ညီလင်းဆက်

ဝီကီပီးဒီးယား မှ

ညီလင်းဆက် (Nyi Lynn Seck) မှာ အမည်ရင်း ဖြစ်ပြီး ၁၉၈၀ ခုနှစ်တွင် မွေးဖွားသည်။ ၁၉၉၇-ခုနှစ်တွင် ဒဿမတန်းအောင်မြင်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)နှင့် ရေကြောင်းပညာသိပ္ပံများတွင် တက်ရောက် ပညာသင်ခဲ့ဖူးသည်။

မြန်မာ blog ခေတ်ဦးတွင် စတင်ပါဝင်ခဲ့သော မြန်မာ blogger တစ်ဦးဖြစ်ပြီး ၂၀၀၅-ခုနှစ် မတ်လကတည်းက စရေးသားခဲ့သည်။ သူ၏ blog တွင် စာပေပညာ၊ ဓာတ်ပုံပညာ၊ Graphic Design အကြောင်းများ၊ နည်းပညာ အကြောင်းများကို ဦးစားပေးရေးဖွဲ့သော စာစုများကို တွေ့ရှိနိုင်သည်။ blog စာရေးမည့်သူများအတွက် အထောက်အကူ ဖြစ်စေမည့် စာစုများကို ရေးသားခဲ့သည်။ သူရေးသားခဲ့သော မြန်မာဘလော့ဂ်ပြုလုပ်ပုံ စာအုပ်၊ မြန်မာဘလော့ဂ်ပြုလုပ်ခြင်းစာအုပ်များမှာ blog စတင်ပြုလုပ်မည့် သူများအတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ မြန်မာ blog စိတ်ဝင်စားသူများ အတွက် မြန်မာ blog များ၏ address များကို စုစည်းပေးထားသော မြန်မာဘလော့လမ်းညွှန် ဘလော့တစ်ခုကိုလည်း တည်ဆောက်ထားသည်။

ညီလင်းဆက်သည် ခေတ်မှီနည်းပညာများအပြင် ဗေဒင်ပညာကဲ့သို့သော ဝိဇ္ဇာပညာရပ်များကိုပါ လေ့လာတတ်ကျွမ်းသည်။

ညီလင်းဆက်သည် မြန်မာ blogger များထဲ လူသိများ ထင်ကြားသူဖြစ်ပြီး လူချစ်လူခင်များသလို သူ၏အရေးအသားများ အချို့ကြောင့် အခြားသူများ၏ တိုက်ခိုက်ရေးသားခြင်းများကို ခံခဲ့ရဖူးသည်။


နာဂစ်မုန်တိုင်းအပြီးတွင် မုန်တိုင်းဒဏ် ခံရသော ဒေသများသို့ ဝါသနာတူ သူငယ်ချင်းများနှင့်အတူ ကူညီကယ်ဆယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ယင်းအဖွဲ့အမည်ကို Handy Myanmar Youths ဟု အမည်ပေးထားသည်။


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]