မေဝင်းမြင့်
မေဝင်းမြင့် ပြည်သူ့လွှတ်တော်အမတ် | |
---|---|
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မရမ်းကုန်းမြို့နယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂ မေ ၂၀၁၂ | |
ယခင်လူ | ဦးပွင့်ဆန်း |
အနိုင်ရမဲ အရေအတွက် | 60,216 (77.5%) |
ပြည်သူ့လွှတ်တော် (၁၉၉၀) ရွေးကောက်ခံ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | အခြေခံဥပဒေ ဖျက်သိမ်း |
မဲဆန္ဒနယ် | မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) |
အနိုင်ရမဲ အရေအတွက် | 28,513 (74%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မော်လမြိုင် | ၈ မတ်၊ ၁၉၅၀
လူမျိုး | Burmese |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
သားသမီး | အောင်ဖုန်းမြင့် သူဇာမြင့် |
မိဘ | သောင်းညွန့် (အဖေ) စံသွင် (အမေ) |
မိခင်ကျောင်း | ဆေးတက္ကသိုလ် (၁) ရန်ကုန် |
အလုပ်အကိုင် | နိုင်ငံရေးသမား ဆရာဝန် |
ဒေါက်တာ မေဝင်းမြင့် သည် မြန်မာ့နိုင်ငံရေးသမား၊ ဆရာဝန်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည်။ လက်ရှိတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဖြစ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် လုပ်ဆောင်သည်။ [၁]
ကိုယ်ရေးအကျဉ်း
[ပြင်ဆင်ရန်]မေဝင်းမြင့်ကို ဦးသောင်းညွန့်၊ ဒေါ်စံသွင်တို့က ၁၉၅၀ ပြည့်၊ မတ်လ ၈ ရက်တွင် မော်လမြိုင်၌ မွေးသည်။
၁၉၇၆ ခုတွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ ဆေးပညာဖြင့် ဘွဲ့ရပြီး ၁၉၇၈-၁၉၈၁ ကာလတွင် မြောက်ဥက္ကလာပနှင့် ကျောက်တံတား သမဝါယမဆေးခန်းများတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၃-၁၉၈၈ အတွင်း မသန်စွမ်းဆေးရုံတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း လုပ်ပြီး ၈၈၈၈ အရေးအခင်း ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်သည်။ [၁]
မရမ်းကုန်း မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ပြိုင်ရာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၈ ၅၁၃ (မဲ ၇၄%) ဖြင့် နိုင်သည်။ သို့သော် နာမည်သာကျန်၍ အလုပ်မရ။ [၁] မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖြစ် လုပ်စဉ် အခြား အမတ်ရွေးခံရသူများနှင့်အတူ အမျိုးသားညီလာခံကို ၁၉၉၅ ခု၊ ဒီဇင်ဘာလတွင် သပိတ်မှောက်သည်။
၁၉၉၇ ခု၊ အောက်တိုဘာလ ၂၈ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ နေအိမ်အကျယ်ချုပ်ကျသော အောင်ဆန်းစုကြည်နှင့် တွေ့ရန် ကြိုးစားပြီးနောက် ၁၉၅၀ အရေးပေါ်အက်ဥပဒေအရ ၂၀၀၇ ခု၊ နိုဝင်ဘာလ ၂၆ ရက်တွင် အဖမ်းခံရသည်။ အင်းစိန်ထောင်တွင် ၇ နှစ်ကျပြီး တစ်နှစ်သက်တမ်းတိုးသေးသည်။ [၂] ၂၀၀၈ ခု၊ စက်တင်ဘာလ ၂၈ ရက်တွင် ပြန်လွတ်သည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် သူသည် မရမ်းကုန်းမဲဆန္ဒနယ်ကို ဝင်ပြိုင်ပြီးပြည်သူ့လွှတ်တော်အတွက် အနိုင်ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရမ်းကုန်းမြို့နယ်အတွက် ထပ်အရွေးခံရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ "Brief biographies of the some NLD CEC members"၊ Mizzima၊ 26 May 2010။ 2 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 28 April 2012။ ကိုးကား အမှား - Invalid
<ref>
tag; name "mizzima" defined multiple times with different content - ↑ "May Win Myint"၊ Alternative Asean Network on Burma။ 2 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 8 August 2008။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ မေဝင်းမြင့်