မောင်လှ

ဝီကီပီးဒီးယား မှ

မောင်လှသည် ဘလော့ဂ်ကာ တစ်ဦးဖြစ်သည်။ မောင်လှ၏ အမည်အရင်းမှာ ထင်လင်းအေး ဖြစ်ကာ Htin Linn Aye ဆိုသော အင်္ဂလိပ်အမည်စာလုံးပေါင်းမှ HLA ဆိုသောရှေ့ဆုံးစာလုံးသုံးခုကိုယူကာ မောင်လှဆိုသော Nick Name အဖြစ် မွေးဖွားလာခြင်းဖြစ်သည်။ မောင်လှသည် ညီလင်းဆက် နှင့် မရှေးမနှောင်းပင် ဘလော့ရေးသားခဲ့သူဖြစ်ပြီး ၎င်း၏ ဘလော့ရေးနည်း သင်ကြားမှုများနှင့် ဘလော့ဂါအစည်းအရုံးတွင် ပါဝင်ကူညီပေးမှုများကြောင့် မန္တလေးမြို့မှ ဘလော့ဂါများ၏ လေးစားမှုကို ခံယူရသူတစ်ဦးလည်း ဖြစ်သည်။

မောင်လှသည် အိုင်တီပညာရှင် တစ်ဦးအဖြစ် ရပ်တည်လျှက် လက်ရှိ မန္တလေးမြို့တွင် မိသားစုနှင့် အတူနေထိုင်လျက် ရှိသည်။ မောင်လှသည် ဓာတ်ပုံပညာကို အလွန်ဝါသနာပါသူဖြစ်သည်။

မောင်လှသည် မြန်မာဘလော့ လောကအစ အသုံးပြုခဲ့သူများထဲတွင် ရှားရှားပါးပါး တစ်ဦးအပါအဝင်ဖြစ်ပြီး မြန်မာ့ရှေးဦးဘလော့ဂါ တစ်ဦးလည်း ဖြစ်သည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]