မောင်ငြိမ်းချမ်း

ဝီကီပီးဒီးယား မှ
မောင်ငြိမ်းချမ်း
မွေးဖွားညွန့်တင်
၁၅ ဇွန် ၁၉၄၈
တောင်ငူမြို့ပဲခူးတိုင်းမြန်မာနိုင်ငံ
ကွယ်လွန်ဇွန် ၂၉၊ ၂၀၁၀(29-06-2010) (အသက် ၁၄)
မြောက်ဥက္ကလာပမြို့နယ်ရန်ကုန်မြို့
သေဆုံးရခြင်း အကြောင်းရင်းနှလုံးရောဂါ
မိခင်ကျောင်းအနုပညာအထက်တန်းကျောင်း
အိမ်ထောင်ဖက်(များ)ဒေါ်သိန်းသိန်းထွန်း
သားသမီးသား ၁ ဦး၊ သမီး ၁ ဦး
မိဘ(များ)ဦးမောင်ပု
ဒေါ်မြရင်

မောင်ငြိမ်းချမ်း (၁၅ ဇွန် ၁၉၄၈–၂၉ ဇွန် ၂၀၁၀) သည် မြန်မာရုပ်ပြကာတွန်းဆရာတစ်ဦး ဖြစ်ပြီး စိုင်းဗေဒါ ကာတွန်းဇာတ်ကောင်ဖြင့် လူသိများသည်။[၁] ရုပ်ပြကာတွန်းဆရာသက်တမ်းတလျောက် ရုပ်ပြစာအုပ် ၂၂၀ ကျော် ရေးသားခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။[၁]

မောင်ငြိမ်းချမ်းကို တောင်ငူမြို့တွင် ဦးမောင်ပုနှင့် ဒေါ်မြရင်တို့မှ မွေးဖွားခဲ့ပြီး ငယ်အမည်မှာ ညွန့်တင် ဖြစ်သည်။[၁] အနုပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး မန္တလေး ဟံသာဝတီ သတင်းစာတွင် အလုပ်စတင် လုပ်ကိုင်ခဲ့သည်။[၁] ရတနာ ရေအိုင် အမည်ရှိ ပထမဆုံး ရုပ်ပြကာတွန်းစာအုပ်တွင် "မောင်ငြိမ်းချမ်း" အမည်ကို စတင်ခံယူခဲ့သည်။[၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ အသက် (၆၂) နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၂][၁]

မှတ်စုများ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Thae Thae Htwe 2010.
  2. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)

ကိုးကား[ပြင်ဆင်ရန်]