မော်မော်

ဝီကီပီးဒီးယား မှ

ဒေါ်မော်မော်
နော်ဝေနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဇူလိုင် ၂၀၁၅
ယခင်လူကိုယ်တိုင်
မဟာဗျူဟာလေ့လာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်
နိုင်ငံခြားရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၀၁၅ – ၂၀၁၅
လေ့ကျင့်ရေး၊သုတေသန နှင့် နိုင်ငံခြားဘာသာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်
နိုင်ငံခြားရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၀၁၄ – ၂၀၁၅
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1962-02-01) ဖေဖော်ဝါရီ ၁၊ ၁၉၆၂ (အသက် ၆၂)
လူမျိုးမြန်မာ
အလုပ်အကိုင်သံတမန်
ဆုတံဆိပ်များဝဏ္ဏကျော်ထင်

ဒေါ်မော်မော် (၁၉၆၂ ဖွား) သည် ၁၉၄၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ၏ပထမဦးဆုံးသော အမျိုးသမီးသံအမတ်ကြီး ဒေါ်ခင်ကြည် ပြီးလျှင် တတိယမြောက်ခန့်အပ်ခံရသော အမျိုးသမီး သံအမတ်ကြီး ဖြစ်သည်။ လက်ရှိတွင် နော်ဝေနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

သူမကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်မြို့ ၌ မွေးဖွားသည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှ ၁၉၇၈ ခုနှစ် တွင် ဆယ်တန်း အောင်မြင်ခဲ့သည်။ယင်းနောက် ရန်ကုန်တက္ကသိုလ် သို့ တက်ရောက်သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

သူမသည် တက္ကသိုလ်ဘွဲ့ရရှိပြီးနောက် ၁၉၈၃ ခုနှစ် ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ အလုပ်ဝင်သည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၂၃ ခုနှစ် ဧပြီ လထဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လေ့ကျင့်ရေး၊သုတေသန နှင့် နိုင်ငံခြားဘာသာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့်ခံရသည်။ထိုရာထူး၏ အတည်ပြုခန့်ထားချက်ကို ၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက် တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ရရှိခဲ့ကာ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။[၁] ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ မဟာဗျူဟာလေ့လာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၁၅ ခုနှစ် ထဲ ပြောင်းရွှေ့တာဝန်ထမ်းသည်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၁ရက် တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က သူမအား နော်ဝေနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ပေးသည်။[၂] သူမသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီး သံအမတ်ကြီး ဒေါ်ခင်ကြည်၊ဒုတိယမြောက် သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့် ပြီးလျှင် တတိယမြောက်ခန့်အပ်ခံရသည့် သံအမတ်ကြီး တစ်ဦးဖြစ်လာသည်။[၃]

ထင်ရှားဖြစ်ရပ်[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်း အပေါ် မဖြစ်သင့်ကြောင်း လူသိထင်ရှား ဝေဖန်ခဲ့သူဖြစ်သည်။[၄] သို့သော်လည်း ဆန့်ကျင်ခြင်း မရှိခဲ့၍ နော်ဝေရောက် မြန်မာများ ၏ ဝေဖန်ခြင်းကို ခံရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန က အမိန့်ကြော်ငြာစာအမှတ် ၇၄၁/၂၀၂၁ ဖြင့် သူမ၏ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄)လအား ငြင်းပယ်ပြီး သံအမတ်ကြီးရာထူး တွင် ဆက်လက်ခန့်ထားသည်။[၅] ယင်းအပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန က အမိန့်ကြော်ငြာစာအမှတ် ၀၀၁/၂၀၂၄ ဖြင့် အသက်၆၂ နှစ် သက်ပြည့်ပင်စင်မပေးဘဲ နော်ဝေသံအမတ်ကြီး အဖြစ်နှင့် ပထမတစ်ကြိမ် တစ်နှစ်ဆက်လက် ခန့်ထားသည်။[၆]

ရရှိသောဘွဲ့[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သူ့အား ၂၀၂၂ ခုနှစ် နိုဝင်လာ ၁၇ ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၇]


ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၂၄ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများပြောင်းရွှေ့ခန့်ထားခြင်း၊ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအတည်ပြုခန့်ထားခြင်းနှင့်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများခန့်ထားခြင်း၂၃ မေ ၂၀၁၄ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၂၄ ဧပြီ ၂၀၁၄)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. နော်ဝေနိုင်ငံ သံအမတ်ကြီးအဖြစ် ဒေါ်မော်မော် အား ခန့်အပ်မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၁၁) (၁ ဇူလိုင် ၂၀၁၅)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ သံအမတ်ဖြစ်ဖို့ အခွင့်အလမ်း ရှိလာပြီလို့ သံအမတ်ကြီးအသစ် ဒေါ်ကေသီစိုး ပြောBBC Burmese (၂၁ ဇွန် ၂၀၁၉)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. Myanmar’s ambassador to Norway: ‘The military should never have seized power’Panorama nyheter (9 March 2021)။ 23 Feb 2024 တွင် ပြန်စစ်ပြီး။
  5. နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၇၄၁/၂၀၂၁မြန်မာနိုင်ငံတော်ပြန်တမ်း (၁ စက်တင်ဘာ ၂၀၂၁)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၀၀၁/၂၀၂၄၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၆) ပြန်တမ်းစာစောင် (၁ ဇန်နဝါရီ ၂၀၂၄)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။