မြင်းပြည်ကျော်ဘွဲ့ သံချို

ဝီကီပီးဒီးယား မှ

မြင်းပြည်ကျော်ဘွဲ့ သံချို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

မြင်းပြည်ကျော်ဘွဲ့ သံချို[ပြင်ဆင်ရန်]

ရှုမဆုံးနိုင်ဘု၊ တုနှုန်းလွန်အုန်းခွံမြင်းငဲ့မှာ၊ ဂုဏ်ချင်းကွာ မယှဉ်အပ်သော်ကြောင့်၊ ချဉ်းကပ်ဖို့စံမမီ။

ကို်ယ်ခန္ဓာပြောင်ပြောင်နှင့်၊ အဝါရောင်နံ့သာမွှန်းလေသို့၊ ဦးစွန်းရှည်ဆံပင်နက်ပုံက၊ မင်ခွက်မှာစိမ်၍နှစ်သည့်နှယ်၊ လက်ဆစ်ညို လည်ဆံမဲငယ်နှင့်၊ စီးပြန်လျှင် မြီးဆံကနွှဲပါလို့၊ ပျံဝဲမလိုငှက်ခိုကော့ငယ်သို့၊ ခေါင်းမော့လည်ချီ။

ခြင်္သေ့တွင် ရှေ့ရင်ဝငယ်နှင့်၊ တင်ကကျယ် နောက်ပေါင်ကြုံ့ပါလို့၊ နေမှုန်လျှင် ရွှေယုန်တွန့်သလိုပ၊ ရွေးမုံမြို့ အောင်ဌာနီ၊ စာမရီတသင်း။

တိုင်းပြည်ကျော် ဝေလာဟကပေမို့၊ မြင်ကြသူဗိုလ်ထုအများငယ်တို့၊ ရှုစားကာ မြင်ချင်ရက်ဟာမို့၊ ရမက်ကို ဘယ်ခါပြေပ၊ နံနက်ခြေ ညနေချမ်းမှာတော့၊ ပြလမ်းရှည်မြေညီညွတရာသို့၊ သိန္ဓခေါ် ကြိမ်ဆော်လို့ လွှတ်လိုက်လျှင်၊ စိန်ခွာသံ တိမ်အဇဋာယံညွှတ်မလိုပကွယ်၊ ဦးပြွတ်ကဲ့မြင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ဤကဗျာတွင် တတိယပိုဒ်သည် ကာရန်များယွင်းနေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။