မြင့်မောင် (စောင်း)

ဝီကီပီးဒီးယား မှ

အင်းလေးမြင့်မောင် (၃ ဇူလိုင် ၁၉၃၇-၅ စက်တင်ဘာ ၂၀၀၁) သည် မြန်မာ စောင်းပညာရှင် တစ်ဦးဖြစ်သည်။ ဦးမြင့်အောင်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေး ဟဲယာရွာမတွင် မွေးဖွားခဲ့သည်။ လေးဖြူအငဲတို့၏ ဦးလေးအရင်းတော်စပ်သူဖြစ်သည်။ မိဘများမှ ကုန်သည်ကြီး ဦးချိန်နှင့် ဒေါ်ဇင်တို့ဖြစ်ပြီး ဦးမြင့်အောင်အား ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။

ငယ်စဉ်ကပင် ဂီတကို ဝါသနာထုံခဲ့ပြီး ဆရာအဖေက ပတ္တားတီး၊ တယောထိုးတတ်ကြီး အဒေါ်များက သီချင်းဆိုကြသူများဖြစ်သလို အဘိုး၊ အဘွားများကလည်း အားပေးခဲ့သည်။ ဖခင်ဖြစ်သူသည် ဦးမြင့်အောင်ငယ်စဉ်ကပင် ရင်ခွင်ထဲမှာထားပြီး ခုနှစ်လုံးမောင်း အတီးသင်ပေးခဲ့သည်။ အင်းလေး ဘုန်းကြီးကျောင်း၌ပင် ပညာကို စတင်သင်ကြားခဲ့သည်။ ခုနှစ်လုံးမောင်းအတီးပြီးလျှင် ပတ္တလားအတီးသင်ပြန်သည်။ စန္ဒရားမတောက်တခေါက် တီးပြီး မယ်ဒလင်ကို ကြိုးငါးကြိုးရှိစဉ်ကတည်းက တီးခဲ့ပြီးလျှင် ဂစ်တာအတီးလည်း သင်ပြန်သေးသည်။ ဒုံမင်းတီးသည်။

အတန်းပညာများကို အင်းလေး၊ တောင်ကြီး၊ ညောင်ရွှေမြို့များ၌ သင်ခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် ညောင်ရွှေ အ-ထ-က မှ အဋ္ဌမတန်းအောင်မြင်ခဲ့သည်။ ၁၉၅၆ ဇွန်လမှာပင် မန္တလေးပန်တျာကျောင်း၌ စောင်းပညာသင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် သင်တန်းဆင်းခဲ့သည်။ ၁၅၇၉ မှ ၁၉၆၂ ထိ တောင်ကြီးမြို့တွင် "ဂီတပန်တျာ" ကိုယ်ပိုင်ကျောင်း ဖွင့်ခဲ့ပြီး ၁၉၆၂-၆၃ မှာ တောင်ဥက္ကလာပမြို့၌ အလင်္ကာကျော်စွာ ဦးဘသန်းတည်ထောင်ခဲ့သည် ဂီတအမြန်သင်တန်းကျောင်းတွင် လက်ထောက်ဆရာလုပ်ခဲ့သည်။ သင်တန်းသားများကို အနောက်တိုင်း ဂီတသင်္ကေတများ ပို့ချပေးခဲ့သည်။ ၁၉၆၄ မန္တလေးမြို့ ဆရာအအတတ်သင်ဂီတ ကထိက အငြိမ်းစားဆရာကြီး ဦးဘသင်၏ မဟာဂီတတက္ကသိုလ်တွင် ဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တောင်ကြီးမြို့တွင် ကိုယ်ပိုင်ကျောင်း တည်ထောင်ကာ အနောက်တိုင်း သင်္ကေတပို့ချခဲ့ပြီးနောက် မန္တလေးပန်တျာကျောင်းတွင် စောင်းနည်းပြအဖြစ် သင်နေခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၂၀ တပို့တွဲလ ၁၂ ရက်နေ့တွင် ဆရာမ ဒေါ်ခင်မေ(စောင်း)နှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦး၊ သမီးလေးဦး ထွန်းကားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဆရာသည် မဟာဂီတ သီချင်းကြီး အပုဒ်သုံးရာကျော်ကို ကမ္ဘာ့သုံး ဂီတသင်္ကေတ (အင်တာနေရှင်နယ်နုတ်) ထုတ်ပြီး အားလုံးကို နိုင်ငံတော်သို့ လှူဒါန်းခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။

ဆရာ ထိုသို့ကျွမ်းကျင်နိုင်နင်းစွာ ရေးသားနိုင်ရန် သင်ကြားပေးခဲ့ကြသော ဆရာများ ဒေဝဣမောင်မောင်ကြီး၏ တပည့် စောင်းဆရာမကြီး ဒေါ်ခင်မေ၊ အလင်္ကာကျော်စွာ စောင်းဦးဘသန်း၊ ဆရာထူး၊ ဆရာဦးအုန်းမောင်၊ ဒေါ်လှကလေးစိန်န၊ ဆရာဦးကျော်ဒင်(သင်္ကေတ)၊ ဆရာဦးချစ်ထွေး(ကြိုးတပ်)၊ အလင်္ကာကျော်စွာ ဦးဘကလေး၊ ဦးစိန်လှမောင် တို့ဖြစ်ကြသည်။

ဆရာ၏ အောင်မြင်သော နိုင်ငံခြားခရီးစဉ်အချို့မှာ ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်အစိုးရ ယဉ်ကျေးမှု အေဂျင်စီနှင့် NHK ဂျပန်အသံလွှင့်ကော်ပိုရေးရှင်းတို့ ပူးတွဲကျင်းပသည့် ဂျပန်အစိုးရ အနုပညာပွဲတော် အထိမ်းအမှတ်နှင့် NHK အသံလွှင့် လုပ်ငန်း အနှစ် ၅၀ ရွှေရတုသဘင်ပွဲသို့ ယဉ်ကျေးမှု ကဇာတ်ဌာနနှင့် လိုက်ပါပြီး စောင်းတီးဖြေဖျော်ခဲ့သည်။ ၁၉၇၈ ခုနှစ် နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၁၀ ရက်ထိ ဂျပန်နှင့် ကျင်းပသော ဒုတိယအကြိမ် အာရှရိုးရာဂီတ နှီးနှောဖလှယ်ပွဲ ATPA သို့ တတ်ရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအထိ တရုတ်ပြည့်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား ဒီမိုကရက်တစ်နိုင်ငံများသို့ ယဉ်ကျေးမှုအဖွဲ့နှင့် လိုက်ပါဖျော်ဖြေခဲ့သည်။ ၁၉၈၇ ဇူလိုင် ၁၄ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ဘီဘီစီ အသံလွှင့်ဌာနမှာ စောင်းလက်သံ မိနစ် ၃၀ စာတဂွင်နှင့် တီဗွီ ရိုက်ကူးရန် Music of Royal အဖွဲ့မှ ဖိတ်ကြားခံခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]