာ၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ ယဉ်ကျေးမှု စသည့်မဂ္ဂဇင်းများတွင် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ ရသစာတမ်းများ ရေးသားခဲ့သည်။အောင်စွာ ကလောင်ဖြင့် ကဗျာ များ လည်းရေးခဲ့သည်။သူသည် စာပေနှင့်ယှဉ်လျက် ဂီတကို ဝါသနာအလျောက် လေ့လာခဲ့သည်။၁၉၅၂ ခုနှစ် မှစ၍ စန္ဒရားနီနီ အပျော်တမ်းတူရိယာအဖွဲ့အတွက် သီချင်းများကို ပင်တိုင် ရေးသားခဲ့ရာ သံလွင်ဦး၊ သပြေညို၊ မိုးနဲ့စစ်သား၊ မေတ္တာကန်မွန်၊ အသည်းလမ်းကလေးမှာ လျှောက်လာပါ၊ ကြင်စဦး စသည့်သီချင်းများမှာ လူသိများခဲ့ သည်။သုတေသနစာတမ်းများအဖြစ် ကုန်းဘောင်ခေတ် မဟာဂီတ(၁၉၆၈)၊ မြန်မာဂီတ ၁၉၂၀-၇၀(၁၉၇၀)၊ မြန်မာဂီတကို နိုင်ငံခြားဂီတ ထိုးဖောက်ဝင်ရောက်လာပုံ (၁၉၇၃)၊ Three Yodaya Songs Representing Thai Element In Myanmar Classical Music(၁၉၉၆) တို့ကို ဖတ်ကြားခဲ့သည်။ထို့အပြင် မြန်မာစာညွန့်ပေါင်းကျမ်း (ပ၊ ဒု) (၁၉၉၂)၊ မြန်မာ့နိုင်ငံရေး စနစ်ပြောင်းကာလ ၁၉၆၂-၁၉၇၄ (ပ၊ ဒု၊ တ) (၁၉၉၃)၊ သဗ္ဗဂီတက္ကမ ပကာသနီကျမ်း (၁၉၉၃)၊ ဦးဂုဏ်ဘဏ်၏ မြန်မာ့ဂီတ အခြေခံ အတွဲ (၁၊ ၂) (၁၉၉၉-၂၀ဝ၁)၊ တေးရေး ပညာရှင်ကြီးများ၏ ခေတ်ဟောင်း တေးသီချင်းများ (အတွဲ ၁ မှ ၈) (၁၉၉၅-၂၀ဝ၆) တို့ကို တည်းဖြတ်ခဲ့သည်။ နိုင်ငံတော်မူ မဟာဂီတ (၂၀ဝ၅ ပုံနှိပ်မူ) ကိုလည်း ဦးဆောင်တည်းဖြတ်ခဲ့သည်။[]

ဂုဏ်ပြုမှုနှင့် ဆုတံဆိပ်များ

[ပြင်ဆင်ရန်]

မဟာဝိဇ္ဇာဘွဲ့ အတွက်ပြုစုတင်သွင်းခဲ့သော မြန်မာ့တေးဂီတ အနုစာပေသမိုင်း စာအုပ် အား ၂၀၀၁ ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ ထိုစာအုပ်ဖြင့် ၂၀၀၂ ခုနှစ် အတွက် အမျိုးသား စာပေဆု ရရှိခဲ့သည်။၂၀၀၄ ခုနှစ် တွင် နိုင်ငံတော်က ဝိဇ္ဇာပညာ ထူးချွန်ဆု (ဒုတိယအဆင့်) ဆု၊ ၂၀၁၂ ခုနှစ်တွင် စာပေနှင့် ဂီတ၊ ဂီတနှင့်စာပေ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆု နှင့် ၂၀၁၃ ခုနှစ် တွင် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ အပ်နှင်းသည်။[](၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် နိုင်ငံတော်က အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်အပ်နှင်းသည်။[]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

သူသည် ၂၀၂၄ ခုနှစ် သြဂုတ် လ ၂၃ ရက် တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာစာပေ၊ မြန်မာဂီတနှင့် မြန်မာမှုဆိုင်ရာပညာရှင် ဆရာကြီး ဉီးမြင့်ကြည်(တက္ကသိုလ်မြတ်စိုး)Myanmar Digital News (၃၁ အောက်တိုဘာ ၂၀၂၁)။ ၂၄ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. စာပေဗိမာန်မှ ထုတ်ဝေသည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆု လက်ကမ်းစာအုပ်မှ
  3. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်CINCDS Myanmar (၁၃ ဇန်နဝါရီ ၂၀၂၃)။ ၂၄ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။